Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 25, 2013

"မင်္ဂလာပွဲ အတွက် စိတ်လှုပ်ရှားနေတဲ့ ဝိုင်းစုခိုင်သိန်းတို့ ချစ်သူနှစ်ဦး"


ဒါရိုက်တာ ထင်အောင်ကျော် ရိုက်ကူးနေတဲ့ “အိမ်ရှင်ထီး” ဇာတ်ကားကို ဝိုင်းစုခိုင်သိန်း က ဖြိုးငွေစိုး နဲ့အတူ ပါဝင် သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကား ထဲမှာ ဝိုင်းစုခိုင်သိန်း က ဖြိုးငွေစိုးရဲ့ ဇနီး အဖြစ် သရုပ်ဆောင် ထားပါတယ်။

မင်္ဂလာ ကိစ္စတွေကို စီစဉ်ဖြစ်နေပြီး ဖြစ်ချင်တာ တွေ တအား များနေတဲ့ အတွက် စိတ်ဖိစီးမှု ကတော့ ရှိနေပါတယ် လို့ ပြောတဲ့ ဝိုင်းစုခိုင်သိန်း က “မင်္ဂလာ ကိစ္စရော၊ ပွဲ ကိစ္စတွေရော ၊ကားရိုက် အလုပ် ကိစ္စတွေပါ အားလုံး အပေါ်မှာ ဝိုင်းစု အနေနဲ့ စိတ်ဖိစီးမှုက တော့ များတယ်။ စိတ်ဖိစီးမှု များလွန်းလို့ ဝိုင်းစု ဒီရက်ပိုင်းမှာဆေးခန်းတောင် သွားပြီး ဆရာဝန် နဲ့ ပြကြည့်ရတယ်။ ဝိုင်းစု ညညဆို သိပ်အိပ်မပျော်ဘူး။ ဦးနှောက်က အိပ်လို့မရဘူး။ လုံးဝ အိပ်မပျော်ဘူး။ အဲဒီလိုမျိုးတွေ ဖြစ်တယ်။ အရင်က သူ များတွေ ရဲ့ မင်္ဂလာပွဲမှာ ကိုယ်ပါဝင် ကူညီပေးရတာလေ။ ဒါပေမဲ့ အခုက ကိုယ့်ရဲ့ မင်္ဂလာပွဲဖြစ်တော့ စိတ်လည်း လှုပ်ရှားမိ တယ်။ ပျော် လည်း ပျော် ပါတယ်။ ကိုယ့်ရဲ့ မင်္ဂလာပွဲ ကို ကိုယ်တိုင် စီစဉ်ရတာလည်း ပျော်တယ်။ ကိုယ့်ရဲ့ စိတ်တိုင်းကျ ဆိုတော့ ပျော်တယ်။ ဒါပေမဲ့ စိတ်ဖိ စီးမှုတော့ များတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကတစ်ခါမှ လည်း မကြုံဖူးဘူးတဲ့ အရာ ဆိုတော့ တချို့ကိစ္စတွေမှာ လိုအပ်ချက် ရှိနေတာမျိုးတွေလည်း ရှိတယ်။

“တချို့က မင်္ဂလာ ကိစ္စနဲ့ ပတ်သက်ပြီး ဝိုင်းစု လိုက်ပြီး လုပ်ရတာတွေတော့ ရှိတယ်။ အဓိကကတော့ ဝိုင်းစုရဲ့ မင်္ဂလာပွဲ ကိစ္စ တစ် ခုတည်းနဲ့ စိတ်ဖိစီးမှု များနေတာတော့ မဟုတ်ဘူး။ တခြား အလုပ် လုပ်ချင်တာတွေ ရော၊ ဝိုင်းစု အခွေ ထွက်ချင် တာတွေ ရောစုပြီးတော့ စိတ်ဖိစီးမှု များသွားတာပေါ့။ မင်္ဂလာကိစ္စ နဲ့ ပတ်သက် လို့ ကတော့ တော်တော်လည်း စီစဉ် ပြီးနေပါပြီ” လို့ဆိုပါတယ်။

ကိုဥက္ကာကြူ နဲ့ ဝိုင်းစုခိုင်သိန်း တို့ချစ်သူနှစ်ဦး မှာ ဒီဇင်ဘာ ၂ဝ ရက် နေ့က မန္တလေးမြို့ရှိ မန္တလာသီရိ ဘောလုံးကွင်းမှာ ယှဉ်ပြိုင် ခဲ့ကြတဲ့ မြန်မာ-မလေးရှား အမျိုး သမီး ဘောလုံး အသင်းပွဲ ကို အနုပညာ မောင်နှမတွေ နဲ့အတူသွား ရောက် အား ပေးခဲ့ ကြပါ တယ်။

Popular Journal

No comments:

Post a Comment