Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 15, 2014

အမေရိကန် သံမဏိပို့ကုန်များအပေါ် တရုတ်အခွန်နှုန်း မြင့်မား စွာကောက်ဟုဆို


ဝါရှင်တန်၊ ဇန်နဝါရီ ၁၄

တရုတ်နိုင်ငံသို့ တင်သွင်းနေသော အမေရိကန်လုပ် အဆင့်မြင့် နည်းပညာသုံး သံမဏိများအပေါ် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ စည်းမျဉ်းများနှင့် ညီညွတ်ခြင်းမရှိဘဲ တရုတ်က အခွန်မြင့်မားစွာ ကောက်ခံနေသည်ဟု အမေရိက ကပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

၂၀၁၂ ခုနှစ်က အမေရိကနှင့် တရုတ်နိုင်ငံတို့အကြား အငြင်းပွားခဲ့ရသည့် အဆင့်မြင့် နည်းပညာသုံး အမေရိကန် သံမဏိများအပေါ် အခွန်များစွာ ကောက်ခံနေကြောင်း တွေ့ရှိရပြီးနောက် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့က ဝင်ရောက် ညှိနှိုင်းပေးခဲ့ရသည်။

ယခု ကောက်ခံလျက်ရှိသော အခွန်နှင့် ပတ်သက်၍ တရုတ်သည် အမေရိကန် သံမဏိများအပေါ် ကောက်ခံသည့် အခွန်နှုန်းကို လျှော့ပေးလိုက်ပြီဟု ပြောကြားသော်လည်း၊ ယင်းပမာဏမှာ လုံလောက်သော အခွန်လျှော့ချမှု မဟုတ်ကြောင်း အမေရိက က ပြောကြားသည်။

တရုတ်နိုင်ငံက အမေရိကန်သံမဏိ သွင်းကုန်များအပေါ် ကောက်ခံသည့် အခွန်ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ထိ ရှိကြောင်း ဝါရှင်တန်က ပြောကြားသည်။
“တရုတ်က ကောက်နေတဲ့ အခွန်ဟာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ရဲ့ စည်းမျဉ်းတွေနဲ့ မညီဘူး ဆိုတာကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ တွေ့သွား ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်က အဲဒီစည်းမျဉ်းနဲ့ မညီတာကို အခုထိ မပြင်သေးဘူး” ဟု အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် မိုက်ကယ်ဖရိုမန်းက ပြောကြားသည်။

ယခုကဲ့သို့ အခွန်များပြားစွာ ကောက်ခံသည့် ကိစ္စကို လာမည့် သီတင်းနှစ်ပတ်အတွင်း တရုတ်နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ပြီး၊ တရုတ်ဘက်မှ ကျေနပ်လောက်သော တုံ့ပြန်မှု မရှိပါက ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကို အမေရိကက ထပ်မံ တိုင်ကြားသွားမည် ဖြစ်သည်။

အမေရိကနှင့် တရုတ်တို့ လက်ရှိ အငြင်းပွားနေသော အမေရိကန် သံမဏိများမှာ အမေရိကန် ကုမ္ပဏီကြီးနှစ်ခုက ပြုလုပ်ခြင်း ဖြစ်ပြီး ၎င်းသံမဏိများကို အီလက်ထရွန်နစ်နှင့် ဂျင်နရေတာများတွင် အသုံးပြုသည်။

အမေရိကန် ကုန်ပစ္စည်း တင်ပို့ ရောင်းချသူများသည် တရုတ်နိုင်ငံတွင်းသို့ အမေရိကန် ကုန်ပစ္စည်းများကို ဈေးနှုန်း အဆမတန် လျော့၍ ရောင်းချနေခြင်းကြောင့် အမေရိကန် ကုန်ပစ္စည်းများအပေါ် တရုတ်က အခွန်များစွာ ကောက်ခံခဲ့ရာ ၂၀၁၂ ခုနှစ်တွင် အမေရိကက ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့သို့ တိုင်ကြားခဲ့သည်။

No comments:

Post a Comment