Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 30, 2014

ဘင်္ဂလားဒေ့ရှ် အစ္စလာမစ် ပါတီ ဥက္ကဋ္ဌ သေဒဏ်ကျ


30-1-2014 (BBC)

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အကြီးဆုံး အစ္စလာမစ် ပါတီဖြစ်တဲ့ Jamaat-e-Islami ပါတီ ဥက္ကဋ္ဌကို လက်နက် မှောင်ခိုမှုနဲ့ သေဒဏ် ချမှတ်လိုက်ပါတယ်။

ပါတီ ဥက္ကဋ္ဌ ဖြစ်သူ မော်ရှာ ရာမန် နီဇာမီ (Motiur Rahman Nizami) နဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်နယ် ဝန်ကြီးဟောင်း တစ်ယောက် အပါအဝင် တခြား အမျိုးသား ၁၃ ယောက်ကို ၂၀၀၄ ခုနှစ်က အိန္ဒိယ နိုင်ငံ အာသံ ပြည်နယ်က ခွဲထွက်ရေး သူပုန်တွေဆီ လက်နက် ၄ ထောင်ကျော် မှောင်ခို ရောင်းချ ခဲ့မှုနဲ့ သေဒဏ်ချမှတ်ခဲ့တာပါ။

မစ္စတာ နီဇာမီကတော့ သူ့ကို ချတဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး အယူခံ ဝင်မယ်လို့ ပြောပါတယ်။

သူဟာ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး စစ်ပွဲအတွင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက်လည်း တရားရုံး ဆုံးဖြတ်ချက်ကို စောင့်နေရသူ ဖြစ်ပါတယ်။





Bangladeshi court hands over death sentence to Jamaat-e-Islami chief, 13 others
 DHAKA: A Bangladeshi court on Thursday sentenced to death 14 political leaders including Matiur Rahman Nizami – chief of Jamaat-e-Islami, SAMAA reports.

The sentence was handed over in a arms smuggling case.

In April 2004, Bangladeshi authorities seized a large quantity of arms and ammunition in which 14 people were later charge sheeted.

All the convicts have the right to appeal. – SAMAA

No comments:

Post a Comment