CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, December 6, 2013
အလိုမတူသူနှင့် ပေါင်းသင်းရန် စေခိုင်းခဲ့သူ ကျေးရွာ အုပ်ချုပ်ရေးမှူးပြစ်မှု ထင်ရှားသော်လည်း အမှုမှကွင်းလုံးကျွတ်လွတ်
ကျိုက်လတ်မြို့နယ်၊ အထက် ဆင်ကူး ကျေးရွာ အုပ်စု၊ ကျောင်းချောင်း ကျေးရွာတွင် ဦးလေးဝမ်းကွဲ မှ အသက်(၁၆)နှစ်ရှိ တူမ၀မ်းကွဲ တော်စပ်သူအား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ရာ ကာယ ကံရှင်မှ ကျေနပ်မှု မရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအား တိုင်ကြားရာ ၎င်းအုပ်ချုပ်ရေးမှူး မှ ပြစ်မှုကျူး လွန်သူအား အရေးယူခြင်း မရှိသည့်အပြင် အုပ်ချုပ်ရေးမှူး အာဏာ အလွဲသုံးစားလုပ် ခြိမ်းခြောက်၍ အလိုမတူ သူနှင့် ပေါင်းသင်းရန် အဓမ္မစေခိုင်းမှု ဖြစ်ပေါ်ခဲ့သည်။
လွန်ခဲ့သော တပို့တွဲလက ကျောင်းချောင်းကျေးရွာနေ မ— အသက်(၁၆)နှစ်အား ဦးလေးဝမ်း ကွဲတော်စပ်သူမှ ၎င်း၏ အစ်မများ ဘုရားဖူးသွားခိုက် သားမယားအဖြစ် အဓမ္မပြုကျင့်ကြံခဲ့သည်။ ““နင်ဒီ ကိစ္စဘယ်သူမှ ပြန်မပြောရဘူး ပြန်ပြောရင် သတ်ပစ်မယ်”” ဟု ခြိမ်း ခြောက်ကာ နောက်ထပ် (၆)ကြိမ် ခန့်ကျင့်ကြံခဲ့သည်။ မ– သည် အလိုမတူသော်လည်း ခြိမ်းခြောက် ထား၍ ကြောက်ရသည့်က တစ်ကြောင်း၊ ဦးလေး တော်စပ်နေသည် ကတစ်ကြောင်း တို့ကြောင့် မည်သူ့ကို မှမပြောဘဲ နေခဲ့ရာ မ—တွင်ကိုယ် ၀န်ရှိလာသည့် အတွက် ကျောင်း ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှသိန်းထံတိုင် ကြားခဲ့သည်။
ထိုသို့ တိုင်ကြားခဲ့သော်လည်း မ–အား စော်ကားသူမှာ ၎င်းအုပ်ချုပ်ရေးမှူး ဦးလှသိန်းနှင့်လည်း ဦးလေးတော်စပ်သူ ဖြစ်နေသည့် အတွက် … ၎င်း၏ ဦးလေးအိမ်ထောင် ရေးပြိုကွဲမှာ၊ အရှက်ရမှာ၊ မျိုးရိုး ဂုဏ်သိက္ခာ ထိခိုက်မှာစိုးသဖြင့် မ– လွယ်ထားသည့် ကိုယ်ဝန်မှာ ၎င်းဦးလေးနှင့်ရသည့် ကိုယ်ဝန် ဖြစ်ပါလျက်နှင့် မည်သို့မျှ ပတ်သက် ဆက်နွယ်ခြင်း မရှိခဲ့သော ရွာထဲမှ အေးဆေး ရိုးသားသော ငလက်မ (ခ)သန်းစိုးနှင့် ပေါင်းသင်းရန် စာရွက် အလွတ်ပေါ်တွင် အတင်းလက်မှတ် ထိုးခိုင်းခဲ့သည်။
ထိုနည်းတူ ငလက်မ(ခ)သန်း စိုးကိုလည်း မ—နှင့်ပေါင်းသင်း ရမည်ဟု ရင်ဘတ်ကို ဆောင့်ဆွဲပြီး လက်မှတ် ထိုးရင် ထိုး၊ မထိုးရင် အခုချက်ခြင်း ရဲစခန်းပို့မယ်၊ ဟို ရောက်ရင် သွေးအန်အောင်ရိုက် ခိုင်းမယ်ဟု ခြိမ်းခြောက် ပြောဆို ကာစာရွက် အလွတ်ပေါ်တွင် လက်မှတ်ထိုးခိုင်းခဲ့သည်။ ၎င်းအပြင် လက်မှတ် ထိုးထားသော နေရာတွင် လက်ဗွေရာ အတုကိုပါ နှိပ်ထားခဲ့သည်။ ထို့အပြင် ကာမရယူသူ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ၎င်းတို့ နှစ်ဦးအား လူကြီးများရှေ့တွင် ကန်တော့စေကာ အတင်းပေါင်း သင်းခိုင်းခဲ့သည်။
ယင်းကဲ့သို့ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ယောက်၏ အာဏာကို အလွဲသုံးစားလုပ်၊ ခြိမ်းခြောက်၍ လက်ဗွေရာ အတုလုပ်ကာ အပြစ်ရှိသူ၊ အပြစ်ကွယ် ပျောက်စေရန် မည်သို့မျှ ပတ် သက်ခြင်းမရှိသူနှင့် မတရား အဓမ္မ ပေါင်းသင်းစေခဲ့ခြင်း တို့ကြောင့် ဦးလှသိန်းအား ပြစ်မှုကြီး အမှတ် (၂၀၈/၂၀၁၃)ပြစ်မှုပုဒ်မ (၅၀၆) အတင်းအဓမ္မ ကာမရယူစော်ကား သူအား ပုဒ်မ (၄၁၇)တို့ဖြင့် ၂၀၁၃ ဇွန် (၇)ရက်က ကျိုက်လတ်မြို့ နယ်တရားရုံးသို့ မ—-မှ တရား လိုပြု တရားစွဲဆိုခဲ့ရာ ကာမရယူ သူမှာပြစ်ဒဏ် (၆)လ ကျခံခဲ့ရသော်လည်း ဦးလှသိန်းမှာမူ အမှုမှ ကွင်းလုံး ကျွတ်လွတ်စေခဲ့သည်။
ယင်းအတွက်ကြောင့် ဦးလှသိန်းမှာ ပြစ်မှုထင်ရှားသော်လည်း ပြစ်ဒဏ် မကျခံရခြင်း၊ ၎င်းကျူးလွန် ငြိစွန်းသည့် ပုဒ်မ (၅၀၆) သည် ထောင်ဒဏ် (၂)နှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေကျခံ ရမည ဖြစ်သော်လည်း ကွင်းလုံး ကျွတ်လွတ်ရခြင်း၊ လက်ရှိတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး အဖြစ် ဆက်လက် ဆောင်ရွက်နေ ခြင်းတို့အား ကျေလည်မှု မရှိသော ကြောင့် ယခုအခါ တရားလိုမှ (၃- ၁၂-၂၀၁၃)ရက်နေ့တွင် ကျိုက်လတ်မြို့နယ် ဥပဒေရုံးသို့ အယူခံဝင်ခွင့် တောင်းခံခဲ့ကြောင်း သတင်း ရရှိသည်။
ATK
Myanmartandawsint Newspaper
အလိုမတူသူနှင့် ပေါင်းသင်းရန် စေခိုင်းခဲ့သူ ကျေးရွာ အုပ်ချုပ်ရေးမှူးပြစ်မှု ထင်ရှားသော်လည်း အမှုမှကွင်းလုံးကျွတ်လွတ်
Reviewed by VC
on
December 06, 2013
Rating: 5
Reviewed by VC
on
December 06, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment