ပြည်သူ့ ဆရာဝန်အလိုရှိသည်။ ဆာဖြူရစ်စက်ရုံရှိတဲ့ လက်ပံတောင်းက ကံကုန်းကျေးရွာ သေဆုံး စာရင်းပို့လာပါတယ်။ ဒီစာရင်းအရ ၂၀၁၂ မှာ ၂၉ ယောက်၊ ၂၀၁၃ နိုဝင်ဘာလအထိ ၃၁ ယောက်သေ ဆုံးပါတယ်။ စုစုပေါင်းလုဦးရေ ၃၈၈၂ ပေါ်မှာအခြေခံတွက်ရင် သေဆုံးမှုနှုန်းဟာ လူဦးရေ တစ်သိန်း မှာ ၇၄၇ယောက် (၂၀၁၂) နဲ့ ၇၉၉ ယောက် (၂၀၁၃) ရှိကြောင်းတွေ့ရပါတယ်။
ဒီသေနှုန်းဟာ မြင့်မားတယ်လို့ ယူဆပါတယ်။ (နိုင်ငံတော်ပျမ်းမျှနှုန်းနဲ့ အခြားဒေသတွေရဲ့နှုန်းတွေနဲ့ ဆက်လက်နှိုင်းယှဉ်သွားဘို့တော့ လိုပါသေးတယ်) သေတဲ့သူတွေထဲမှာ ငရဲမီး(ဆာလဖြူရစ် အက်စစ်) ကြောင့် ဖြစ်တဲ့ရောဂါလို့ယူဆနိုင်တဲ့ အဆုတ်၊လည်ချောင်း နဲ့ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါတွေကြောင့် သေဆုံးမှုကိုဆက်လက်လေ့လာရင် ၂၀၁၂ ခုနှစ်မှာ စုစုပေါင်းရဲ့ ၃၄% နဲ့ ၂၀၁၃ ခုနှစ်မှာ ၁၆% တွေ့ရပါတယ်။ ၂၀၁၃ မှာ စီမံကိန်း ဆောင်ရွက်မှုဟာ ၂၀၁၂ ထက်စာရင် အရှိန်လျော့ သွားလို့ ဆက်စပ်ရောဂါ ဖြစ်ပွားမှုနှုန်း ကျသွားလို့ စဉ်းစားစရာ ရှိပါတယ်။ ဒါပေမဲ့ စုစုပေါင်း သေဆုံးမှုနှုန်း က မြင့်နေသေးတော့ ပြည်သူ့ ကျမ္မာရေးပုစ္ဆာတစ်ပုဒ် ဖြစ်နေပါတယ်။ ကျမ္မာရေးစစ်တမ်းဆောင်ရွက်ပါလို့ ကျွန်တော်တို့တောင်းဆိုနေပေမဲ့ သက်ဆိုင်ရာ ကဆောင်ရွက်မဲ့ အနေအထား မတွေ့ ရဘူး။ ဒီတော့ ကျွန်တော်တို့ စိမ်းလမ်းအမိမြေ အသင်းကဘဲ ဦးဆောင်ပြီး ကံကုန်းကျေးရွာ နဲ့ စီမံကိန်းနဲ့ အဆက်အစပ်မရှိတဲ့ဒေသထဲက ကျေးရွာတစ်ရွာမှာ ကျမ္မာရေးစစ်တမ်းကောက်ယူပြီး နှိုင်း ယှဉ်လေ့လာ သွားချင်ပါတယ်။ ကျွမ်းကျင်ဆေးပညာရှင်တွေက ရွာအတွင်း က လူတွေ၍ ကျမ္မာရေး ကို စစ်ဆေးမှတ် တမ်းတင်မှာ ဖြစ်သလို တစ်ချို့ ကို ရန်ကုန်၊မန္တလေး ဆေးရုံများ မှာ လိုအပ်သလို ခောတ်မှီ စက်ကရိယာ များနဲ့ စစ်ဆေးသွားဘို့ ပါဘဲ။ ဒီအတွက် ပူးပေါင်းဆောင်ရွက်လိုတဲ့ ပြည်သူ့မျက်နှာ ရှေ့ထား၊ အကျိုးသယ်ပိုး လိုတဲ့ ဆေးပညာရှင်များကို ဖိတ်ခေါ်လိုပါတယ်။ မိတ်ဆွေများ လက်တို့ပေးကြပါအုန်း။
ဝင်းမျိုးသူ (၈.၁၂.၁၃)
U Win Myo Thuဖေ့ဘွတ်မှ ××
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 8, 2013
သေဆုံးမူများနေတဲ့ ကံကုန်း (လက်ပန်းတောင်းတောင်)
သေဆုံးမူများနေတဲ့ ကံကုန်း (လက်ပန်းတောင်းတောင်)
Reviewed by VC
on
December 08, 2013
Rating: 5
Reviewed by VC
on
December 08, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment