CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 20, 2014
ဥက္ကဌရာထူးမှ အနားယူမည့်ကိစ္စ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ထံ ဦးအောင်မင်း စာရေး
21.1.2014
ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က RCSS/SSA ၏ အမြင့်ဆုံး ရာထူးမှ အနားယူတော့မည့် ကိစ္စနှင့် ပတ် သက်၍ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ‘ငြိမ်းချမ်းရေး ထာဝရ ရသည်အထိ ဆက်လက်အားဖြည့် ဆောင်ရွက်သွားရန်’ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ထံလိပ်မူသည့် စာတစောင် ပေးပို့ခြင်းဖြစ်သည်။
ဂျန္နဝါရီ ၁၇ ရက် နံနက်ပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ထံ ပေးစာတွင် ‘ငြိမ်းချမ်းရေးစတင်ဖေါ်ဆောင်စဉ်ကတည်းက ဦးယွက်စစ်နှင့်အတူ လက်တွဲဖေါ်ဆောင်လာ ခြင်း၊ ယုံကြည်မှုများတည်ဆောက်လာ ခဲ့ရခြင်းကြောင့် ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ ဆက်လက် ဆောင်ရွက် သွားပါရန်’ - ပါရှိသော စာတစောင်ပေးပို့ခဲ့သည်။
နီးစပ်သည့်ပုဂ္ဂိုလ်တဦးက ‘ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ဟာ သူ့ရဲ့ ကျေးဇူးရှင် ကြီးလို့ ဦးအောင်မင်း ကိုယ်တိုင် မကြာခဏပြောဖူးတယ်’ - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် သျှမ်းပြည်တပ်မတော် RCSS/SSA သည် ထိုင်းနယ်စပ် နေ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များအနက် ဦးအောင်မင်းနှင့် ပထမ ဦးဆုံး ငြိမ်းချမ်းရေး သဘောတူ လက်မှတ် ရေးထိုးသည့်တပ်ဖွဲ့ဖြစ်သည်။
ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်သည် MTA ခေါ် မုန်းတိုင်းတပ်မတော် ပြိုကွဲပြီးနောက်ပိုင်း သျှမ်းပြည် တပ်မတော် SSA အမည်ဖြင့် ပြန်လည် ဖွဲ့စည်းကာ ခေါင်းဆောင်ရာထူး ထမ်းရွက်လာသည်မှာ ၁၈ နှစ်တိုင်တိုင် ရှိပြီဖြစ်ပါသည်။ လက်ရှိတွင် RCSS/SSA သည် နေပြည်တော် အစိုးရ နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးထားသည့် တပ်ဖွဲ့ဖြစ်သည်။
သျှမ်းသံတော်ဆင့်
၂၀၁၂ ကျိုင်းတုံဆွေးနွေးပွဲတွင်တွေ့မြင်ရသော ဦးအောင်မင်းနှင့် ဒုဗိုလ်ချုပ်ကြီးယွက်စစ်
ဥက္ကဌရာထူးမှ အနားယူမည့်ကိစ္စ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ထံ ဦးအောင်မင်း စာရေး
Reviewed by VC
on
January 20, 2014
Rating: 5
Reviewed by VC
on
January 20, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment