Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 26, 2013

ကျန်းမာရေး အတွက် Gym နဲ့ ယောဂလေ့ကျင့် ခန်းများကို ပုံမှန်ကစားဖြစ်တဲ့ ဝတ်မှုန်ရွှေရည်

ကျန်းမာရေး အတွက် Gym နဲ့ ယောဂလေ့ကျင့် ခန်းများကို ပုံမှန်ကစားဖြစ်တဲ့ ဝတ်မှုန်ရွှေရည် ဝတ်မှုန်ရွှေရည်က Gym နဲ့ ယောဂလေ့ကျင့် ခန်းများကို ပုံမှန် ကစား ဖြစ်ပြီး  အားကစား လုပ် ခြင်းက စိတ်ဖိစီး မှုတွေကို ပျောက်စေတယ်လို့ ပြောပါတယ်။ “အား ကစား လုပ်တာက စိတ် ဖိစီးမှုတွေ ပျောက် တယ်။ အားကစား လုပ်ပြီးရင် အစား အသောက်လည်း ထိန်းဖြစ်တယ်။ တစ် ပတ်မှာGym က ၃ ရက်၊ ၄ရက်လောက် ဆော့ဖြစ် တယ်။ ယောဂက တစ်ပတ်မှာ ၁ရက်၊၂ရက် လောက်လုပ်ဖြစ်တယ်။ တင်း နစ်က အရင်တုန်းက ရိုက်ဖြစ် တယ်။
အခုနောက်ပိုင်းတော့ မရိုက်ဖြစ်တော့ဘူး။ တင်းနစ်ရိုက်ပြီး ရင်တအားပင် ပန်းလို့ မရိုက်ဖြစ်တော့ တာပါ။ အားကစားကို လူတိုင်း အချိန်ပေးပြီး လုပ်သင့်ပါတယ်။ အမြဲတမ်းလေ့ကျင့်ခန်းလုပ်တော့ လူလည်း ကျန်းမာတယ်” လို့ အား ကစားလုပ်လို့ရတဲ့ အကျိုးကျေးဇူးတွေ ကို ပြောပြပါတယ်။ ဝတ်မှုန်ရွှေရည်ကကားရိုက် တွေ ဆက်တိုက်ရှိနေပေမယ့်လည်း ပုံမှန်အနေနဲ့ တစ်လကို တစ်ရက်၊ နှစ်ရက်ေ လာက်တော့ နား ဖြစ်ကြောင်း ပြောပါတယ်။ “နားရက်ကိုလည်း ထား ထားပါတယ်။
ကျန်းမာရေးကိုတော့ အဓိက အားဖြင့် အစားအသောက်၊ အနေအထိုင်ကို အဓိကဂရု စိုက်ဖြစ် တယ်။ ကျန်းမာစေတဲ့ အစားအသောက်ကို အဓိက ဦးစားပေးပြီး စားဖြစ်တယ်။ အသီးအရွက်ကို ပိုပြီး စားတယ်။ ပြီးတော့ လေ့ကျင့်ခန်းကို အချိန်ရရင် ရသလို ပုံမှန်လေးကစားဖြစ်တယ်။ ကျန်း မာရေးကို အဲဒီလိုပဲ ဂရုစိုက်ဖြစ်တယ်။ ကစ် တအားအလုပ်ပင် ပန်းလာရင် အိမ်မှာပဲအနားယူလိုက်တယ်။ တစ်ယောက်တည်းနေတာ ပဲ ဖြစ်ဖြစ်၊ ရုပ်ရှင် ကြည့်လိုက်တာပဲဖြစ် ဖြစ်စိတ်ကိုအပန်းဖြေဖြစ်တယ်။ ပြီး တော့ စာအုပ်ဖတ် ဖြစ်တယ်။ မိသားစုကို အချိန်ပေးဖြစ်တယ်။ ဒါပေမဲ့ အမြဲတမ်းလိုလိုတော့ မပေးဖြစ်ပါဘူး။
ကိုယ်အလုပ် မရှိတဲ့ရက်၊ ညဘက်ပိုင်းလေး ပဲဖြစ်ဖြစ် အချိန် ပေးဖြစ်တယ်” လို့ ရှုတင်နားရက်မှာ အနားယူဖြစ်တဲ့အကြောင်းကို ဝတ်မှုန် ရွှေရည်က ပြောပြ ပါတယ်။ အခု လက်ရှိ အချိန်မှာတော့ အနုပညာ အလုပ်ကိုပဲ ဝါသနာပါသလို တခြား စီးပွားရေးအလုပ်တွေနဲ့ပတ်သက် ပြီး တော့လည်း စိတ်ဝင်စားကြောင်း၊ သူ့အနေနဲ့ အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းလေးတွေကို ပိုပြီးစိတ်ဝင် စားကြောင်း၊ အဓိကလုပ်ဖြစ် နေတာက ဒီအနုပညာ အလုပ်တစ်ခု ပဲဖြစ်ကြောင်း ဝတ်မှုန်ရွှေရည်က ပြောပါ တယ်။
ခိုင်ဝေလွင်၊ လွင်လွင်ထွန်း

No comments:

Post a Comment