Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 28, 2014

မြေလျှိုး၊ မိုးပျံပြီး လွတ်မြောက်နေဆဲ ဆိုင်ကယ်စောရသူခိုးများ ကျုံပျော်တွင် သောင်းကျန်းနေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့တွင် လွန်ခဲ့သောနှစ်မှစ၍ ယနေ့တိုင် အောင် ဆိုင်ကယ်သူခိုးများ မင်းမူ သောင်းကျန်းနေကြောင်း၊ ၂၀၁၃ ခုနှစ်မှ ယခုသတင်းဖော်ပြသည် အထိ ဆိုင်ကယ်အစီးရေ ၃၀ ခန့် ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။

ဆိုင်ကယ်သူခိုးများမှာအုပ်စု ဖွဲ့၊ အစီအစဉ်ရှိရှိဖြင့် ခိုးယူနေခြင်း ဖြစ်ပြီး ၀င်းခြံတံခါးများ၊ သော့ များကို ဖျက်ဆီးဝင်ရောက်ခြင်း၊ အိမ်တံခါး၊ ဂိုဒေါင်တံခါးများကို ကတ်တာများဖြင့် ဖြတ်တောက်၊ မျောက်လက် သံအထူဖလက်ပြား များကိုပင် လိမ်ချိုးဝင်ရောက်ကြ ကြောင်းကို ကိုယ်တိုင်ဆိုင်ကယ် အခိုးခံရသူ ဦးစောရဲထွန်း ဗိုလ် ချုပ်လမ်း၊ အောင်ဆန်းရပ်ကွက် က ပြောသည်။

““ကျွန်တော့်ခြံဝင်းတံခါးက ၂ လက်မ သံပြားအထူ ဖလက် ပြား မျောက်လက်နဲ့လုပ်ထားတာ ဗျ။ အဲဒါ လိမ်ချိုးပြီး ခြံထဲဝင်တာ ပါ။ နောက်ပြီး ဂိုဒေါင်၊ သံတံခါး၊ သော့နဖား၊ သော့ကွင်းလိမ်ချိုးပြီး ဂိုဒေါင်ထဲက ၁၆ယ/၅၀၇၁၃ ယိုးဒယားDream 125  ဆိုင်ကယ် ကို ခိုးသွားတာဗျ””ဟု ပြောသည်။

၎င်းနှင့် တစ်ညတည်း ၆-၁-၂၀၁၃ နေ့တွင် ဆိုင်ကယ်နှစ်စီး တစ်ပြိုင်နက်အခိုးခံရသောဦးစော ကပေါ၊ ဗိုလ်ချုပ်လမ်း၊ တေဇ ရပ်ကွက်က သူ၏ခြံတံခါး၊ဂိုဒေါင် တံခါးများကို ဖျက်ဆီးပြီး ယူသွား ကြောင်း ပြောသည်။

ဦးစောကပေါ၏ အိမ်ဘေး လမ်းဖြစ်သော လွတ်လပ်ရေး ကျောက်တိုင်လမ်းထဲမှ ဦးတင် ၀င်း၊ တိကုမွေး၊ ဦးစီးမှူး၊ ဦးမျိုး သန့်စင်တို့လည်း ဆိုင်ကယ်များ ပျောက်ဆုံးခဲ့ကြောင်း ဆက်လက် သိရှိရပြီး မြို့ပေါ်နှင့် ဆင်ခြေဖုံး ဒေသများမှ ဆိုင်ကယ်အစီးရေ အစီး ၂၀ နှင့် ၃၀ ကြား ပျောက် ခဲ့ကြောင်း သတင်းရရှိသည်။

ကျုံပျော်မြို့မစခန်းမှူးကို ဖြစ်စဉ်များအား သွားရောက် လေ့လာစုံစမ်းရာ ၂၀၁၃ ခုနှစ် တွင် ဆိုင်ကယ်ပျောက်မှုနှစ်ခု အမှုဖွင့်တိုင်ကြားထားပြီး ၎င်း ရောက်သည့် ၂၀၁၄ ခုနှစ်အတွင်း တစ်မှုလာရောက်ဖွင့်လှစ်ထား ကြောင်းနှင့် တရားခံများ ဖမ်းမိ ရေးအတွက် ဆက်စပ်မြို့နယ်များ နှင့် တိုင်းအတွင်း ရဲတပ်ဖွဲ့အချင်း ချင်း သတင်းပေးပို့ ရယူဆောင် ရွက်နေဆဲဖြစ်ကြောင်း မည်သူ့ကို မှ ဖမ်းမမိသေးကြောင်း ပြော သည်။

ရဲတပ်ဖွဲ့မှ အပူတပြင်း ကြိုး ပမ်းဆောင်ရွက်နေဆဲဟု စခန်းမှူး မှ ပြောကြားခဲ့သည့် ၂၄-၁-၂၀၁၄ နေ့ မတိုင်မီ ၂၂-၁-၂၀၁၄ နေ့ ညကလည်း ဆိုက်ကယ်ခိုးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

တေဇရပ်ကွက်၊ လွတ်လပ် ရေးကျောက်တိုင်လမ်းနေ ဦးမြင့် စိန် (ဗဟိုတရားရုံးရှေ့နေ) သည် ၎င်း၏ဇနီး သည်နှင့်အတူ ည ၇ နာရီခန့်တွင် ကျုံပျော်ပြည်သူ့ ဆေးရုံသို့ လူနာသတင်းမေး သွားရာ ၁၅မိနစ်ခန့် အကြာပြန်အထွက်တွင် ၎င်း၏Viva ဆိုင်ကယ်လိုင်စင်ဘီးမှာ ပျောက်ဆုံးနေကြောင်း သိရ၍ ကျုံပျော်ရဲ စခန်းသို့ ဖုန်း ဖြင့် ချက်ချင်းအကြောင်းကြားခဲ့ ကြောင်း ရဲစခန်းမှလည်းမြို့အ၀င် အထွက် များနှင့် သောင်ကြီး၊ ရေ ကြည်၊ အသုတ်၊ အထောင်၊ ဓနု ဖြူ ရဲစခန်းများကို ဆက်သွယ် ပိတ်ဆို့ ရှာဖွေခဲ့ကြောင်း သိရသည်။

၎င်းည ၈ နာရီခန့်တွင် အသုတ်ရဲစခန်းမှ အသုတ်အ၀င် မြို့ဝင်ဂိတ်ရုံအနီး၌ မသင်္ကာဖွယ် ဆိုင်ကယ်စီးနင်း လာသူကို ရပ်တန့် စစ်ဆေးရာ ချက်ချင်းနောက်ပြန် လှည့်မောင်းပြီး ဆိုင်ကယ်ကိုကား လမ်းဘေး ပစ်ထားခဲ့ ကာ လယ်ကွင်းထဲသို့ထွက်ပြေးသွားကြောင်း သိရသည်။

ဗဟိုတရားရုံးရှေ့နေ ဦးမြင့် စိန်က ပြောကြားရာတွင် အရင် တစ်ခါကလည်း ခြံတံခါးဖျက်၍ ၀င်ခိုးရန် ကြိုးစားဖူးကြောင်း ခွေး ဟောင်၍ ထအကြည့်တွင် ထွက် ပြေးသွားကြောင်း ပြန်လည်ပြော သည်။

ကျုံပျော်မြို့တွင် ဆိုင်ကယ် ပျောက်မှုအများစုကို ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားမှု ၃ ခုသာ ရှိ သေးသော် လည်းဆယ်နှင့်ချီသော ပျောက်ဆုံးမှုများကြောင့် မြို့သူ/ မြို့သားများမှာ စိုးရိမ်လျက်ရှိနေ ကြကြောင်းနှင့် ရဲလှည့်ကင်းများ၊ ရပ်ကွက်လုံခြုံရေးအစီအမံများ ရှိနေသည့်ကြားမှ နေ့စဉ်ရက်ခြား ပျောက်ဆုံးမှုများကြောင့် တရား ဥပဒေစိုးမိုးမှုရှိရန် လိုလားနေကြ ကြောင်း သတင်းရရှိသည်။
ဆရာဆောင်း (၈၈)
Hot News Journal

No comments:

Post a Comment