Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 12, 2013

တစ်မိနစ်သာပါဝင်ခဲ့သည့် ဆိုက်ဘာ တိုက်ခိုက်မှုအတွက် အပြစ်ပေးခံရ


Friday, December 13, 2013

၂၀၁၁ ခုနှစ်တုန်းက Web Page တစ်ခုကို Anonymous Hacker တွေက တိုက်ခိုက်ကြတဲ့ဖြစ်စဉ်မှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သက်သေထင်ရှားတဲ့ အသက် ၃၈ နှစ်အရွယ် ပုဂ်္ဂိုလ်တစ်ယောက်ကို တရားရုံး က နှစ်နှစ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၁၈၃,၀၀၀ ပေး ဆောင်ရန် သတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ထူးဆန်းတာက အဆိုပါပုဂ်္ဂိုလ်ဟာ အဲဒီဆိုက်ဘာတိုက်ခိုက်မှုမှာ တစ်မိနစ်သာ ပါဝင်ခဲ့တာပါ။
သူ့နာမည်က ‘Eric J.Rosol’ ဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ ‘Kochind. com’ ၀က်ဘ်ဆိုဒ်ကို အမည် မသိ ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်စဉ်ထဲ ပူးပေါင်းပါဝင်ခဲ့တယ်လို့ စွပ်စွဲခံရသူတစ်ဦး ဖြစ်ပါတယ်။ အဲဒီ တိုက် ခိုက်မှုဖြစ်စဉ်မှာ ဟက်ကာတွေ သုံးသွားတာက နာမည်ကြီး DDoS Tool တစ်ခုဖြစ်ပြီး အဆိုပါ Tool ကို သူ့ရဲ့ ကွန်ပျူတာထဲမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Eirc J.Rosol ကတော့ မငြင်းပါဘူး။ ဒါပေမဲ့ သူ့ဟာအဆို ပါ ဖြစ်စဉ်မှာ အချိန်တစ်မိနစ်သာ ပါဝင်ပတ်သက်ခဲ့တာ ဖြစ်တယ်လို့ အသနားခံ လျှောက်လဲခဲ့ပါတယ်။

တရားစီရင်ချက်အရ Eric ကို နှစ်နှစ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ဒေါ်လာ ၁၈၃,၀၀၀ ပေးဆောင်စေခဲ့ပါတယ်။ အဆိုပါ ငွေကြေးပမာဏဟာ Hack ခံရတဲ့ ကုမ္ပဏီအနေနဲ့ ၎င်းတို့ရဲ့ Website ပြန်ရအောင်လုပ်ဖို့ ကုန် ကျခဲ့တဲ့စရိတ်ပါ။ ပြီးခဲ့တဲလကလည်း ပြစ်ဒဏ် ကြီးကြီးမားမားနဲ့ အလားတူဖြစ်ရပ်မျိုး ရှိခဲ့ပါတယ်။

‘Jeremy Hammond’ ဆိုသူ အသက် ၂၈ နှစ်အရွယ် (Anonymous Hacker အဖွဲ့ဝင်တစ်ဦး) ဟာ Stratfor (Intelligence Contractor Strategic Forecasting) ကိုHacking လုပ်လို့ ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ နည်းပညာပိုင်းဆိုင်ရာတွေမှာ သိပ်မသိသာပေ မယ့် တိုးတက်တဲ့နိုင်ငံတွေမှာက ‘Hacking’ ခေါ် ဆိုက်ဘာတိုက်ခိုက်မှုတွေကို ရာဇ၀တ်မှုကဲ့သို့ တရား ဥပဒေနဲ့ ပြင်းပြင်းထန်ထန် တင်းကျပ်ထားပါတယ်။ အဆိုပါနိုင်ငံတွေမှာ Hack လုပ်ခံရပြီဆိုရင် ဆုံရှုံး မယ့်ပမာဏကလည်း များသလို Hack/ ကာကွယ်ရတာတွေကလည်း မလွယ်ပါဘူး။ လက်ရှိမှာတော့ ကမ္ဘာမှာ နာမည်ကြီးနေတာက ‘Anonymous’ Hacker အုပ်စု ဖြစ်ပါတယ်။

မကြာသေးမီကလည်း စင်ကာပူ ၀န်ကြီးချုပ်က ဟက်ကာတွေကို အမြစ်ဖြတ် ချေမှုန်းမယ်လို့ ကြွေးကြော် လိုက်တာ စင်ကာပူအစိုးရ ၀က်ဘ်ဆိုဒ်နဲ့ ၀န်ကြီးချုပ် ၀က်ဘ်ဆိုဒ်တို့ဟာAnonymous Hacker တွေရဲ့Control အောက် ရောက်သွားခဲ့ပါတယ်။

Mizzima - News in Burmese

http://nakedsecurity.sophos.com/2013/12/11/man-fined-183k-after-joining-anonymous-ddos-of-koch-industries-for-1-minute/

No comments:

Post a Comment