Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 28, 2014

ချင်းလူမျိုး နှင့် နာဂ လူမျိုး မတူညီကြောင်း စာတမ်းဖတ်မည်



သူသူထက်လွင်
====================================
ရန်ကုန် ၊ ဇန်န၀ါရီ ၂၇ ။ ။ နာဂ တိုင်းရင်းသားများစုပေါင်း ၍ သန်းခေါင် စာရင်းကောက်ယူ ရာတွင် လူမျိုးမှားယွင်းမှုမရှိ စေရေးအတွက် ချင်းလူမျိုးနှင့် နာဂလူမျိုး မတူညီကြောင်း၊ လူမျိုးရေးဆိုင်ရာစာတမ်းဖတ် ပွဲများ ပြုလုပ် သွားမည်ဖြစ် ကြောင်း သိရသည်။

““နာဂလူမျိုးနဲ့ ချင်းလူမျိုး က လူမျိုးချင်းမတူပါဘူး။ သီး ခြားစီပါ။ သန်းခေါင်စာရင်း ကောက်ဖို့ ကုတ်နံပါတ်ယူရင် လဲ အဲဒီအတိုင်းလုပ်ရမယ်။ ချင်းအောက်ထဲမှာ ၀င်သွားလို့ မဖြစ်ဘူး။ နာဂတိုင်းရင်းသား တွေ အနေနဲ့ နိုင်ငံရေးအရ နစ် နာမှုတွေဖြစ်လာမယ်။ အဲဒီအ ကြောင်းတွေ ကိုရှင်းလင်း ဖို့ သန်း ခေါင်စာရင်းကောက်ယူခြင်းနဲ့ ပတ်သက်တဲ့ လူမျိုးရေးဆိုင်ရာ စာတမ်းဖတ်ပွဲနောက်လမှာ ပြုလုပ်သွားဖို့ရှိပါတယ်””ဟု နာဂစာပေနှင့် ယဉ်ကျေးမှုအ သင်းမှ ဦးရှုမောင်က ပြော သည်။

ချင်းတိုင်းရင်းသားများနှင့် နာဂတိုင်းရင်းသားများသည် လူမျိုးချင်းတူညီသည် ဟု ယူဆ ချက်များကြောင့် နိုင်ငံရေးအရ နာဂလွှတ်တော်အမတ်များ နစ် နာမှုများရှိသဖြင့် ယင်းကဲ့သို့ စာတမ်းဖတ်ပွဲ ကျင်းပခြင်းဖြစ် သည်။

““ချင်းနဲ့ နာဂ တူသွားရင် ၂၀၁၅ရွေးကောက်ပွဲမှာ ချင်း လွှတ်တော် အမတ်တွေ ပဲ ၀င် ပြိုင်လို့ရမယ်။ နာဂအမတ်တွေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ခက်ခဲ သွားလိမ့်မယ်။ ချင်းနဲ့ နာဂမ တူလို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွေရထားတာပါ””ဟု နာဂတိုင်းရင်းသားတစ်ဦးက ပြောသည်။

အဆိုပါ နာဂတိုင်းရင်း သားများ၏ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက် သည့်လူမျိုးရေးဆိုင်ရာစာတမ်း ဖတ်ပွဲကို ဖေဖော်ဝါရီလ တွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group

1 comment:

  1. ကို အကျိုးစီပွားအတွက် ပြောတာ လက်ခံပါတယ် ဒါပေမဲ့ နာဂဟာ ချင်း အနွယ် ထဲက ဆိုတာ သိချင်ရင် AD၁၃၀၀မတိုင်ခင် သမိုင်းတွေလေ့လာ ပါ ရှမ်းစော်ဘွားတွေရဲ့ သိမ်းပိုက်ခြင်းမခံရခင် သမိုင်းတွေ လေ့လာပါ ချင်းတွင်းမုစ်ဟာ ချင်းလူမျိုးတွေပိုင်တယ် မုံ ရွာ ဟာ ချင်းရွာဖြစ်ပြီးချင်းလူမျိုးတွေနဲ့ ဗမာတွေရဲ့ စေ ျျးရောင်းဈေးဝယ်လုပ်တဲ့နေရာဖြစ်တယ် ရှမ်းနီစော်ဘွားတွေအင်အားကြီးလာတဲ့ချိန် မုံရွာကလေးဝ ကလေး တမူး ကန်ကော မြေပြန့်ဒေသတွေ။ ကို ခဏခဏ လာတိုက်နေလို့ ရှောင်ပြီးပြီး တောင်တန်းတွေထူထပ်ပြီး စစ် မရောက်နိုင်တဲ့ တောင်ပေါ်ကို ထွက်ပြေးနေရချင်းဖြစ်တယ်

    ReplyDelete