Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 11, 2013
လက်​ကျန် ​နိုင်​ငံ​ရေး​အ​ကျ​ဉ်း​သား​များ ​အ​ချို့ ​ပြန်​လွတ်
 အင်း​စိန်​ထောင်၊ ​သ​ထုံ​ထောင်၊ ​ပဲ​ခူး​ထောင်၊ ​ပု​သိမ်​ထောင်၊ ​သာ​ယာဝ​တီ​ထောင်၊ ​ကော့​သောင်း​ထောင်၊ ​မြစ်​ကြီး​နား​ထောင်၊ ​တောင်​ငူ​ထောင်​နဲ့ ​ဘူး​သီး​တောင်​ထောင် ​စ​တဲ့ ​အ​ကျ​ဉ်း​ထောင်​အ​သီး​သီး​က ​နိုင်​ငံ​ရေး ​အ​ကျ​ဉ်း​သား ၄၁ ​ယောက် ​ပြန်​လည် ​လွတ်​မြောက်​လာ​တာ ​ဖြစ်​ပါ​တယ်။
ပြန်​လွတ်​မြောက်​လာ​တဲ့​သူ​တွေ​ထဲ​မှာ ​ပုဒ်​မ ၁၈ ​နဲ့ ​အ​ကျ​ဉ်း​ကျ​ခံ​နေ​ရ​တဲ့​သူ​တွေ ​များ​တယ်​လို့ ​နိုင်​ငံ​ရေး ​အ​ကျ​ဉ်း​သား​ဟောင်း​များ​အ​ဖွဲ့​က ​ဦး​သက်​ဦး ​က ​အ​ခု​လို ​ပြော​ပါ​တယ်။
“​ပုဒ်​မ ၁၈ ​နဲ့ ​ကျ​နေ​တဲ့ ​သူ​တွေ Generation Wave ​မိုး​သွေး​၊ ​ဒီ​ငြိမ်း​လင်း​၊ ​သ​ထုံ​ထောင်​က ​လေ​ဘာ ​ကို​မြင့်​စိုး​တို့ ​ပြန်​လည်​လွတ်​မြောက်​လာ​ပါ​တယ်။”
ဒီ​နှစ်​ကုန်​မှာ ​နိုင်​ငံ​ရေး​အ​ကျ​ဉ်း​သား ​စိ​စစ်​ရေး​ကော်​မ​တီ​ကို ​ဖျက်​သိမ်း​ဖို့ ​ရှိ​ကြောင်း ​သိ​ရှိ​ရ​ပါ​တယ်။ ​ဒါ့​အ​ပြင် ​မြန်​မာ​နိုင်​ငံ ​အ​ကျ​ဉ်း​ထောင် ​အ​သီး​သီး​မှာ ​နိုင်​ငံ​ရေး​အ​ကျ​ဉ်း​သား ၄၄ ​ယောက်​ကျန်​ရှိ​သေး​တယ်​လို့ ​သိ​ရ​ပါ​တယ်။
No comments:
Post a Comment