Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 12, 2014

သမ္မတ အရည်အချင်းနှင့် ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် တန်းတူရည်တူ ယှဉ်ပြိုင်ချင်သည့် ဆန္ဒရှိဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးပြောကြား


Monday, January 13, 2014

နိုင်ငံတော်သမ္မတ အရည်အချင်းနှင့် ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ၅၉ (စ)ပါ အကြောင်းအရာများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်း၌ ဆွေးနွေးခဲ့ပြီး အခြေအနေ အချိန်အခါအရ ပြင်ဆင်ဆောင်ရွက်သင့်သည့် အချက်ထဲတွင် ထည့်ထားသော်လည်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် တန်းတူရည်တူ ယှဉ်ပြိုင်ချင်သည့် ဆန္ဒရှိသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ဇန်န၀ါရီ ၁၂ ရက်က ပြောကြားသည်။

ရန်ကုန်မြို့ ရန်းကင်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်တိုင်းဒေသကြီးရုံးတွင် ကျင်းပခဲ့သည့် ပါတီဝင်လူငယ်များ တွေ့ဆုံပွဲနှင့် တာဝန်ပေးအပ်ပွဲ အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဦးမောင်မောင်သိမ်းက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကိုယ်တို့ တစ်ဦးချင်းပြောရလို့ရှိရင် ကိုယ်တို့တွေက Fair Play ပေါ့။ Level Play Ground မှာ ကစားချင်တယ်။ ဒါတို့ရဲ့ပါတီဥက္ကဋ္ဌတို့ရဲ့ အခုဆိုရင် ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းကလည်း ဒီအတိုင်းပဲ ဆန္ဒရှိတယ်။ ဒါပေမဲ့ ဒါဟာအများနဲ့ ဆုံးဖြတ်ရတဲ့ အခါကျတော့ တစ်ချို့ဟာတွေတော့ ယတိပြတ် မပြတ်ဘူးပေါ့။ ဒါပေမဲ့ ငါ့တို့က သဘောထား တစ်ခုပဲ ပေးလို့ရတယ်။ လွှတ်တော်ကိုတင်ရဦးမယ် လွှတ်တော်မှာ ဆွေးနွေးရဦးမယ်။ လွှတ်တော်မှာ ဆွေးနွေးပြီးတော့မှ အားလုံးသဘောတူမှပဲရမယ် အဲဒီတော့ ဒါလိုပါသေးတယ်။ တို့ကတော့ Level Play နဲ့ပဲ တန်းတူရည်တူပဲ ကိုယ်တို့ရဲ့ လူကြီးကလည်း တန်းတူရည်တူပဲ ယှဉ်ပြိုင်ချင်ပါတယ်။ ဒါငါတို့ရဲ့ သဘောထားပါ။ တို့ရဲ့ သဘောထားဆိုတာ တစ်ဦးချင်းရဲ့ သဘောထားကို ပြောတာပါ” ဟု ၎င်းကပြောကြားသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ၏ အရည်အချင်းများနှင့် ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၅၉ (စ) တွင် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ (သို့မဟုတ်) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ စသည့်အချက်များ ပါဝင်သည်။

Eleven Media Group

No comments:

Post a Comment