Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 7, 2014

အိန္ဒိယတွင် မုဒိန်းဂိုဏ်း၏ သားကောင်ဖြစ်ခဲ့ရသူအတွက် မိသားစုဝင်များက ဥပဒေဖြင့်အဖြေရှာရန် သမ္မတနှင့်တွေ့


Wednesday, January 8, 2014

အိန္ဒိယနိုင်ငံမှ ၁၆နှစ်အရွယ် မိန်းကလေးတစ်ဦးသည် အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု နှစ်ကြိမ်ခံခဲ့ရပြီးနောက် လပိုင်းအတွင်း မီးရှို့ခံခဲ့ရသည့်ဖြစ်ရပ်အတွက် သူ၏ မိသားစုဝင်များက ဥပေဒကြောင်းအရ ထိရောက်စွာအရေးယူပေးရန် သမ္မတနှင့် တွေ့ဆုံကာ အကူအညီ တောင်းခံခဲ့ကြကြောင်း သိရသည်။ မိသားစုဝင်တစ်ဦး၏ အဆိုအရ သမ္မတကသူတို့ကို ကူညီမည်ဟု ကတိပေးလိုက်ကြောင်း သတင်းထောက်များကို ပြောပြခဲ့သည်။ 

မိသားစုသည် အမျိုးသမီးရေးရာကော်မတီမှ အကြီးအကဲနှင့်လည်း တွေ့ဆုံကာ ရဲတပ်ဖွဲ့ကိုစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေး နိုင်ရေး တွန်းအားပေးရန် တောင်းဆိုထားကြသည်။ ထိုသို့သော မနှစ်မြို့ဖွယ် အမှုအခင်းများကို ကလကတ္တား မြို့အနီးဝန်းကျင်တွင် ကြိမ်ဖန်များစွာ ဖြစ်ပေါ်နေသည့်အတွက် ကန့်ကွက်ပွဲများပြုလုပ်ကာ အဓ္ဓမပြုကျင့်သည်ဂိုဏ်းများကို ဥပဒေဘောင်အတွင်းမှ အရေးယူပေးရန် တောင်းဆိုထားကြသည်။ 

ယခုအမျိုးသမီဆိုလျှင် သူမနေထိုင်ရာ မာဒွာဂရမ်မြို့အနီး နေရာနှစ်ခုတွင် နှစ်ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခံခဲ့ရသည်။ ပထမတစ်ကြိမ်သည် အောက်တိုဘာ ၂၆ရက်က ဖြစ်ပြီး၊ နောက်တစ်ရက်တွင် ရဲစခန်းသို့ တိုင်ချက်သွားရောက်ဖွင့်ပြီး အပြန်လမ်းတွင် နောက်တစ်ကြိမ် ထပ်မံ အနိုင်ကျင့်ခံခဲ့ရသည်။ 

နောက်ပိုင်းတွင် သူမကို အနိုင်ကျင့်ခဲ့သည်ဟု သံသယရှိသူ ခြောက်ဦးကို ဖမ်းဆီးထားခဲ့သည်။ 

ထိုဖြစ်ရပ်ဖြစ်ပွားပြီး နှစ်လခန့်အကြာ ဒီဇင်ဘာ ၂၃ရက်တွင် မိန်းကလေးသည် မီးလောင်ထားသော ဒဏ်ရာများကြောင့် ဆေးရုံတက်ရပြန်သည်။ မုဒိန်းမှုနှင့် ဖမ်းခံထားရသူများနှင့် ဆွေမျိုးနီးစပ် တော်သူနှစ်ဦးက သူမကို မီးရှို့သတ်ရန် ကြိုးပမ်းခဲ့ကြောင်း မီဒီယာသို့ပြောကြားခဲ့သည်။ ထိုသူနှစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။ 

လွန်ခဲ့သော တစ်ပတ်က မိန်ကလေး၏ ဖခင်က သူ၏နောက်ဆုံးထွက်သက်အထိ သမီးဖြစ်သူအတွက် အပြစ်ကျူးလွန်သူများကို တရားစီရင် အပြစ်ပေးနိုင်အောင် ပြုလုပ်မည်ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ မိသားစုက ရဲဌာနသည် ယခုအမှုကို တိုးတိုးတိတ်တိတ် ကိုင်တွယ်ရန်ကြိုးပမ်းကာ သတင်းများကိုလည်း တက်နိုင်သမျှ အမှောင်ချထားသည်ဟု ဆိုသည်။ 

ယခုဖြစ်ရပ်သည် ဒေလီမှ ကျောင်းသူတစ်ဦးကို လူတစ်စုက အဓမ္မပြုကျင့်ခဲ့သဖြင့် တစ်နိုင်ငံလုံးတွင် ကန့်ကွက်မှုများ ကြီးထွားခဲ့ပြီး တစ်နှစ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အစိုးရအနေဖြင့်လည်း အဓမ္မပြုကျင့်မှုဆန့်ကျင်သည့် ဥပဒေကို ပြဌာန်းရန် တွန်းအားဖြစ်လာစေခဲ့သည်။

မြန်မာ့ခေတ်

No comments:

Post a Comment