Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 21, 2014

လူမျိုးခြားစိမ့်ဝင်မှုကို ကာကွယ်ရေးအဖွဲ့ ၂၃ ဖွဲ့ဖြင့် တားဆီးလျှက်ရှိ ဟုဆို

နေပြည်တော် ၊ ဇန်နဝါရီ ၂၀

တစ်ဖက်နိုင်ငံမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကို တားဆီးရန် နိုင်ငံခြားသား တရားမဝင် ဝင်ရောက်မှု ကာကွယ်ရေးအဖွဲ့ (မကဖ) ၂၃ ဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်နေ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

ဇန်နဝါရီ ၂၀ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနိန်းခင်းပေါင်၏ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်မှ မြန်မာနိုင်ငံသို့ လူမျိုးခြားများ စိမ့်ဝင်ခြင်းနှင့် မသမာသောနည်းဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်မှုများကို တားဆီးရန် အစီအစဉ်ရှိ မရှိ မေးခွန်း မေးမြန်းမှုကို ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

တရားမဝင် ဝင်ရောက်မှုကို ကာကွယ်ရန်အတွက် နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်မှု ကာကွယ်ရေးအဖွဲ့ (မကဖ) များကို မြန်မာနိုင်ငံ နယ်စပ်ဒေသများ ဖြစ်သော ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ချင်းပြည်နယ်များနှင့် တနင်္သာရီနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် တားဆီးနေကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရှိရသည်။

တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးအရေးယူခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်း များကို လုပ်ဆောင်လျက် ရှိကြောင်း ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ဆိုသည်။

နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက်မှုများ တိုးပွားနေပြီး နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်နေကြောင်း ဦးနိန်းခင်းပေါင်က ပြောကြားသည်။
“နယ်စပ်မှာ နေထိုင်ရတဲ့ တိုင်းရင်းသားတွေမှာ ကိုယ့်မြေပေါ်မှာ နေထိုင်ရပေမယ့် လုံခြုံမှုမရှိတဲ့ ဘဝတွေကို တွေ့ကြုံ ခံစား နေရပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

တရားမဝင် ဝင်ရောက်မှုကြောင့် ၂၀၁၁ ခုနှစ်တွင် အိန္ဒိယလူမျိုး ၁၃ဦး၊ ၂၀၁၂ ခုနှစ်တွင် ဘင်္ဂါလီလူမျိုး ရှစ်ဦးနှင့် ၂၀၁၃ ခုနှစ် တွင် ဘင်္ဂါလီလူမျိုး နှစ်ဦးတို့ကို ဖမ်းဆီး အရေးယူထားကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရှိရသည်။

No comments:

Post a Comment