Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 10, 2014

အသေခံဗုံးခွဲသမားပုံစံ ၀တ်ဆင်မှုကြောင့် စမောလင်း ပြန်တောင်းပန်


ပါတီပွဲတွင် အသေခံဗုံးခွဲသမားကဲ့သို့ ၀တ်ဆင်ခဲ့သည့် စမောလင်း၏ပုံမှာ ယနေ့ထုတ် TheSun သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြခံရပြီး ၎င်း၏မီဒီယာ တာဝန်ခံများက စမောလင်းကိုယ်စား ပြန်လည်တောင်းပန်သွားခဲ့သည်။ စမောလင်း၏နေအိမ်တွင် ကျင်းပခဲ့သည့် အသွင်ဆန်းဝတ်စုံ ပါတီပွဲတွင် ဆားကစ်ပြား၊ ဖုန်း၊ ၀ါယာကြိုး၊ အားဖြည့်အချိုဖြည် (နှစ်မျိုးစပ်ထားသည့်) ဘူးများ ချိတ်ဆွဲထားသော အင်္ကျီကို စမောလင်း ၀တ်ခဲ့ပြီး အာရပ်လူမျိုးများ ခြုံလေ့ရှိသည့် ခေါင်းပေါင်းခြုံခဲ့ကာ ၎င်း၏၀တ်စုံနှင့် ပတ်သက်၍ ဝေဖန်မှုများစွာ ပေါ်ပေါက်ခဲ့သည်။

သို့သော် ယင်းကဲ့သို့ဝတ်ခဲ့ခြင်းမှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ တိုက်ခိုက်လိုခြင်းမဟုတ်ဘဲ နာမည်ကျော် နှစ်မျိုးစပ်အချိုရည်နှင့် ပတ်သက်၍ ဟာသလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း စမောလင်း၏ မီဒီယာတာဝန်ခံများက ပြန်လည်ဖြေရှင်းခဲ့ကြသည်။

No comments:

Post a Comment