Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 11, 2014

အဝေးသင်က ပါမောက္ခကို မယူမနေရ ပင်စင်ပေးခဲ့မှု ကာယကံရှင်က ရှင်းလင်း


ရန်ကုန်အဝေးသင်တက္ကသိုလ် စီးပွားရေးပညာဌာနက ပါမောက္ခ ဒေါက်တာဒေါ်ကျင်ဌေးကို သမ္မတရုံး အမိန့်အရ ပညာရေးဝန်ကြီး ဒေါက်တာမြအေးက ပြီးခဲ့တဲ့နှစ် မတ်လမှာ မယူမနေရပင်စင်ပေးခဲ့တဲ့အပေါ် ကာယကံရှင်က ဇန်နဝါရီ ၁၁ရက်နေ့မှာ သတင်းမီဒီယာတွေကို ရှင်းလင်းခဲ့ပါတယ်။
ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုမရှိဘဲ ဝန်ထမ်းလုပ်သက် ၃၅နှစ်အတွင်း ပြစ်မှုကင်းရှင်းတဲ့ ဌာနမှူး ပါမောက္ခတစ်ယောက်ကို ပညာရေးဝန်ကြီး ဒေါက်တာမြအေးက တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးခြင်းအပါအဝင် အခြား လူမှုဆက်ဆံရေး အဆင်မပြေမှုတွေကြောင့် ပြန်လည်သုံးသပ်စဉ်းစားပေးဖို့ မရှိဘူးလို့ လွှတ်တော်ကို ဖြေကြားခဲ့တဲ့အပေါ် ပါမောက္ခ ဒေါက်တာဒေါ်ကျင်ဌေးက တုံ့ပြန်ခဲ့ပါတယ်။
နိုင်ငံဝန်ထမ်းဥပဒေ ပုဒ်မ ၄၁နဲ့ မယူမနေရပင်စင်ပေးခဲ့ခြင်းဟာ သူ့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင်လုပ်ဆောင်ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာနရဲ့ အရေးယူမှုဟာ ပုဂိုလ်ရေးအာဃာတဖြင့် အဆင့်ဆင့်လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။
၂ဝ၁၁ခုနှစ် အတန်းတင်စာမေးပွဲ အဖြေလွှာစစ်ဆေးမှုနဲ့ အောင်စာရင်းထုတ်ပြန်မှုမှာ ပါမောက္ခ ဒေါက်တာ ခင်မေသန်းက မူဘောင်ကျော်လွန်ပြီး ဘာသာရပ်နဲ့မဆိုင်တဲ့ ဆရာတွေနဲ့ စစ်ဆေးပြီး အောင်စာရင်းထုတ်ပြန်မှုကို သူ့အနေနဲ့ တိုင်ကြားခဲ့ရာ ဌာနတွင်း အာဃာတတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်
ဒေါက်တာဒေါ်ကျင်ဌေးက သူ့အပေါ် မယူမနေရ ပင်စင်ခဲ့တဲ့ကိစ္စ စုံစမ်းဖော်ထုတ်ပေးဖို့ သမ္မတနဲ့ လွှတ်တော်အပါအဝင် လူ့အခွင့်အရေးကော်မရှင်ကိုပါ အကြိမ်ကြိမ် တိုင်တန်းခဲ့ပေမယ့်လည်း အခုထိ ကိုင်တွယ် ဆောင်ရွက်တာမရှိဘူးလို့ ဆိုပါတယ်။
 

No comments:

Post a Comment