စိတ်ပညာရှင်တို့ သိပ္ပံနည်းကျ တွေ့ရှိထားတဲ့ အချက် တစ်ခု ဖြစ်ပါတယ်။ ယင်း
အချက်ကတော့ သူငယ်ချင်း အပေါင်းအသစ် တစ်စုံတစ်ယောက်၊ တစ်စု တစ်ဖွဲ့နဲ့
အတူနေထိုင်၊ သွားလာမှု များလေလေ သူတို့ရဲ့  အမူအကျင် နဲ့ စိတ်ဓာတ်တွေ
ကိုယ့်ဆီ ပိုမို ရောက်ရှိ ကူးဆက်လေပဲ ဖြစ်ပါတယ်။
တကယ်အမှန်ပါပဲ။ စကားအပြောအဆို ကြမ်းတဲ့ ကလေး
သူငယ်ချင်း များနဲ့ တွဲတာများတဲ့ ကလေးတွေမှာ နည်းမျိုးစုံ ဆဲတတ်တဲ့
အကျင့်များ ပိုမို ရရှိလာပြီး ဘုရားကျောင်း နေ့တိုင်းတတ်တဲ့ ကလေးတွေနဲ့
ပေါင်းနဲ့ ကလေး များဟာ ဘာသာရေး ပိုမို ကိုင်းရှိုင်းတဲ့
အပြုအမှုပြောဆိုမှုများကို ပြုလုပ် သွားကြ တယ်လို့ ဆိုပါတယ်။
ဒါဟာ
ကိုယ်တိုင်က ၎င်းတို့ဆီမှ အကျင့် ကူးချမယ်လို့ ခံယူချက် ထားလိုက်သည်
မဟုတ်တိုင် မသိစိတ်က အလိုအလျောက် ကူးချလိုက်ခြင်း ဖြစ်ပါတယ်။ မသိစိတ်ဆိုတာ
မှတ်မှတ်သားသား မရှိသော စိတ်သဏ္ဍာန်ကို ပြောတာပါ။ ကိုယ်က မဆဲတတ်ပေမယ့်
ဆဲတတ်တဲ့ သူငယ် ချင်းများနဲ့ ပေါင်းလာတဲ့ ကလေးဟာ ဆဲတတ်ပြီး ရန်ဖြစ်တဲ့
ကလေးတွေနဲ့ ပေါင်းသူက ရန်လိုတဲ့ စိတ်ပိုများလာပါတယ်။
ကလေးတင်မဟုတ်ပါဘူး။
လူငယ်၊ လူကြီးတွေမှာလည်း ဖြစ်တတ်တဲ့ အလေ့အထ ဖြစ်ပါတယ်။ အလုပ်ကြိုးစားသူနဲ့
ပေါင်းသင်းမိတဲ့သူဟာ အလုပ်ကြိုးစားလိုစိတ် အလိုအလျောက်ရောက်ရှိပြီး တကယ်
အလုပ်ကြိုးစား ပါတယ်။ ဒါကြောင့် အပေါင်းအသင်း မိတ်ဆွေ ဖွဲ့ရာမှာလည်း
ကိုယ့်အတွက် ကောင်းကျိုးပိုဖြစ်ထွန်းမယ့် အပေါင်းအသင်းမျိုး ကို ရွေး
ချယ်စေဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။
.
Credit : International News for Myanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, January 6, 2014
သူငယ်ချင်းနားနီး သူငယ်ချင်းစိတ်ဓါတ်၊ အမူအရာတွေ ကူးစက်
သူငယ်ချင်းနားနီး သူငယ်ချင်းစိတ်ဓါတ်၊ အမူအရာတွေ ကူးစက်
Reviewed by VC
on
January 06, 2014
Rating: 5
Reviewed by VC
on
January 06, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment