Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 8, 2014

တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဂျပန်ဝန်ကြီးချုပ်၏ ကမ်းလှမ်းမှု တရုတ်ပယ်ချ

ဘေဂျင်း၊ ဇန်နဝါရီ ၇

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တရုတ်ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးရန် နောက်ဆုံး ကမ်းလှမ်းချက်ကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပယ်ချခဲ့ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဝန်ကြီးချုပ် စဖြစ်ကတည်းက တရုတ်နှင့် ဆက်ဆံရေးတွင် နှစ်ခွကစားနေသူ ဖြစ်ကြောင်း၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် တရုတ်နှင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်စေသည့် လုပ်ရပ်များ ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ဟွာချန်ရင်းက ပြောကြားသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဒုတိယကမ္ဘာစစ် အတွင်းက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူများကို ထားရှိရာ ယာဆူကူနီ ဗိမာန်သို့ သွားရောက်ခဲ့ခြင်းဖြင့် ယခု တစ်ကြိမ်တွင် အခြေအနေ ပိုမိုဆိုးဝါးသွား စေရန် ပြုလုပ်ခဲ့ကြောင်း ၄င်းက ပြောကြားသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် တရုတ်နှင့် ဆက်ဆံရေးကို တန်ဖိုးထားကြောင်း ပြောကြားလျက် ရှိသော်လည်း ၄င်း၏လုပ်ရပ်များသည် တရုတ်နှင့် ဆွေးနွေးခြင်းကို တံခါးပိတ်စေမည့် လုပ်ရပ်များ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ဟွာချန်ရင်းက ပြောကြားသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အနေနှင့် ဂျပန်ဖက်ဆစ် စစ်ဝါဒီတို့၏ ရန်လိုမှု သမိုင်းနှင့် ပတ်သက်၍ လေးလေးနက်နက် ထားရှိရန်နှင့် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်စေရန် လက်တွေ့ လုပ်ဆောင်မှုများ ပြုလုပ်ရန် အဆိုပါ အမျိုးသမီးက တိုက်တွန်း ပြောကြားလိုက်သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် တရုတ်အပေါ် ပြင်းထန်သော သဘောထား ရှိသူဟု တရုတ်ဘက်က ရှုမြင်ခြင်း ခံရသူဖြစ်ပြီး ၄င်း၏ လက်ထက်တွင် အရှေ့ တရုတ်ပင်လယ် အတွင်းရှိ တရုတ်နှင့်ပိုင်နက် အငြင်းပွားနေသော ကျွန်းတစ်ကျွန်းကို ယခင် ဂျပန်လူမျိုး ပုဂ္ဂလိကပိုင် လက်ထဲမှ ဂျပန်အစိုးရက ဝယ်ယူခဲ့ပြီးနောက် တရုတ်တွင် ဂျပန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ယင်းပိုင်နက် အငြင်းပွားကျွန်း ကိစ္စနှင့်ပတ်သက်၍ တရုတ်ဘက်က လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်ခြင်းဖြင့် တုံ့ပြန်ခဲ့ပြီး တရုတ်၏ လေကြောင်းကာကွယ်ရေးဇုန် သတ်မှတ်ချက်သည် ဂျပန်နှင့် ပိုင်နက် အငြင်းပွားနေသော ကျွန်းဧရိယာများ အထိ ပါဝင်လျက်ရှိသည်။

ယခုနောက်ဆုံး တင်းမာမှုအဖြစ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဒုတိယ ကမ္ဘာစစ်အတွင်းက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သော ဂျပန်စစ်ဗိုလ်ချုပ်၏ အထိမ်းအမှတ် ဂူဗိမာန်သို့ သွားရောက်ခဲ့ခြင်းကို တရုတ် အစိုးရက အပြင်းအထန် ကန့်ကွက်ခဲ့သည်။

No comments:

Post a Comment