မြောက်ဥက္ကလာပမြို့နယ် ခ ရပ်ကွက် ၀ါပဆွမ်းလောင်းအသင်း
မဉ္ဇူလမ်း ဓမ္မာရုံ ဒု-ဥက္ကဋ္ဌဦးတင်ထွန်းကို လူ ၅ ဦးက ခဲဖြင့် ၀ိုင်း
ထုသဖြင့် ဦးခေါင်းတွင် ဒဏ်ရာကာ ၂၂ ချက် ချုပ်ခဲ့ရကြောင်း ကာယကံရှင်ထံမှ သိရသည်။
ဖြစ်ပွားပုံမှာ ဇန်န၀ါရီ ၇ရက် ညနေ ၄ နာရီခန့်တွင် ၀ါပဆွမ်းလောင်း
အသင်း မဉ္ဇူလမ်း ဓမ္မာရုံ ဒု-ဥက္ကဋ္ဌက အနာကပ် ပလာစတာ ၀ယ်ရန်
လမ်းထိပ်ဈေးဆိုင်သို့ အသွား တစ်ဖက်မှ အရှိန်ပြင်းစွာ မောင်းနှင် လာသော
ယောက်ျားသုံးဦးစီးလာသည့် မော်တော် ဆိုင်ကယ်နှင့် တိုက်လုနီးပါးဖြစ်ခဲ့ရာ
ဦးတင်ထွန်းက ဖြည်းဖြည်းမောင်းရန် ပြောဆို ခဲ့ကြောင်း၊ ၎င်းသုံးဦးက
ဆိုင်ကယ်မောင်း၍ ဆက်လက်ထွက်သွားခဲ့
ပြီး ဦးတင်ထွန်းက ပြန်လာကာ အဖော်များနှင့် ခြင်းလုံးခက်နေစဉ် ၎င်းသုံးဦး ပြန်ရောက်လာပြီး “မင်းက မကျေနပ်ဘူးလား”ဟု ပြော
ဆိုရာ ကိုတင်ထွန်းက ထိုသုံးဦးအား တောင်းပန်ပြီး ခြင်းလုံး ဆက် ခတ်နေကြောင်း ကာယကံရှင် ဦးတင်ထွန်းက ရှင်းပြသည်။
ယင်းနောက် မကြာမီတွင် ၎င်းတို့ ၃ဦးအပြင် နောက်ထပ်၂ဦးကို ထပ်မံခေါ်လာကာ အုတ်ခဲများဖြင့် ဦးတင်ထွန်းအား ၀ိုင်းထုကြ
ကြောင်း၊ လက်ဖြင့်ကာရင်း နောက်ဆုတ်သွားရာ ဓာတ်တိုင် တစ်တိုင်ခန့်အကွာ အရောက်တွင် လဲကျသွားခဲ့ရာ မလှုပ်နိုင်တော့
သည့် အခြေအနေရောက်အောင် ခဲများဖြင့် ထုခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။
အနီးဝန်းကျင်ရှိ လူများရောက်လာချိန်တွင် ရိုက်နှက်သူများ
ထွက်ပြေးသွားကြပြီး ဦးတင်ထွန်းမှာ သတိမေ့သွားသဖြင့် ရန်ကုန်
ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ကုသ
ဆောင်သို့ ပို့ဆောင်လိုက်ရကြောင်း အဆိုပါလမ်းတွင် နေထိုင်
သူတစ်ဦးက ဆိုသည်။
“ရဲကတော့ မနေ့ ညနေက ကျွန်တော့်ကို လာစစ်သွားတယ်၊
တရားခံတွေက ထွက်ပြေးနေတုန်းပဲ၊ ကျွန်တော့်ကို ကြိုးစား
ပေးပါ မယ်လို့တော့ ပြောသွားတယ်”ဟု ကာယကံရှင် ဦးတင်ထွန်းက ပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး မြောက်ဥက္ကလာပရဲစခန်းမှ အမှု
စစ်ဆေး ဆက်သွယ်မေးမြန်းရာ အထက်အရာရှိနှင့် စကားပြော
နေသဖြင့် မအားလပ်သေးကြောင်း ပြန်လည်ပြောကြားသည်။
People power
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, January 9, 2014
ဓမ္မာရုံ ဒု-ဥက္ကဋ္ဌကို လူ၅ဦး ခဲဖြင့် ၀ိုင်းထု ၂၂ ချက်ချုပ်ရ
ဓမ္မာရုံ ဒု-ဥက္ကဋ္ဌကို လူ၅ဦး ခဲဖြင့် ၀ိုင်းထု ၂၂ ချက်ချုပ်ရ
Reviewed by VC
on
January 09, 2014
Rating: 5
Reviewed by VC
on
January 09, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment