Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 28, 2013

အကယ်ဒမီစင်မြင့်ဒီဇိုင်း




ဦးအေးကြူလေး (မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ)

ဒီနှစ် အကယ်ဒမီ စင်ဆောက်တဲ့ ပုံစံလေးက ထူးခြားပါတယ်။ ဟိုတုန်းကဆို ရိုးရိုးစတိတ်စင်ပဲ။ ရှေ့မှာဆို စတိတ်စင်လို အဝိုင်းလေးပါတယ်။ ပင်မစင်မြင့်ရဲ့ ဘေးနှစ်ဖက်မှာလည်း စင်အသေးလေး နှစ်ခုပါတယ်။ တစ်ဖက် အစီအစဉ် ကြေညာသူတွေ ရပ်မယ်။ တစ်ဖက်မှာတော့ တီးဝိုင်းတင်ထားမယ်။ ပင်မစင်မြင့်ရဲ့ရှေ့က စင်မှာတော့ သီချင်းဆိုပြီး ဖျော်ဖြေမယ့်သူတွေ ဆိုရမယ့် နေရာပေါ့။ အချိန်နည်းနည်းလေးနဲ့ လုပ်ရတာဆိုတော့ တင်ဒါအောင်တဲ့ (Barco) ကုမ္ပဏီကလည်း လုပ်ရတာ အခက်အခဲတော့ ရှိပါတယ်။ ဒါပေမဲ့ မနှစ်ကနဲ့တော့ လုံးဝမတူဘူး။

ဦးနေလင်းထက် (Barco Company)

စင်မြင့်ဒီဇိုင်းကို အရင်နှစ်တွေထက်ပိုပြီး ခမ်းနားအောင်၊ လှပအောင် ကျွန်တော်တို့ ကြိုးစားထားပါတယ်။ စင်ရဲ့ ဒီဇိုင်းကိုတော့ မြန်မာ့ယဉ်ကျေးမှု နဲ့ လိုက်ဖက်အောင် ပြည်တွင်းက ဒီဇိုင်းပညာရှင်ကိုပဲ ကျွန်တော်တို့ ဆွဲခိုင်း ထားပါတယ်။ ပွဲတက်ဖိတ်စာတွေ၊ ပရိသတ်တွေကို ရောင်းချတဲ့ လက်မှတ်တွေ၊ ကြော်ငြာဘုတ်တွေကိုတော့ စင်ကာပူက ဒီဇိုင်း ပညာရှင်တွေဆီမှာ အပ်နှံပြီး လုပ်ခဲ့တာပါ။ စင်မြင့်မှာ အလှဆင်တဲ့မီးတွေ၊ အသံစနစ်တွေကိုလည်း အကောင်းဆုံး ဖြစ်အောင် လုပ်ထားပါတယ်။

Lucky 7 မအေးအေးဝင်း

အစ်မတို့ ဇာတ်ကား မော်ကင်းဥဒါန်းက လွန်ခဲ့တဲ့ ကိုးနှစ်လောက်က ရိုက်ထားတာပါ။ ပြသခွင့်ရတာတော့ မနှစ်ကမှပါ။ အကြောင်း အမျိုးမျိုးကြောင့် ပြသခွင့် ပိတ်ခံထားရတာပါ။ ဒီကားကို ရိုက်တုန်းကတော့ အကယ်ဒမီ ရဖို့အတွက်ဆိုပြီး ရိုက်ခဲ့တာ မဟုတ်ဘူး။ အရင်ကတော့ အစ်မတို့ ရိုက်ဖြစ်တာက ဟာသကားလေးတွေပဲ ရိုက်ဖြစ်တာပေါ့။
ဒီကားလေးက ရသစုံကားလေးပေါ့။ လူမျိုးစုတစ်စုရဲ့ ဘဝကို ရိုက်ပြထားတာ။ အဓိကတော့ ဆလုံလူမျိုး အကြောင်းပေါ့။ ဒီကားထဲမှာ တိုင်းပြည်တစ်ပြည်ရဲ့ ရေမြေတောတောင် သဘာဝ အလှတွေအကြောင်း၊ အက်ရှင်ဆန်ဆန်၊ ဒရာမာပုံစံ ရိုက်ပြထားတာပါ။ အဲ့ကားရိုက်တုန်းက နေထိုင်တာကအစ အခက်အခဲရှိတယ်။ သောက်ရေကအစ ချိုးရေလည်း မရှိဘူး။ ကိုယ့်ဘာသာ သယ်သွားရတာပေါ့။ ဟိုမှာလည်း တဲထိုးပြီး ရိုက်ရတာပါ။ ဒီကားကို အကယ်ဒမီ ရမယ်ဆိုရင် အတိုင်းမသိ ဝမ်းသာမှာပါ။ ရသစုံလည်း ပါတယ်။ တစ်ကားလုံး ခြုံကြည့်ရင်လည်း အရမ်းကောင်းတဲ့ ကားလေးပါ။

The Voice Weekly Myanmar

No comments:

Post a Comment