Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 29, 2013

စက်လှေနစ်မြုပ်၍ အမျိုးသမီး ၁၇ ဦး သေဆုံး


30.12.2013

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ဆင်ဘုတ်ချောင်း အတွင်း၌ ဒီဇင် ဘာ ၂၇ ရက် ညနေ ၆ နာရီက စက်လှေ နစ်မြုပ်မှု ဖြစ်ပွား၍ စက်လှေပေါ်တွင် ပါလာသူများအနက် အမျိုးသမီး ၁၇ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်ဖြူမြို့နယ် ဆင်ဘုတ်ကျေးရွာ အုပ်စု ကျွန်းကြီး ကျေးရွာနေ ဦးဘရွှေအောင် ၅၁ နှစ် (ဘ) ဦးဘစောဦး မောင်းနှင်သည့် စက်လှေဖြင့် ဒီဇင်ဘာ ၂၇ ရက် နံနက် ၇ နာရီက ရွာသူရွာသား ၄၉ ဦး လိုက်ပါ၍ ကျောက်ဖြူ မြို့နယ် ငစိမ့်ပြင် ကျေးရွာအုပ်စု မိကျောင်း ရေသောက်ရွာ အနီး ဖလူးကြီး ဒီရေတော အနီးမှ အိမ်သုံးထင်းများ ခုတ်ယူ တင်ဆောင်ပြီး ဦးကင်းကျေးရွာ ကူးတို့ဆိပ်အနီး ဆင်ဘုတ်ချောင်း အကွေ့ တစ်နေရာတွင် စက်လှေနှင့် သယ်ဆောင်လာသည့် ပစ္စည်းဝန်အား မမျှဖြစ်ကာ နစ်မြုပ်သွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် အသက်ရှင်လျက် ကျန်နေသူများ၏ အကြောင်းကြားချက်အရ ဌာနဆိုင်ရာ တာဝန်ရှိသူများ ရောက်ရှိလာပြီး ပျောက်ဆုံးနေသူများ ရှာဖွေခြင်းနှင့် နစ်မြုပ်သွားသော စက်လှေကို ပြန်လည် ဆွဲတင်ခြင်းများ ဆောင်ရွက်ရာ စက်လှေ ဝမ်းဗိုက်အတွင်း၌ အမျိုးသမီး ၁၇ ဦး သေဆုံးလျက် တွေ့ရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်း စခန်းမှူး ဒုတိယရဲမှူး အောင်အောင်က တရားလို ပြုလုပ်ကာ ဦးဘရွှေအောင် (စက်လှေမောင်း/ပိုင်) အား (ပ)၂၂၂/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈ဝ/၃ဝ၄(က)ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment