CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 4, 2013
ဇနီးဖြစ်သူအား သတ်ဖြတ်၍ ခန္ဓာကိုယ် အပိုင်းပိုင်းဖြတ်ကာ ရေခဲသေတ္တာအတွင်း ထည့်သွင်းခဲ့သည့် အမျိုးသားကို ရဲတပ်ဖွဲ့ဖမ်းဆီး
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ တွင် ဇနီးဖြစ်သူကို သတ်ဖြတ်၍ ခန္ဓာကိုယ် အပိုင်းပိုင်း ဖြတ်ကာ နေအိမ် အတွင်းရှိ ရေခဲသေတ္တာ အတွင်း ထည့်သွင်း ထားသည့် အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့ က ဒီဇင်ဘာ ၃ ရက်တွင် ဖမ်းဆီး ခဲ့ကြောင်း သိရသည်။
အသက် ၂၇ နှစ်အရွယ် ဂီရစ်ရှ်ကို့တ် အမည်ရှိ အဆိုပါ အမျိုးသား သည် ၄င်း၏ ဇနီးဖြစ်သူ မာဒူဝမ်တီ ကို ဓားဖြင့် ထိုးသတ်ခဲ့ပြီး သူမ၏ ခန္ဓာကိုယ်အား သုံးပိုင်း ဖြတ်တောက်ကာ နှစ်ပိုင်းကို ပလတ်စတစ် အိတ်နှင့် ပတ်၍ ရေခဲသေတ္တာ အတွင်း ထည့်သွင်းခဲ့ပြီး ကျန်တစ်ပိုင်း ကို မွမ်ဘိုင်းမြို့ ဆင်ခြေဖုံး ဘာယန်ဒါ အရပ်ရှိ ၄င်းတို့၏ အိပ်ခန်း အတွင်း ထားရှိ ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။
ကို့တ်သည် ၄င်း၏ ဇနီးဖြစ်သူကို သတ်ဖြတ် အပြီးတွင် အလောင်း ဖျောက်ဖျက် ပစ်ရန် အတွက် အခြားသူ တစ်ဦးထံ အကူအညီ တောင်းခံခဲ့ရာ ၄င်းက ရဲတပ်ဖွဲ့ကို အကြောင်းကြား ခဲ့ရာမှ ဒူဝမ်တီ ၏ ရုပ်အလောင်း ကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ကို့တ်သည် ၄င်း၏ ဘဏ်စာရင်းကို မကြာခဏ ပြောင်းလဲလေ့ ရှိပြီး ၄င်းနှင့် ဇနီးဖြစ်သူ အကြားတွင် ငွေကြေးကိစ္စ နှင့်စပ်လျဉ်း၍ မကြာခဏ စကားများလေ့ ရှိကြောင်း ရဲတပ်ဖွဲ့က ၄င်းတို့၏ စုံစမ်း သိရှိချက် များကို ထပ်လောင်း ပြောကြားခဲ့သည်။
၎င်းတို့တွင် နှစ်နှစ်အရွယ် ကလေးငယ် တစ်ဦးရှိပြီး ယင်း ကလေးငယ်မှာ လက်ရှိတွင် ကို့တ်၏ မိခင်ဖြစ်သူ နှင့်အတူ နေထိုင်လျက်ရှိသည်။ အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ကို့တ်ကို ရဲတပ်ဖွဲ့က စစ်ဆေးမေး မြန်းလျက်ရှိသည်ဟု သိရသည်။
The Myawady Daily
ဇနီးဖြစ်သူအား သတ်ဖြတ်၍ ခန္ဓာကိုယ် အပိုင်းပိုင်းဖြတ်ကာ ရေခဲသေတ္တာအတွင်း ထည့်သွင်းခဲ့သည့် အမျိုးသားကို ရဲတပ်ဖွဲ့ဖမ်းဆီး
Reviewed by VC
on
December 04, 2013
Rating: 5
Reviewed by VC
on
December 04, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment