- 28 January 2014 |
- By ရိုးရာလေး
အမေရိကန်မှ ပြုလုပ်တဲ့ စစ်တမ်း တစ်ခုအရ ကမ္ဘာမှာ အဝလွန်သူ အရေအတွက် ပိုမို တိုးပွားလာကြောင်း သိရပါတယ်။ အထူးသဖြင့် အသက် ၄၀ ကျော်နောက်ပိုင်း ၆၀ ရာခိုင်နှုန်းဟာ အဝလွန်သည့် အနေအထားသို့ ကူးပြောင်းလာတယ်လို့ ဆိုပါတယ်။ အကြောင်း အရင်းများထဲမှ တစ်ခုကတော့ နည်းပညာ ပစ္စည်းများ အသုံးပြုမှု ဖြစ်ပါတယ်။ နေ့စဉ် ကွန်ပြူတာ အသုံးပြုမှု၊ ဖျော်ဖြေရေး တီဗီကြည့်ရှုမှု အချိန်အတိုင်းတာ ပိုများလာပြီး ကိုယ်လက်လေ့ကျင့်ခန်း ပြု လုပ်တဲ့ အချိန်တွေ ပိုနည်းလာပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် အဆီပိုများ ပိုတက်လာပြီး အဝလွန်လာခြင်း ဖြစ်ပါတယ်။
အဝလွန်တဲ့ အကျိုးဆက်အဖြစ် နှလုံးနှင့် ဆက်စပ်ရောဂါ၊ သွေးကြော ကျဉ်းရောဂါ တို့ကို ဖြစ်စေပြီး အခြားကျန်းမာရေး ဆိုးကျိုးများလည်း ဖြစ် လာ နိုင်ကြောင်း သိရပါတယ်။
--
Ref: medic-facsts
No comments:
Post a Comment