CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 4, 2013
သရုပ်ဆောင်ဂန္တဝင် ဗိုလ်ချုပ်ကျော်ဘ သားနှင့် ခရိုနီများ အရှုပ်တော်ပုံ
၂၀၀၈ ခုနှစ်၊ မူးယစ်ဗဟို အစီရင်ခံစာမှ ထုတ်နုတ်တင်ပြပါသည်-
(တရားခံ မင်းနိုင်(ခ) စိုးလှိုင်မြတ်၏ အစစ်ခံချက်မှ-)
ကိုအောင် (ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏သား)နှင့် ဆက်သွယ်ရင်းနှီးမှု
၂ဝဝ၇ ခုနှစ် စက်တင်ဘာလခန့်က ပိုင်အိုးနီးယားကလပ်သို့ ကျွန်တော်သွားစဉ် ကိုအောင်နှင့်ရင်းနှီးခဲ့ပြီး ကိုအောင်မှ ကျွန်တော်အား စိတ်ပြောင်း/စိတ်ကြွဆေးပြားများ ပေးသုံးစွဲခဲ့ပြီး ကျွန်တော်မှလည်း အက်စ်တစီ ဆေးပြားများ ပြန်လည်ပေးသုံးခဲ့ဘူးပါသည်။ ကိုအောင်ကို ၄င်းနှင့်အမျိုးတော်သူ နဝရတ်(ခ)မဇာ မိတ်ဆက်ပေး၍ သိရှိရပါသည်၊ကိုအောင်နှင့် တစ်ခါတစ်ရံခန့်သာ ဆုံဖြစ်ပြီး ၄င်း၌ဆေးပြားရှိလျှင် ပေးပြီး ကျွန်တော်၌လည်း ရှိလျှင် တွေဆုံသည့်အခါတိုင်း ပေးဖြစ်ပါသည်။
၂ဝဝ၇ခုနှစ် နိုဝင်ဘာလတွင် ပိုင်အိုးနီးယားကလပ်၌ ကိုအောင်မှ ကျွန်တော်အား ' ၅' တံဆိပ်ပါ အဝါရောင် ဆေးပြား(၅)ပြားအား ပေးခဲ့ပြီး ထိုဆေးများကို ကျွန်တော်မှ မိန်းကလေးများနှင့် မဆက်ဆံမီ နာရီဝက်ခန့် အလို၌ ရေနှင့်တစ်ကြိမ်လျှင်(၁)လုံး သောက်ခဲ့ရာ (၃)ကြိမ်ခန့် သောက်ခဲ့ဘူးပါသည်၊ ထိုဆေးပြားအား လျှာအောက်တွင် ထည့်၍ငုံထားပါက ပို၍ကောင်း ကြောင်း ကိုအောင်မှ ပြော ဘူးပါသည်၊ယခု သိမ်းဆည်းခံရသော ' ၅ 'တံဆိပ်ပါအဝါရောင်ဆေးပြား(၂)ပြားမှာ ကိုအောင်မှ ပေး ခဲ့သော ဆေးပြားများ ဖြစ်ပါသည်။ ၂ဝဝ၇ ခုနှစ် ဧပြီလ သင်္ကြန်တွင် လျှောက်လည်ရင်း သရုပ်ဆောင် ဂန္တဝင်နှင့်ရင်းနှီးခဲ့ပြီး ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလတွင် ချစ်သူ ဖြစ်ခဲ့ပါသည်။ ၄င်းနှင့်ကျွန်တော်တို့သည် အက်စ်တာစီဆေးပြားသုံးစွဲဘူးပါသည်။ ၄င်းအား ကျွန်တော်ပေး၍ သုံးစွဲခြင်းဖြစ်ပါသည်၊၂ဝဝ၇ ခုနှစ် နိုဝင်ဘာလခန့်တွင် ကျွန်တော်၏ သူငယ်ချင်းဖြစ်သူ အမေရိကန်နိုင်ငံနေ ကျော်သူအောင်အား ရန်ကုန်သို့ပြန်ရောက်လာစဉ် ၄င်းမှ အက်တစီ ဆေးပြား(၁၅)ပြား ပေးသဖြင့် သုံးစွဲခဲ့ပါ သည်။ ကျော်သူအောင်မှာ အမေရိကန်နိုင်ငံတွင် နေထိုင်လျက် ရှိပါသည်။
အောင်ဇော်ရဲမြင့် ( ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၏သား)နှင့်ဆက်သွယ်ရင်းနှီးမှု
၂ဝဝ၈ ခုနှစ် ဖေဖေါ်ဝါရီလခန့်တွင် ကျွန်တော်သည် ပိုင်အိုးနီးယားကလပ်သို့သွားစဉ် နဝရတ်(ခ)မဇာ မိတ်ဆက်ပေးသဖြင့် အောင်ဇော်ရဲမြင့်နှင့် ရင်းနှီးခဲ့ပြီး (WY)စိတ်ကြွဆေးပြား ပေးသုံး၍ မကြာခဏ သုံးစွဲဘူးပါသည်၊ အောင်ဇော်ရဲမြင့်၏ဖုန်းအမှတ်မှာ ဝ၉-၅ဝဝဝဝဝ၅ ဖြစ်ပါသည်။ ၂ဝဝ၈ ခုနှစ် မတ်လ ပထမပါတ်တွင်ပင် ကျွန်တော် ပိုင်အိုးနီးယားကလပ်သို့သွားစဉ် အောင်ဇော်ရဲမြင့်မှ (WY) စိတ်ကြွဆေးပြား (၇ဝ)ပြားကို ကျွန်တော်၏ ဘောင်းဘီအိတ်ထဲသို့ လက်ဆောင်ပေးသွားခဲ့၍ ရရှိခဲ့ပါသည်၊၂ဝဝ၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ကျွန်တော်သည် ပိုင်အိုးနီးယားကလပ်သို့သွားစဉ် အောင်ဇော် ရဲမြင့် နှင့် တွေ့ဆုံပြီး ၄င်းမှ ကျွန်တော်၏မွေးနေ့ အတွက် အက်တက်စီဆေးပြား (၃ဝ) ပြားပေးခဲ့ပါသည်။ ကျွန်တော်မွေးနေ့ မှာ ၂ဝဝ၈ မတ်လ ၃ဝ ရက်နေ့ ဖြစ်ပါသည်။
(မူးယစ်ဗဟိုအစီရင်ခံစာမှ ကောက်နုတ်ချက်)
မောင်ဝိတ်၊ အောင်ဇော်ရဲမြင့်နှင့် မလေးရှားနိုင်ငံသား မန်းနီးတို့၏ဆက်စပ်မှု
၂ဝဝ၆ ခုနှစ် စက်တင်ဘာလခန့်တွင် အောင်ဇော်ရဲမြင့်သည် မလေးရှားနိုင်ငံသို့ စီးပွားရေး လုပ်ငန်းများ (လှော်ကားဥယျာဉ်တွင် ကာစီနိုဝိုင်းဖွင့်ရန်၊ ဘိုင်အို ဒီဇယ်ထုတ်သည့်စက်များ ပြည်တွင်းသို့ သွင်း ရန်) ဆောင်ရွက်ရန် သွားရောက်ခဲ့ပါသည်။ ထိုသို့သွားရောက်စဉ် ကွာလာလမ်ပူမြို့ရှိ ကွန်းကော့ ဟိုတယ်၌ တည်းခိုခဲ့ပါသည်။ ထိုသို့ တည်းခိုစဉ် မန်းနီးဆိုသူမှ လာရောက်တွေ့ဆုံ၍ စားသောက်ဆိုင်များ၊ ကလပ်များ သို့ခေါ်၍ ဧည့်ခံခဲ့ပါသည်။ ထိုသူမှာ မလေးရှား မာဖီးယားဖြစ်ကြောင်း ကိုအောင်မှပြောပြ၍ သိရှိခဲ့ပါသည်။ စားသောက်ဆိုင်များ၊ ကလပ်များသို့ သွားရောက်သည့်အခါ မန်နီးမှာ မြန်မာပြည်မှ နံပါတ် ၅ အဆင့်ရှိသူ၏ သားဖြစ်ကြောင်း မိတ်ဆက်ပေးပါသည်။ ကာစီနိုဝိုင်းသို့သွားသည့်အခါ ကိုအောင်အား မောင်ဝိတ် င်္Family ဟုသာသိရှိကြပါသည်။ မောင်ဝိတ်နှင့် အောင်ဇော်ရဲမြင့်တို့ ကာစီနိုဝိုင်းသို့ သွားရောက်ဖူးသည့် အတွက် မောင်ဝိတ် Family ဟုသိရှိခြင်းဖြစ်ပြီး ကာစီနိုဝိုင်းအား ဘွတ်ကင်ပြုလုပ်သည့်အခါ မောင်ဝိတ် Family ဟုသာ ပေးခဲ့ပါသည်။ မန်းနီးမှာ အောင်ဇော်ရဲမြင့်နှင့် အေးမြတ်အောင်တို့ နေပြည်တော်၌ မင်္ဂလာဆောင်စဉ် မလေးရှားနိုင်ငံမှလာရောက်ခဲ့ပါသည်။
(တရားခံ ချမ်းကျော်၏ စစ်ချက်မှ-)
အောင်ဇော်ရဲမြင့် လက်နက်နှင့်ပတ်သက်သည့်ကိစ္စများ
၂၆။ ကျွန်တော်သည် အောင်ဇော်ရဲမြင့်နှင့်အတူ Micasa ဟိုတယ်တွင် အတူတည်းခိုနေစဉ် သေ နတ်လိုချင် ကြောင်း၊ ကျော်စွာမြင့်အား လာရောက်ပေးရန်ဖုန်းဆက်ပြောရာ ကျော်စွာမြင့်မှ ပစ္စတို ၉ MM သေနတ်နှင့် လေ့ကျင့်ရေးသေနတ်တို့အား လာရောက်ပေးပါသည်။ BME ကလပ်သို့သွားသည့်အခါ တစ်ခါတစ်ရံယူသွားပြီး မန်နေဂျာကိုခေါ်ပြီး ကားတံခါးဖွင့်ပြကာ သေနတ်ပါကြောင်း ပြောပြခြောက် လှန့်တတ်ပါသည်။
၂၇။ ၂ဝဝ၆ ခုနှစ် နိုဝင်ဘာ၊ ဒီဇင်ဘာလခန့်တွင် ကျော်စွာမြင့်မှ Micasa ဟိုတယ်သို့ လာရောက် ၍ အောင်ဇော်ရဲမြင့်အား သေနတ်လာပို့စဉ် ကျွန်တော်လည်း အခန်းထဲ၌ ရှိနေပါသည်။ ထိုလာပို့သည့် ၉ MM သေနတ်မှာ သေနတ်အစစ်ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင် ကိုင်ကြည့်ခဲ့ပါသည်။ ဟိုတယ်အခန်းထဲ တွင် ကိုနေလင်းကျော်ပါရှိနေပြီး ၉ MM သေနတ်အား နေလင်းကျော်မှကိုင်၍ သေနတ်ကျည်အိမ်ကို ဖြုတ် ကြည့်ပါသည်။ သေနတ်ကျည်အိမ်ထဲတွင် ကျည်ဆံမပါရှိပါ။ အပြင်၌လည်း ကျည်ဆံမတွေ့ပါ။ ကျွန်တော်မှလည်း လေ့ကျင့်ရေးသေနတ်ဟု ကိုအောင်ဇော်ရဲမြင့်မှ ပြောကြားသည့် အရှည် (ခေါက်လျက်) ၁ ပေကျော်ခန့်ရှိ သေနတ်ကို ကိုင်၍ကြည့်ပါသည်။ သေနတ်မှာ ခေါက်၍ထားပြီး ကိုယ်ထည်တွင် ကပ်ထားသည်ကို တွေ့ရပါသည်။ သေနတ်ကိုယ်ထည်မှာ စီးစီးပိုင်ပိုင်ရှိပြီး လေးပါသည်။ သေ နတ်ကိုယ်ထည် တစ်ခုလုံးမှာ သံထည်ဖြင့်ပြုလုပ်ထားပြီး ကျွန်တော်မှ ၂ ကြိမ်ခန့်ကိုင်တွယ်ကြည့်ရှုခဲ့ပါ သည်။ ထိုနေ့က သေနတ်လာပေးချိန်မှာ ည ၈ နာရီ ၉ နာရီခန့်ရှိပြီး သေနတ်လာပို့ပြီး နာရီဝက်ခန့်အကြာတွင် ကျော်စွာမြင့်မှာ ပြန်သွားပါသည်။ သေနတ်လာပို့သည့်နေ့က Micasa ဟိုတယ်တွင် ကိုအောင်နှင့်အတူနေထိုင်သူ မဖြူဖြူ (ခ) အုန်းမွှေးလုံး၊ ကျော်လှိုင်၊ နေလင်းကျော်တို့လည်း ရှိနေပါသည်။ သေနတ်လာပို့သည်ကို ဖြူဖြူမှာ အများဆုံး သိရှိနိုင်ပါသည်။ သေနတ်လာပေးပြီးနောက် ရက်မမှတ်မိနေ့ညပိုင်းတွင် BME-1 ကလပ်သို့ ကိုအောင်မှ သေနတ်အရှည်ကို ၄င်း၏ကား (အမည်အမျိုးအစားမမှတ်မိ) ပေါ်တွင် တင်ဆောင်လာသည်ကို ကျွန်တော်မှ တွေ့ရှိခဲ့ပါသည်။ အလားတူ BME-1 မှ ဝန်ထမ်းများလည်း သိရှိနိုင်ပါသည်။ ထိုနေ့ညက ကလပ်သို့ရောက်စဉ် နေလင်းကျော်မှ ကျွန်တော်၏ လက်ကို ဆွဲကိုင်ရင်း သူ၏ခါးကိုစမ်းခိုင်းရာမှ သေနတ်ယူဆောင်လာသည်ကို စမ်းသပ်မိပါသည်။
Moe Zay Nyein
သရုပ်ဆောင်ဂန္တဝင် ဗိုလ်ချုပ်ကျော်ဘ သားနှင့် ခရိုနီများ အရှုပ်တော်ပုံ
Reviewed by VC
on
December 04, 2013
Rating: 5
Reviewed by VC
on
December 04, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment