Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 11, 2014

စက်ရုံ ရုတ်တရက် ပိတ်သိမ်းမှုကြောင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၉ ဦး အလုပ်လက်မဲ့ဖြစ်


Saturday, January 11, 2014

ထိုင်း-မြန်မာ နယ်စပ်ရှိ ၀မ်းဒါးဖူး (ဟန်ထိုင်း)အထည်ချုပ် စက်ရုံကို ဇန်န၀ါ ရီ ၈ ရက်က ရုတ်တရက် ပိတ်သိမ်းမည်ဟု ကြေညာလိုက်သောကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၉ ဦး အလုပ်လက်မဲ့ ဖြစ်သွားပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း သတင်းရရှိသည်။

စက်ရုံပိတ်သိမ်းရခြင်းနှင့် ပတ်သက်ပြီး ၀မ်းဒါးဖူးစက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုနန်းဦးက “မနေ့ကပဲ ရုတ်တရက် အကြောင်းကြားပြီး ဒီနေ့ပဲ စက်ရုံထဲက ထွက်ရမယ်လို့ မန်နေဂျာက လာပြောတယ်။ အခုလို ရုတ်တရက် လုပ်လိုက်တော့ အားလုံးအခက်တွေ့ ကုန်တာပေါ့။ ထိုင်းရဲ့ အလုပ်ရှင် ဥပဒေထဲမှာ ဒါမျိုးလုပ်လို့ မရဘူး။ ပိတ်မယ်ဆိုရင် ရက်ပေါင်း ၆၀ ကြိုတင် အကြောင်းကြားရမယ်။ ဒါဟာ ဥပဒေကို အလုပ်ရှင်က မလိုက်နာတာ ဖြစ်တယ်” ဟု The Daily Eleven သတင်းစာ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

ဟန်ထိုင်းစက်ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားများ ၂၀၁၃ ခုနှစ် ကတည်းက စတင်ပြဿနာများ ဖြစ်ပွားခဲ့ပြီး အလုပ်ရှင်ဘက်မှ အလုပ်သမားတို့အား အလုပ်ထုတ်ခဲ့ခြင်းများ ရှိကြောင်းကိုလည်း ထိုစက်ရုံတွင် အလုပ်လုပ်နေသည့် အလုပ်သမ တစ်ဦးဖြစ်သည့် မသော်တာက “၂၀၁၃ နိုဝင်ဘာလ ကတည်းက ပြဿနာ စဖြစ်နေတာပါ။ အဲဒီတုန်းက အလုပ်သမား ၃၅၀ ကျော်ရှိတယ်။ တတိတိနဲ့ ဖြုတ်လာလိုက်တာ အခု ၂၀၉ ဦးပဲ ကျန်တော့တယ်။ အခုဖြစ်နေတာကလည်း ဥပဒေပါအတိုင်း နေ့စားခ တစ်ရက်ကို ဘတ် ၃၀၀ တောင်းတာ မဟုတ်ဘူး။ နေ့စားခဘတ် ၂၁၀ နဲ့ အချိန်ပိုကြေး တစ်နာရီ ၂၈ ဘတ်နဲ့ သဘောတူပြီးတော့မှ လစဉ်ဖြတ်တောက်ကြေး ဘတ် ၁၇၀၀ မဖြတ်ပါနဲ့လို့ ပြောတာကို အလုပ်ရှင်က လက်မခံဘူး။ ဒါနဲ့ အချေအတင် ဖြစ်နေတုန်းမှာပဲ အလုပ်ရှင်က စက်ရုံပိတ်တော့မယ်လို့ ရုတ်တရက် ကြေညာလိုက်တာ ဖြစ်တယ်” ဟု ဖြစ်ပေါ်ခဲ့သည် အခြေအနေနှင့် ပတ်သက်ပြီး ပြောကြားသည်။ မသော်တာက ဆက်လက်ပြီး စက်ရုံကို ရုတ်တရက် ပိတ်သိမ်းလိုက်သောကြောင့် နစ်နာသွားခဲ့သည့် အလုပ်သမား ၂၀၉ ဦးအတွက် ပုံမှန်လုပ်အားခကို ဇန်န၀ါရီ ၁၃ ရက်တွင် ရှင်းပေးမှာဖြစ်ပြီး နစ်နာကြေး ရရှိစေရန်အတွက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) နှင့် ထိုင်းရှေ့နေရုံး (LLC) က ကြိုးပမ်းပေးနေကြောင်းနှင့် နစ်နာကြေးအဖြစ် (၁) လုပ်သက်အလိုက် နစ်နာကြေး၊ (၂) နှစ်လကြိုတင် အကြောင်းမကြားဘဲ ရုတ်တရက် ပိတ်သိမ်းလိုက်သဖြင့် နစ်နာသွားသည့် အတွက်ဟူ၍ နှစ်မျိုးတောင်းမှာ ဖြစ်ကြောင်းကိုလည်း ပြောကြားသည်။

ယခုပြဿနာ ဖြစ်ပေါ်နေသည့် ၀မ်းဒါးဖူး(ဟန်ထိုင်း) စက်ရုံသည် မဲဆောက်မြို့၊ အမှတ်(၇) ရပ်ကွက်တွင် တည်ရှိပြီး ၂၀၀၇ တွင် တစ်ကြိမ်၊ ၂၀၀၈ ခုနှစ်တွင် တစ်ကြိမ် အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကာ ထိုစဉ်က အလုပ်သမားများအား ထိုင်းဥပဒေပါ သတ်မှတ်နေ့စားခနှင့် သတ်မှတ်အချိန်ပို ကြေးများထက် လျော့နည်း ခံစားစေခဲ့သည့်အပြင် လစဉ်အကြောင်း အမျိုးမျိုးပြကာ ဖြတ်တောက်သည့် ငွေပမာဏမှာ များပြားလွန်းသော ကြောင့်လည်း မကြာခဏ ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်ပေါ်ခဲ့သည်။

မြန်မာရွေ့ပြောင်း အလုပ်သမားများနေနှင့် မိမိ၏ နစ်နာမှုများအား ဆန္ဒထုတ်ဖော်ခွင့် မပြုသည့် အပေါ်တွင် အလုပ်ရှင်များက အခွင့်ကောင်းယူကာ ခေါင်းပုံဖြတ်မှုများ ဖြစ်ပွာေးသာကြောင့် မကြာခဏ ဖြေရှင်းရသည်ဟုလည်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့တစ်ခုဖြစ်သည့် JACBA မှ ဦးမိုးကြိုးက ပြောကြားသည်။

ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်အတွင်း တရားဝင်စက်ရုံ၊ အလုပ်ရုံပေါင်း ၂၈၀ ခန့်ရှိပြီး တရားမ၀င် ဖွင့်လှစ်ထားသည့် စက်ရုံပေါင်း ၁၆၀၀ ခန့် ရှိသည်ဟုလည်း သိရသည်။ မဲဆောက်မြို့ ပတ်ဝန်းကျင်တွင် တရားဝင် စက်ရုံပေါင်း ၂၀၀ ခန့်ရှိကာ တရားမ၀င် စက်ရုံပေါင်း ၁၀၀၀ ခန့် ရှိကြောင်းလည်း သိရပြီး တာခ့်ခရိုင်အတွင်း မြန်မာအလုပ်သမား လေးသိန်းခန့်ရှိပြီး၊ မဲဆောက်မြို့ ပတ်ဝန်းကျင်တွင် မြန်မာအလုပ်သမား နှစ်သိန်းခန့် ရှိသည်ဟုလည်း သိရသည်။

(မဲဆောက်မြို့ အမှတ်(၇) ရပ်ကွက်ရှိ ဟန်ထိုင်း အထည်ချုပ် စက်ရုံအား တွေ့ရစဉ် )

Eleven Media Group
Photo: စက်ရုံ ရုတ်တရက် ပိတ်သိမ်းမှုကြောင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၉ ဦး အလုပ်လက်မဲ့ဖြစ် Saturday, January 11, 2014 ထိုင်း-မြန်မာ နယ်စပ်ရှိ ၀မ်းဒါးဖူး (ဟန်ထိုင်း)အထည်ချုပ် စက်ရုံကို ဇန်န၀ါ ရီ ၈ ရက်က ရုတ်တရက် ပိတ်သိမ်းမည်ဟု ကြေညာလိုက်သောကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၉ ဦး အလုပ်လက်မဲ့ ဖြစ်သွားပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း သတင်းရရှိသည်။ စက်ရုံပိတ်သိမ်းရခြင်းနှင့် ပတ်သက်ပြီး ၀မ်းဒါးဖူးစက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုနန်းဦးက “မနေ့ကပဲ ရုတ်တရက် အကြောင်းကြားပြီး ဒီနေ့ပဲ စက်ရုံထဲက ထွက်ရမယ်လို့ မန်နေဂျာက လာပြောတယ်။ အခုလို ရုတ်တရက် လုပ်လိုက်တော့ အားလုံးအခက်တွေ့ ကုန်တာပေါ့။ ထိုင်းရဲ့ အလုပ်ရှင် ဥပဒေထဲမှာ ဒါမျိုးလုပ်လို့ မရဘူး။ ပိတ်မယ်ဆိုရင် ရက်ပေါင်း ၆၀ ကြိုတင် အကြောင်းကြားရမယ်။ ဒါဟာ ဥပဒေကို အလုပ်ရှင်က မလိုက်နာတာ ဖြစ်တယ်” ဟု The Daily Eleven သတင်းစာ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။ ဟန်ထိုင်းစက်ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားများ ၂၀၁၃ ခုနှစ် ကတည်းက စတင်ပြဿနာများ ဖြစ်ပွားခဲ့ပြီး အလုပ်ရှင်ဘက်မှ အလုပ်သမားတို့အား အလုပ်ထုတ်ခဲ့ခြင်းများ ရှိကြောင်းကိုလည်း ထိုစက်ရုံတွင် အလုပ်လုပ်နေသည့် အလုပ်သမ တစ်ဦးဖြစ်သည့် မသော်တာက “၂၀၁၃ နိုဝင်ဘာလ ကတည်းက ပြဿနာ စဖြစ်နေတာပါ။ အဲဒီတုန်းက အလုပ်သမား ၃၅၀ ကျော်ရှိတယ်။ တတိတိနဲ့ ဖြုတ်လာလိုက်တာ အခု ၂၀၉ ဦးပဲ ကျန်တော့တယ်။ အခုဖြစ်နေတာကလည်း ဥပဒေပါအတိုင်း နေ့စားခ တစ်ရက်ကို ဘတ် ၃၀၀ တောင်းတာ မဟုတ်ဘူး။ နေ့စားခဘတ် ၂၁၀ နဲ့ အချိန်ပိုကြေး တစ်နာရီ ၂၈ ဘတ်နဲ့ သဘောတူပြီးတော့မှ လစဉ်ဖြတ်တောက်ကြေး ဘတ် ၁၇၀၀ မဖြတ်ပါနဲ့လို့ ပြောတာကို အလုပ်ရှင်က လက်မခံဘူး။ ဒါနဲ့ အချေအတင် ဖြစ်နေတုန်းမှာပဲ အလုပ်ရှင်က စက်ရုံပိတ်တော့မယ်လို့ ရုတ်တရက် ကြေညာလိုက်တာ ဖြစ်တယ်” ဟု ဖြစ်ပေါ်ခဲ့သည် အခြေအနေနှင့် ပတ်သက်ပြီး ပြောကြားသည်။ မသော်တာက ဆက်လက်ပြီး စက်ရုံကို ရုတ်တရက် ပိတ်သိမ်းလိုက်သောကြောင့် နစ်နာသွားခဲ့သည့် အလုပ်သမား ၂၀၉ ဦးအတွက် ပုံမှန်လုပ်အားခကို ဇန်န၀ါရီ ၁၃ ရက်တွင် ရှင်းပေးမှာဖြစ်ပြီး နစ်နာကြေး ရရှိစေရန်အတွက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) နှင့် ထိုင်းရှေ့နေရုံး (LLC) က ကြိုးပမ်းပေးနေကြောင်းနှင့် နစ်နာကြေးအဖြစ် (၁) လုပ်သက်အလိုက် နစ်နာကြေး၊ (၂) နှစ်လကြိုတင် အကြောင်းမကြားဘဲ ရုတ်တရက် ပိတ်သိမ်းလိုက်သဖြင့် နစ်နာသွားသည့် အတွက်ဟူ၍ နှစ်မျိုးတောင်းမှာ ဖြစ်ကြောင်းကိုလည်း ပြောကြားသည်။ ယခုပြဿနာ ဖြစ်ပေါ်နေသည့် ၀မ်းဒါးဖူး(ဟန်ထိုင်း) စက်ရုံသည် မဲဆောက်မြို့၊ အမှတ်(၇) ရပ်ကွက်တွင် တည်ရှိပြီး ၂၀၀၇ တွင် တစ်ကြိမ်၊ ၂၀၀၈ ခုနှစ်တွင် တစ်ကြိမ် အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကာ ထိုစဉ်က အလုပ်သမားများအား ထိုင်းဥပဒေပါ သတ်မှတ်နေ့စားခနှင့် သတ်မှတ်အချိန်ပို ကြေးများထက် လျော့နည်း ခံစားစေခဲ့သည့်အပြင် လစဉ်အကြောင်း အမျိုးမျိုးပြကာ ဖြတ်တောက်သည့် ငွေပမာဏမှာ များပြားလွန်းသော ကြောင့်လည်း မကြာခဏ ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်ပေါ်ခဲ့သည်။ မြန်မာရွေ့ပြောင်း အလုပ်သမားများနေနှင့် မိမိ၏ နစ်နာမှုများအား ဆန္ဒထုတ်ဖော်ခွင့် မပြုသည့် အပေါ်တွင် အလုပ်ရှင်များက အခွင့်ကောင်းယူကာ ခေါင်းပုံဖြတ်မှုများ ဖြစ်ပွာေးသာကြောင့် မကြာခဏ ဖြေရှင်းရသည်ဟုလည်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့တစ်ခုဖြစ်သည့် JACBA မှ ဦးမိုးကြိုးက ပြောကြားသည်။ ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်အတွင်း တရားဝင်စက်ရုံ၊ အလုပ်ရုံပေါင်း ၂၈၀ ခန့်ရှိပြီး တရားမ၀င် ဖွင့်လှစ်ထားသည့် စက်ရုံပေါင်း ၁၆၀၀ ခန့် ရှိသည်ဟုလည်း သိရသည်။ မဲဆောက်မြို့ ပတ်ဝန်းကျင်တွင် တရားဝင် စက်ရုံပေါင်း ၂၀၀ ခန့်ရှိကာ တရားမ၀င် စက်ရုံပေါင်း ၁၀၀၀ ခန့် ရှိကြောင်းလည်း သိရပြီး တာခ့်ခရိုင်အတွင်း မြန်မာအလုပ်သမား လေးသိန်းခန့်ရှိပြီး၊ မဲဆောက်မြို့ ပတ်ဝန်းကျင်တွင် မြန်မာအလုပ်သမား နှစ်သိန်းခန့် ရှိသည်ဟုလည်း သိရသည်။ (မဲဆောက်မြို့ အမှတ်(၇) ရပ်ကွက်ရှိ ဟန်ထိုင်း အထည်ချုပ် စက်ရုံအား တွေ့ရစဉ် ) Eleven Media Group

No comments:

Post a Comment