Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 1, 2013

ဘုရားရှာတွေ့ပြီဆိုတဲ့ Jessie J


Jack the Ripper
Jessie J ဟာသူမရဲ့နောက်ဆုံး single ကဘုရားသခင်ကိုရည်ညွှန်းပါတယ်လို့ဆိုပါတယ်။
သူမရဲ့နောက်ဆုံးသီချင်းဖြစ်တဲ့ ‘Thunder’ ဟာသူမရဲ့ခရစ်ယာန်ယုံကြည်ချက်အကြောင်းရေးထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်လို့ပြောပါတယ်။
“’Thunder’ က ဘုရားသခင်ကိုရည်ညွှန်းတဲ့အရာတစ်ခုပါ။ ဒါကြောင့်ဗီဒီယိုထဲမှာကျွန်မ လေပ်ါမှာကိုယ်ဖေါ့နေတာပေါ့။ အလင်းထဲကို မပြီးခေါ်ဆောင်တာခံရတဲ့ခံစားမှုပါ။ ဒီ album လုပ်တုန်းကအရမ်းကိုဆုတောင်းခဲ့တာ ကျွန်မမှတ်မိသေးတယ်။ ဒါဟာကျွန်မတစ်ခါမှ ပွင့်ပွင့်လင်းလင်းမပြောခဲ့ဖူးတဲ့ ကိစ္စပါ။ ဒါပေမယ့်အခုတော့ ကျွန်မရဲ့ခံစားမှု၊ ယုံကြည်မှုတွေကို ကမ္ဘာသိအောင်ပြောဖို့ ယုံကြည်မှုရှိပြီး စိတ်ချမ်းသာနေပါတယ်။ ကျွန်မရဲ့ကောင်းချီးပေးခံရမှုတွေနဲ့ ကျွန်မရဲ့ ပါရမီတွေအတွက် ဘုရားသခင်ကိုကျွန်မနေ့တိုင်းကျေးဇူးတင်ပါတယ်” လို့ Daily Mirror သတင်းစာကိုပြောပါတယ်။
အရက်ကိုတစ်နှစ်လောက်မသောက်ဘဲနေလာတဲ့ Jessie က သူမရဲ့ များပြားတဲ့အလုပ်အချိန်ဇယားတွေကြောင့် ဘုရားကျောင်းကိုအမြဲမသွားနိုင်ဘူးလို့ပြောပါတယ်။
“ကျွန်မတတ်နိုင်တဲ့အခါတိုင်း ဘုရားကျောင်းကိုသွားပါတယ်။ ပြီးတော့ ရှင်သာရှင့်ဘာသာတရားမှာ စစ်မှန်နေမယ်ဆိုရင် ဘုရားကျောင်းတော်ကရှင်နဲ့အတူ အမြဲလိုက်ပါလာနေမှာပါ။ ကျွန်မရဲ့ယုံကြည်ချက်တွေကို album ထဲထည့်ရတာ ကျွန်မအရမ်းပျော်ပါတယ်။ ရှင့်ဘာကိုပဲ ယုံကြည်ယုံကြည့် ရှင့်ရဲ့ယုံကြည်မှုကို နေ့စဉ်ဘ၀ထဲမှာ အသုံးချဖို့အရေးကြီးတယ်လို့ကျွန်မထင်ပါတယ်” လို့ပြောပါတယ်။
Ref:starpulse
http://www.trend.com.mm/2013/12/01/news-904

No comments:

Post a Comment