Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 26, 2013

" ဦးဝင်းဦးရဲ့ ရုပ်ရှင် ဇာတ်ကားများကို ဖလင်တည်းဖြတ်ပေးခဲ့သူ ဦးအောင်လွင် "

သရုပ်ဆောင်ဝင်းဦးရဲ့ မျိုးရိုးဗီဇကိုက အနုပညာသွေး ရှိသူတစ်ဦးဖြစ်ပြီး ငယ်စဉ် တပ်မတော်သားဘဝ ရောက်ရှိ စဉ်ကတည်းက ရုပ်ရှင်လောက နှင့် မစိမ်းခဲ့သူ၊ ရုပ်ရှင် ရိုက်ကူး ခြင်းနှင့် သီချင်းဆိုခြင်းကို စိတ် ဝင် စားခဲ့သူတစ်ဦးဟုဆိုလာသူ ဦးအောင်လွင်က..

“အနုပညာနဲ့ပတ်သက် လာရင် အမြင်မရိုးခဲ့ဘူး။ သူက တပ်ထဲ မရောက်ခင်လား၊ ရောက်ပြီးလားတော့မသိဘူး။ ညိုမင်းလွင်ဆိုတဲ့ ကလောင်နဲ့ သွေးသောက်မဂ္ဂဇင်းမှာ စာပေ တွေရေးသားခဲ့တယ်။ အဲဒီ အချိန်ကတည်းက စာပေကို စိတ်ဝင်စားပြီး ကဗျာကို ဝါသနာပါခဲ့တဲ့အတွက် သီချင်း ရေးတဲ့နေရာမှာတောင် အောင် မြင်တာတွေ့ရတယ်။ ဥပမာ- စန္ဒရားချစ်ဆွေတို့နဲ့ ပူးပေါင်း ပြီးရေးခဲ့တဲ့ ‘ပိတောက်လမ်း’ သီချင်းတို့လိုဟာမျိုးပါ။ သူ့ဗီဇ ကိုက အနုပညာကို ဝါသနာ ပါခဲ့တယ်။ တပ်ထဲမှာလည်း မင်္ဂလာဆောင်တို့၊ အလှူတို့မှာသီချင်းအမြဲဆိုတယ်လို့ ကြား သိရတယ်။

သူပြောပြဖူးတာ တစ်ခုက မင်္ဂလာဆောင်တစ်ခု မှာ ‘ချစ်သူတိုင်းလည်းမညား ကြဘဲ ညားသူတိုင်းလည်း မချစ် ကြပါ’ သီချင်းကို ဆိုလိုက်တဲ့ အတွက် မနက်ကျတော့ အဲဒီ သတို့သမီးက အရင်ရည်းစား ဟောင်းနဲ့ လိုက်ပြေးသွားတယ် လို့ ပြောတယ်။ အဲဒီကနေ မြစ် ဖျားခံလာ တဲ့ သူ့ရဲ့အနု ပညာက ၁၉၆၂ ခုနှစ် မှာ အနုပညာ စလုပ်ခဲ့တယ်” လို့ ပြောပါတယ်။ ရုပ်ရှင်လောကမှာဝင်းဦး စတင်ခြေချတဲ့အချိန်က ဆုံ ဖြစ်တာနှင့်ပတ်သက်၍ …

”ကျွန်တော့်ရဲ့ ဆရာ အရင်းဖြစ်သူ မောင်တင်ယုက ‘နှစ်ယောက်တည်းနေချင်တယ်’ ဇာတ်ကားမှာ စတင်ရုပ်ရှင် တည်းဖြတ်ခွင့်ရခဲ့ပြီး စံရွှေ မောင် နာမည်နဲ့လုပ်ခဲ့တယ်။ အဲဒီဇာတ်ကားကနေစတင်ပြီး ဦးဝင်းဦးဇာတ်ကားတွေကို Edit လုပ်ပေးခဲ့ရတယ်။ ပြီး တော့ သုခုမရုပ်ရှင်ကရိုက်ကူး တဲ့ ‘ပိတောက်ရိပ်ဝယ်’ ဇာတ် ကားကို ဖလင်ဆက်ေ ပးခဲ့ရ တယ်။ ‘တစ်ပွင့်တည်းပန်မယ်’ ဇာတ်ကားတွေကိုEdit လုပ် ပေးခဲ့ရတယ်။ သူကိုယ်တိုင် ဒါရိုက်တာလုပ် တဲ့ဇာတ်ကား တွေမှာလည်း ဖလင်ဆက်ပေး ခဲ့ရတယ်။ ‘မုန်းမေ့ပါနိုင် ဇာတ် ကား၊ မောင်တို့ချယ်ရီမြေဇာတ်ကား၊ ချစ်သောမောင်မောင် ဇာတ်ကား၊ ချစ်သည်းဇာတ် ကား၊ဆောင်း အိပ်မက်ဇာတ် ကား၊ သိုးဇာတ်ကား၊ ကိုယ့် ချစ်သူဘယ်မှာရှိလဲ ဇာတ်ကား၊ ကျောက်မဲအကျဉ်းသား ဇာတ် ကား၊ မှုန်ရွှေရည်’ဇာတ်ကား စတဲ့ဇာတ်ကားတွေကို ဖလင် ဆက်ပေးခဲ့ရတယ်။

‘တိမ်လွှာ မို့မို့လွင်’ ဇာတ်ကား တုန်းက လည်း ရုပ်ပြဇာတ် လမ်းဇာတ်ကွက် ရှစ်ကွက်လောက် ကို ဦးဝင်းဦးက ဇာတ်လမ်းတည် ရိုက်ကူးခဲ့တယ်။ သူကအဲဒီလောက် ထိတော်ခဲ့တယ်။ ဒီဇာတ်ကားမှာ ကျွန်တော့်ကို ဒါရိုက်တာလုပ်ခွင့် ပေးခဲ့တယ်။ သူက ဇာတ်ညွှန်းရေး၊ ကျွန်တော်ကဒါရိုက်တာ လုပ်ပြီး ရိုက်ကူးခဲ့ တယ်။ ပထမဦးဆုံး ကျွန်တော့် ဇာတိ စစ်တွေမှာ သွားေ ရာက် ရိုက်ကူးခဲ့တယ်။ ‘မှုန်ရွှေရည်’ ဇာတ်ကားရိုက်တုန်းက ၂၆ ပိုင်းတိတိ ရိုက်ထားတာ။ အဲဒါ ကိုသင့်တင့်လျောက်ပတ်အောင် Edit လုပ်ရတယ်။ ဒီဇာတ်ကား လုပ် တုန်းကဆိုရင် ရက်၂ဝ လောက် မအိပ်ဘဲ ဆက်ခဲ့ရတယ်။

အိမ်ကိုလည်းမပြန်ဖြစ်ဘဲ စိတ်ကို ဇာတ်ကားထဲမှာပဲ နှစ်ထားလိုက်တယ်။ ဂီတပိုင်းမှာ ဆိုလည်း ဂီတလုလင်မောင်ကိုကိုက သူကိုယ်တိုင် သေချာ လေးလုပ်ခဲ့တယ်။ ဘက်စုံ၊ ထောင့်စုံကနေ အကောင်းဆုံး ဖြစ်အောင်လုပ်ခဲ့ကြတယ်။ ‘တိမ်လွှာမို့မို့လွင်’ဇာတ်ကားနဲ့ ‘မှုန်ရွှေရည်’ ဇာတ်ကားနှစ်ခု ကြားကရုပ်ရှင်အရူးမလေး’ ဇာတ်ကားမှာ ဦးဝင်းဦးက ဧည့် သည်သရုပ်ဆောင်အဖြစ် ပါဝင် ပေးခဲ့ပြီး ဇာတ်ညွှန်းကိုလည်း ပြင်ပေးတယ်” ဟု ပြောသည်။ ဇာတ်ညွှန်းနှင့်ပတ်သက်ပြီး ကျွမ်းကျင်သူ တစ်ယောက်ဖြစ် ကြောင်းကိုလည်း…

“တစ်ထိုင်တည်းနဲ့ ဇာတ် ညွှန်း သုံးခုလောက်ကို ရေးနိုင် တယ်။ သူနဲ့အပြိုင် ဇာတ်ညွှန်း ရေးကြတယ်။ အဲဒီလိုရေးတဲ့ အထဲမှာ ‘ဆောင်းအိပ်မက်၊ ကျောက်မဲအကျဉ်းသား’ ဇာတ် ကားတွေပါတယ်။ ဇာတ်လမ်း စအဖွင့်ကနေ အဆုံးအထိ ဇာတ်ရဲ့အရှိန် အနိမ့်၊အမြင့်ကို ရေးနိုင်တယ်” ဟု ဦးအောင်လွင်က ရှင်းပြခဲ့သည်။

No comments:

Post a Comment