Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 25, 2013

မြန်မာနိုင်ငံတွင် တစ်နှစ် ဘီယာသောက်သုံးမှု လီတာ ၄၆ သန်းကျော်ရှိ

Photo - CBB
မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ဘီယာသောက်သုံးမှုမှာ လီတာပေါင်း ၄၆ သန်းကျော်ရှိပြီး ထိုပမာဏ၏ ထက်ဝက်ကျော်ကို တရားမ၀င် မှောင်ခိုလမ်းကြောင်းမှ တင်သွင်းနေခြင်းဖြစ်ကြောင်း  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သတင်းရရှိသည်။
ပြည်တွင်းရှိ တည်ဆောက်ထားသော ဘီယာစက်ရုံသုံးရုံ၏ ထုတ်လုပ်နိုင်မှုသည် လီတာသန်း ၂၀ သာရှိပြီး တရားဝင် ဘီယာတင်သွင်းခွင့် မပြုထားခြင်းကြောင့် ကျန်လီတာ၂၆ သန်းမှာ မှောင်ခိုလမ်းကြောင်းမှ ၀င်ရောက်နေခြင်းဖြစ်ကြောင်း MIC မှ ဦးအောင်နိုင်ဦးက ပြောသည်။
““ပြည်တွင်းကလည်း  လီတာ သန်း ၂၀ ပဲ ထုတ်နိုင်တယ်။ သောက်တာက ၄၆ သန်း ဖြစ်နေတယ်။ ကုန်သွယ်ရေးကလည်း တင်သွင်းခွင့်ပိတ်ထားတယ်ဆိုတော့ ကျန်တာတွေက တရားမ၀င်လမ်းကြောင်းက ဖြစ်နေတယ်။ ကုန်သွယ်ရေးပိတ်ထားတဲ့ ဘီယာတွေလည်း ပြည်တွင်းမှာ ရနေတော့ ဒါတွေက တရားမ၀င်လမ်းကြောင်းက ၀င်တာတွေပဲပေါ့”” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။
ဘီယာ သောက်သုံးမှုတွင် အသက် ၁၈ နှစ်အထက် အမျိုးသား ၂၅ ရာခိုင်နှုန်းအား မေးမြန်းကောက်ယူထားသော စစ်တမ်းဟု ဆိုသည်။  စစ်တမ်းတွင် လူတစ်ဦး ဘီယာသောက်သုံးမှုသည် တစ်ရက်လျှင် ၄ လီတာနှင့် ၅ လီတာကြား ရှိသည်ကို တွေ့ရပြီး ထိုပမာဏမှာ ဒေသတွင်းအာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သောက်သုံးမှုအနိမ့်ဆုံးဖြစ်နေသည်။
လက်ရှိသောက်သုံးနေမှုအပြင် လူနေမှုပုံစံ၊ ပတ်ဝန်းကျင်အနေအထားအရ လက်ရှိသောက်သုံးနေမှုထက် လာမည့်နှစ်များတွင် ၇ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ကြောင်း ၀န်ကြီးဌာနရှစ်ခု ပူးပေါင်း ကောက်ယူထားသည်ဆိုသော စစ်တမ်းက ဆိုသည်။
ထို့ကြောင့် တရားဝင် တင်သွင်းခွင့်မပြုပါက မှောင်ခိုဝင်ရောက်မှုမှာ လက်ရှိထက် ပိုများလာတော့မည်ဖြစ်သည်။ သို့သော် တရားဝင်တင်သွင်းခွင့် ပြုလိုက်မည်ဆိုပါကလည်း ဘီယာအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၅၀ ရာခိုင်နှုန်းရှိသော်လည်း အကောက်ခွန်နှုန်းမှာ သုညရာခိုင်နှုန်းသာရှိသည်။ ယင်းမှာ အာဆီယံနိုင်ငံများ၏ ကုန်သွယ်မှုသဘောတူညီချက်များလည်း ဖြစ်သည်။၂၀၁၅ တွင် အာဆီယံ လွတ်လပ်သောကုန်သွယ်မှုနယ်မြေ စတင်လာပါက ဘီယာမှာ ပိတ်ပင်ထား၍ ရတော့မည်မဟုတ်သောကြောင့် တရားဝင်တင်သွင်းခွင့် ပြုရတော့မည်ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနက အရက်တင်သွင်းမှုကို ကန့်ကွက်သော်လည်း ဘီယာတင်သွင်းမှုအပေါ်တွင် ကန့်ကွက်ခြင်းမရှိဘဲ တင်သွင်းခွင့်ပြုထားကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။ပြည်တွင်းသောက်သုံးမှုများ လုံလောက်ရုံဆိုပါကလည်း လက်ရှိ  စက်ရုံသုံးရုံမှ  ထုတ်လုပ်မှုနှင့် စက်ရုံနှစ်ရုံ ထပ်မံချထားပေးလိုက်ပါက လုံလောက်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

No comments:

Post a Comment