မကြာသေးခင်ကမှ
အနုပညာအလုပ်တွေကို ရပ်နားပြီး အိမ်ထောင်ပြုလိုက်တဲ့ ခင်သဇင်ဟာ သူမရဲ့
ပီပြင်လွန်းလှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် စိုင်းစိုင်းရဲ့ MTV
သီချင်းတစ်ပုဒ်ထဲနဲ့ လူသိများ သွားခဲ့သလို အနုပညာနယ်ပယ်မှာ
နာမည်တစ်ခုနဲ့ကို ရပ်တည်ထားနိုင်သူပါ။ မိဘတွေ သဘောမတူတဲ့ အနုပညာအလုပ်ကို
အိမ်ထောင်မပြုခင်အထိ ကြိုးစားလုပ်ကိုင်ရင်း အိမ်ထောင်ပြုပြီးသွားတဲ့အခါ
ခင်ပွန်းဖြစ်သူ သဘောမတူတာကြောင့် ရပ်နားလိုက်ပြီလို့ အားလုံးကို
အသိပေးခဲ့တဲ့ သူမက ခု အချိန်တစ်ခုကြာလာတဲ့အခါ ခင်ပွန်းရဲ့ သဘောတူမှုကြောင့်
အနုပညာ အလုပ်တွေကို ပြန်လုပ်တော့မယ်လို့သိရတာကြောင့် မေးမြန်းကြည့်တဲ့အခါ
သူမက ‘ဇင်အခု အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ်။ ဘာကြောင့်လဲဆိုတော့
အိမ်ထောင်မပြုခင်ကတော့ အိမ်ထောင်ပြုပြီးသွားရင် မလုပ်တော့ဘူးလို့
သူနဲ့ညှိထားတာ။ ဒါပေမဲ့အခု လဲ ၇လလောက်ကြာ သွားပြီဆိုတော့ ကိုယ်လဲ
မစွန့်လွှတ်နိုင်တဲ့အလုပ်ဖြစ်တဲ့အတွက် ပြန်လုပ်ချင်တယ်။ သူကတော့
လုပ်တာကိုမကြိုက်ဘူး။ သ၀န်တိုတတ်တယ်။ အခုလဲစကားများပြီး ပြန်ညှိထားရတာ။
မနည်းပြောထားရတယ်။ ဒါတောင်သိပ်သဘောမတူချင်ဘူး။ ဒါပေမဲ့ခုတော
့ပြန်လုပ်ဖြစ်ပါပြီ’တဲ့။
အနုပညာအလုပ်အပြင် စီးပွားရေးပါ လုပ်ဖို့ရှိတဲ့ ခင်သဇင်က ‘ဇင်အခု ဆံပင်နဲ့ပတ်သတ်တာရယ်။ Bodyပိုင်းနဲ့ ပတ်သတ်တာရယ်ကို ဆိုင်ဖွင့်ဖို့ကြိုးစားနေတယ်။ စီစဉ်နေပါတယ်။ ခင်ပွန်းကတော့ ဆရာဝန်ပါ။ ဒါပေမဲ့ သူက ဆောက်လုပ်ရေးလုပ်ငန်းလဲလုပ်တယ်။ ဆရာဝန်အပြင် တခြား စီးပွားရေးလုပ်ငန်းတွေကိုလဲ တော်တော်များများ လုပ်ကိုင်ပါတယ်’လို့ ဖွင့်ဟသွားပါတယ်။
ရည်းစားဘ၀နဲ့ အိမ်ထောင်သည်ဘ၀ကွာခြားမှုကိုတော့ ‘ရည်းစားဘ၀ကတော့ ခေါင်းပေါ့ တာပေါနော့်။ သူနဲ့က ၆နှစ်လောက်ကြိုက်ပြီးမှ ယူခဲ့တာ။ ငယ်ရည်းစားတွေပေါ့။ ဒါပေမဲ့ အိမ်ထောင်တစ်ခု တည်ဆောက်လိုက်တဲ့အခါမှာ ညှိပြီးနေရတာပေါနော့်။ စကားတွေပြောရတယ်။ ပြီးတော့ အခု ဒီအလုပ်ပြန်လုပ်မယ်ဆိုတော့ သူကသဘောမတူဘူး။ အဲဒါကို မနည်းပြောပြီး ပြန်လုပ်ရမှာဆိုတော့ ဇင့်ကို အားပေးနေတဲ့ပရိသတ်ကြီး ဇင်တတ်နိုင်တဲ့ ဘက်ကနေ ပြန်လုပ်မယ်။ ပြန်အားပေးပါလို့ ပြောချင်ပါတယ်။ အခု ဇင်အနုပညာ အလုပ်တွေနဲ့ ကင်းကွာနေတာ ၇လလောက် ရှိသွားပြီ ဆိုတော့ ဇင့်ကို ပြန်သတိရပြီး အားပေးကြပါ’လို့ သူမက ပြောသွားပါတယ်။
http://www.trend.com.mm/2014/01/16/yollywood-1591

No comments:
Post a Comment