Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 25, 2014

ညောင်ကန်ခေတ် ယဉ်ကျေးမှုနယ်မြေအတွင်း အရိုးစုများ ထပ်မံတွေ့ရှိ

မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာအုပ်စုရှိ ကုလားပဲစိုက်ယာခင်းအတွင်း ကြေးခေတ်ယဉ်ကျေးမှုနယ်မြေသစ် အရိုးစုများ ထပ်မံတွေ့ရှိခဲ့သဖြင့် ရှေးဟောင်းသုတေသနဦးစီးဌာနက တူးဖော်ရေးလုပ်ငန်းများကို ယခုနှစ် ဇန်န၀ါရီမှ စတင်၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

““အရင် ညောင်ကန်ကြေးခေတ်ယဉ်ကျေးမှုနယ်မြေ အရိုးစုတွေကို အုတ်အိုင်ကျေးရွာရဲ့ မြောက်ဘက်မှာ တွေ့ရှိခဲ့တယ်။ အခု နောက်ထပ်တူးဖော်တွေ့ရှိတာက အုတ်အိုင်ကျေးရွာရဲ့ အရှေ့တောင်ဘက် အုတ်အိုင်-တွင်း တောင်လမ်းဘေးမှာရှိတဲ့ ကုလားပဲစိုက်ခင်းထဲမှာ တူးဖော်နေတာပါ””ဟု ဘုတလင်မြို့နယ်၊ အုတ်အိုင်ကျေးရွာဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

အုတ်အိုင်ကျေးရွာအနီး ကြေးခေတ်ယဉ်ကျေးမှုနယ်မြေသစ် တူးဖော်ဆောင်ရွက်လျက်ရှိသည့် ရှေးဟောင်းသုတေသနဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးအား မေးမြန်းခဲ့ရာ ““လတ်တလော တူးဖော်နေဆဲကာလဖြစ်တဲ့အတွက် သတင်းထုတ်ပြန်ပေးလို့မရသေးပါဘူး။ လုပ်ငန်းသိမ်းချိန်ကာလမှာ သတင်းအတိအကျ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်””ဟု ပြောကြားခဲ့သည်။

ကြေးခေတ်ယဉ်ကျေးမှုနယ်မြေသစ်ကို အုတ်အိုင်ကျေးရွာတွင် နေထိုင်သော တောင်သူကြီး ဦးဘတင်၏ ကုလားပဲစိုက်သော ယာခင်းအတွင်းမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သုတေသနပြု တူးဖော်ရေးလုပ်ငန်းများကို တစ်လနီးပါးကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ညောင်ကန်ကြေးခေတ် ယဉ်ကျေးမှုနယ်မြေတည်ရှိရာဒေသသည် ဘုတလင်မြို့၏ အနောက်ဘက် ငါးမိုင်လေးဖာလုံခန့်အကွာတွင် တည်ရှိပြီး ညောင်ကန်ကျေးရွာအုပ်စု၏အကျယ်အ၀န်းမှာ ၇၆၂၂ ဧက ရှိကာ အဆိုပါဒေသခံတောင်သူများ လယ်ယာလုပ်ငန်း ထွန်ယက်စိုက်ပျိုးချိန်တွင် လူအရိုးများ မကြာခဏတွေ့ရှိခဲ့ရကြောင်း ဒေသခံတောင်သူများက ဆိုသည်။ ယခင်က ထိုဒေသတွင် တိုင်းရင်းသားမျိုးနွယ်စုများ နေထိုင်ခဲ့ပြီး ရှေးဟောင်းကျေးရွာဟောင်းကြီးတစ်ခုဖြစ်ကြောင်း ညောင်ကန်ကျေးရွာဒေသခံများ ခန့်မှန်းပြောကြားချက်အရ သိရှိရသည်။


Author:  မျိုးမင်းဦး

7day Daily


ညောင်ကန်ကြေးခေတ် ယဉ်ကျေးမှုဒေသ၀န်းကျင်ကို တွေ့ရစဉ် ဓာတ်ပုံ - စိုးမိုးအောင် / 7day Daily

No comments:

Post a Comment