Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 28, 2013

ခရီးသည်မရှိတဲ့အတွက် နေပြည်တော်ဘန်ကောက်ခရီးစဉ် Air Asia ရပ်ဆိုင်း


Saturday, December 28, 2013

ထိုင်းနိုင်ငံက TAA Air Asia လေကြောင်းလိုင်းဟာ ခရီးသွားလျော့လာတဲ့အတွက် ဘန်ကောက်-နေပြည်တော် တိုက်ရိုက်ခရီးစဉ်ကို ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။

ပုံမှန်ပြေးဆွဲဖို့ ခရီးသည်လုံလောက်မှုမရှိတဲ့အတွက် ခရီးစဉ်စတင်ခဲ့အပြီး တစ်လအကြာမှာ အခုလို ရပ်နားဖို့ ဆုံးဖြတ် လိုက်တာဖြစ်တယ်လို့ လေကြောင်းလိုင်းကို ကိုးကားပြီး ဒီကနေ့ ထိုင်းနိုင်ငံ ထုတ် Bangkok Post သတင်းစာကရေးပါတယ်။

ထိုင်ခုံ ၁၈၀ ပါတဲ့ လေယာဉ် ခရီးသည်ပြည့်တဲ့နေ့ဟာ အာစီယံအားကစားပွဲတော် မတိုင်ခင်ကပဲရှိခဲ့ပြီး နောက်ပိုင်းမှာ ပုံမှန် ခရီးသည် ၁၀ ခန့်သာရှိတယ်လို့ ဆိုပါတယ်။

ခရီးသည်အများစုဟာ အားကစားပွဲကိုလာတဲ့ အားကစားသမားတွေနဲ့ သတင်းထောက် တချို့သာ ဖြစ်ပြီး အပန်းဖြေခရီးသည် မျှော်လင့်သလောက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။

Air Asia အနေနဲ့ ရန်ကုန်ဘန်ကောက်ခရီးစဉ်ကို ဇန်န၀ါရီ ၂၄ ရက်နေ့ကစပြီး တပတ်ကို ၂၁ ခေါက် ပျံသန်းနေရာကနေ ၂၈ ခေါက်အထိ တိုးချဲ့ထားသလို ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ယိမြို့နဲ့လည်း တပတ်ကို ၁၄ ခေါက်အထိ ပျံသန်းမယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment