Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 30, 2014

လားရှိုးမြို့ နယ် တရားရုံးတွင် အမှုမှလွတ်မြောက်လာသူအား တရားလိုဘက်မှ အဓမ္မခေါ်ဆောင်မှုဖြစ်ပွား


ဇန်န၀ါရီလ (၂၇) ရက်နေ့ ၊ ညနေ ၄နာရီခွဲအချိန်တွင် လားရှိုးမြို့ ၊ မြို့ နယ်တရားရုံးမှ တရားသေ လွတ်ပေးလိုက်သူ တစ်ဦးကို တရားလိုဘက်မှ ပြည်သူ့ စစ်ယူနီဖောင်းများ ၀တ်ဆင်ထားသူများက တရားရုံး၊ ရုံးထုတ်အချုပ်ခန်း ရှေ့ မှ အဓမ္မဆွဲခေါ်ကာ အသင့်စောင့်ဆိုင်းနေသော ယာဉ်ပေါ်တက်စေပြီး ခေါ်ဆောင်သွားခဲ့ရာ ယနေ့ အချိန်အထိ ခေါ်သွားခံရသူနှင့် အဆက်အသွယ်မရရှိ သေးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ ကွတ်ခိုင်ဒေသအခြေစိုက်၊ ကောင်းခါးပြည်သူ့ စစ်အဖွဲ့ ၏ စီးပွားရေးတာဝန်ခံဆိုသူ ဦးအောင် မြင့်သည် ၄င်း၏ အရပ်သားအလုပ်သမား မောင်မျိုးသက်ပိုင်(ခ) အားစီ (၃၅) နှစ်အား ယုံကြည်အပ်နှံဖောက်ဖျက်မှုဖြင့် လားရှိုးမြို့  နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာ နယ်မြေရဲစခန်းကလည်း ၂၀၁၃ခုနှစ် စက်တင်ဘာလ (၁) ရက် နေ့ တွင် (ပ)၁၂၈/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၈ ဖြင့် အမှုဖွင့်လှစ် အရေးယူခဲ့ကြောင်း သိရသည်။

ထိုအမှုကို လားရှိုးမြို့ နယ်တရားရုံးက ပြစ်မှုကြီးအမှတ် ၆၅/၂၀၁၄ လက်ခံကြားနာစစ်ဆေးခဲ့သည်။ သို့ သော် တရားလို ဦးအောင်မြင့် က ဇန်န၀ါရီလ (၆) ရက်နေ့ တွင် မိမိစွဲဆိုထားသော အမှုကို ကျေအေးရုပ်သိမ်းလွှာ တင်ခဲ့သဖြင့် တရားရုံး ကလည်း မောင်မျိုးသက်ပိုင်အား ဇန်န၀ါရီ (၂၇) ရက်နေ့  ညနေ ၄နာရီခန့် တွင် အမှုမှ လွတ်ဝရမ်းဖြင့် လွတ်ပေးခဲ့ ကြောင်း သိရသည်။
မောင်မျိုးသက်ပိုင်လည်း တရားရုံးမှ လွတ်ပေးလိုက်သည်မို့  တရားရုံးရှိ ယာယီအချုပ်ခန်းမှ ပြန်ထွက်လာစဉ် ကောင်းခါး ပြည်သူ့ စစ်မှ အဓမ္မဆွဲငင်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မောင်မျိုးသက်ပိုင်၏ ရှေ့ နေက ပြောပြ၍ သိရသည်။

မိမိအမျိုးသား ပြန်လည်လွတ်မြောက်မည့်နေ့  ဖြစ်သည့်အတွက် တရားရုံးသို့ ကြိုတင်ရောက်ရှိနေသော မောင်မျိုးသက် ပိုင် ၏ ဇနီး ရန်ကျူလျန်ကလည်း ဦးအောင်မြင့်တို့ အဖွဲ့  ရောက်ရှိနေသည်ကို မြင်တွေ့ ခဲ့လေရာ ကြောက်ရွံ့ ၍ ပုန်း အောင်းနေခဲ့ကြောင်း၊ မိမိအမျိုးသားအား အဓမ္မဆွဲခေါ်သွားသည့်အတွက် မြို့ မရဲစခန်းသို့  ချက်ခြင်းသွားရောက် တိုင် တန်းခဲ့ကြောင်း ပြောပြသည်။

လားရှိုးမြို့ မရဲစခန်းသို့  မြို့ နယ်ရဲတပ်ဖွဲ့ မှူး ကိုယ်တိုင်ရောက်ရှိလာပြီး မရန်ကျူလျန်မှ တိုင်ချက်ဖွင့်လှစ်ထားခြင်းကို ကြည့်ရှုကာ ရဲတပ်ဖွဲ့ ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အချိန်မဆိုင်းပဲ လိုအပ်သည်များကို စတင်ဆောင်ရွက်ခဲ့ကာ ဇန်န၀ါရီလ ၂၈ ရက် နံနက် ၇နာရီခွဲတွင် မရန်ကျူလန် တိုင်ကြားထားသော အမှုကို (ပ) ၂၈/၁၄ ပုဒ်မ ၃၆၅ (အဓမ္မ ခေါ် ဆောင်မှု) ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

ဤနေ့ တွင်ပင် မွန်းလွဲပိုင်း ၁နာရီခန့် တွင် မရန်ကျူလန်က သူမ၏ ရှေ့ နေ၊ မိတ်ဆွေများနှင့်အတူ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးထံ သွားရောက်တွေ့ ဆုံ သတင်းပို့ တိုင်ကြားခဲ့ရာ အဆိုပါ တာဝန်ရှိသူကလည်း ယခု ဖြစ်ပျက်သွားသောကိစ္စမျိုးအား လုံးဝခွင့်မပြုနိုင်ကြောင်း၊ ပြည်သူ့ စစ်အဖွဲ့ များအားလုံးကို လက် နက်ကိုင်ဆောင်ခွင့်၊ သွားလာလှုပ်ရှားခွင့်ဆိုင်ရာ ညွှန်ကြားချက်များထုတ်ပြန် ကြတ်မတ်စေပြီးဖြစ်ကြောင်း၊ ပြည်သူ့ စစ် ဖြစ်စေ၊ အရပ်သားဖြစ်စေ၊ တရားရုံးဖြစ်စေ၊ တရားရုံးပြင်ပဖြစ်စေ၊ မြို့ ပေါ်ဖြစ်စေ၊ တောတွင်းတွင်ဖြစ်စေ တစ်စုံတစ်ဦး ကို ယခုကဲ့သို့  အဓမ္မခေါ်ဆောင်သွားခွင့်မရှိကြောင်း ပြောပြခဲ့ပြီး ကောင်းခါးပြည်သူ့ စစ်မှ တာဝန်ရှိသူများကို ချက်ခြင်း လိုပင် ဖုန်းဖြင့်ဆက်သွယ်ကာ မောင်မျိုးသက်ပိုင်အား ပြန်လည်ပို့ ဆောင်အပ်နှံရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

သို့ သော် ယနေ့  ဇန်န၀ါရီလ ၂၉ ရက်နေ့ အထိ မောင်မျိုးသက်ပိုင်နှင့် အဆက်အသွယ် ပြန်လည်မရရှိသေးသော ကြောင့် မရန်ကျူလန် နှင့်အတူ လားရှိုးမြို့ နေ ပြည်သူလူထုက အစိုးရအာဏာပိုင်အဖွဲ့ အစည်းများနှင့် ကောင်းခါး ပြည်သူ့ စစ်တို့ က ဥပဒေနှင့်ဆန့် ကျင်သောလုပ်ရပ်မျိုးကို ကျူးလွန်ခဲ့သူများအား အရေးယူအပြစ်ပေးနိုင်ပါရန် ဆန္ဒ ရှိနေကြောင်း သိရသည်။

Lashio News Diary

(ဓါတ်ပုံ - နို့ စို့ အရွယ်ကလေး နှင့် နောက်ထပ် လူမမည်အရွယ် ကလေးငယ် (၂) ဦး၏ မိခင် မရန်ကျူလျန်အား မြို့ မရဲစခန်းတွင် တွေ့ ရစဉ်)



No comments:

Post a Comment