Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 1, 2013

ဆက်တိုက်မြင့်တက်လာသည့် ကန်ဒေါ်လာ ငွေလဲနှုန်း ယခုလကုန် အမြင့်နှုန်းသို့ ရောက်နိုင်

နိုဝင်ဘာလဆန်းပိုင်းမှ စတင်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းများ နေ့စဉ် တက်နေရာ လကုန်ချိန်တွင် ကန်တစ် ဒေါ်လာကျပ် ၁ဝဝဝ နီးပါးအထိအမြင့် ဆုံးဈေးသို့ ရောက်နို င်ခြေရှိကြောင်း နိုင်ငံခြားငွေကြေးဈေးကွက် ကျွမ်းကျင် သူအချို့က သုံးသပ်သည်။

အရောင်းနှေး၍ အဝယ်လိုက်နေ ခြင်းကြောင့် ယခုလဆန်းပိုင်းက ကန် တစ်ဒေါ်လာ မြန်မာငွေ ၉၆၉ ကျပ်ရှိရာ မှ ၂၅ ရက်နေ့တွင် ၉၈၇ ကျပ်ရှိသွား ခဲ့သည်။ တစ်ဒေါ်လာ လျှင် ကျပ် ၂ဝ အထိတက်သွားသော်လည်း ယင်းငွေ သတ်မှတ်ချက်၌ ဝယ်ဈေးနှင့်ရောင်းဈေး နှစ်မျိုးရှိရာ ပြင်ပဈေးကွက် တစ် ဒေါ်လာ ၉၉ဝ အထိပင်ရောက်ရှိနေ သည် ဟု နိုင်ငံခြားငွေကြေး ကျွမ်းကျင်သူ ဦးစန်း ဝင်းက ပြောသည်။

”စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ ၃ လစလုံးမှာ ဒေါ်လာက နေ့ စဉ်အတက်ချည်းပဲ”ဟု ၄င်းကဆိုသည်။

လက်ရှိတွင် ပို့ကုန်ရငွေ(အန်နီ)နှင့် အဝေး (ဟွန်ဒီ)ဈေး ၂ ခုစလုံး၏ ဈေးမှာ အဓိကမြင့်နေသည့် ကာလ လည်းရောက်နေပြီဟု ဦးစန်းဝင်းက ပြောသည်။

”ပုဂ္ဂလိကဘဏ်အချို့က ပြီးခဲ့တဲ့ အပတ်က တစ်ဒေါ်လာ မြန်မာငွေ ၁၅ ကျပ်နဲ့ အပိုဈေးတောင်းတယ်။ ဒါက တော်တော်ဆိုးသွားတယ်။ ဒီလိုရှိသွား တဲ့အတွက် သွင်းကုန် လုပ်ငန်းရှင်အချို့ ဆို လုပ်ငန်းဆိုင်းငံ့လိုက်ကြတယ်။ ဒါ ကြောင့် ဒေါ်လာကစင်ကာပူကို အသွား နည်းနေတော့ အဝေးဈေးမှာ ပြဿနာရှိ သွားတယ်” ဟု ဦးစန်းဝင်းက ဆက်ြေ ပာ သည်။

မြန်မာဗဟိုဘဏ်က နှုန်းရှင်ငွေ လဲလှယ်မှုစနစ်တစ်ရပ်ကို စတင် အကောင်အထည်ဖော်လိုက်သည့် ၂ဝ၁၂ ဧပြီ ၁ ရက်နေ့ နောက်ပိုင်းတွင် တရားဝင်သတ်မှတ်ခဲ့ သည့် နှုန်းထား အမြင့်ဆုံးတက်ခြင်း လည်း ဖြစ်သည်ဟု စာရင်းများအရ သိရသည်။

ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဒေါ် လာလဲလှယ်နှုန်းဈေး တည်ငြိမ်မှုမရှိ သည့်အပြင် လဲလှယ်မှုနှုန်းထား သတ် မှတ်ချက်များ ကွဲပြားမှုများနေ မှုကလည်း ဗဟိုဘဏ်၏ ထိန်းကျောင်းမှု လိုအပ်နေ ခြင်းကို ပြနေသည်ဟု သူ့အမြင်ကို ပြော သည်။

”ပုဂ္ဂလိကဘဏ် အချင်းချင်း တောင်ဈေးမတူဘူး။ နောက်ပြီး အပြင် ဈေးတွေ လည်းရှိတော့ ပုဂ္ဂလိကဘဏ် တွေကို ဗဟိုဘဏ်အနေနဲ့ ဆွေးနွေးဖို့ လည်းလိုနေပြီ”ဟု ၄င်းကပြောသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန် ပုံငွေအဖွဲ့ (IMF) ၊ ကမ္ဘာ့ဘဏ် စသော နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့တို့နှင့် ဗဟိုဘဏ်က ပူးပေါင်း ၍ ပြည်ပငွေလဲ လှယ်မှုနှုန်း ထားကို တစ်ခုတည်းဖြစ် အောင် ကြိုးပမ်းနေခြင်းဖြစ်သည်။

၂ဝဝ၉ ခုနှစ်မှစကာ ကန်တစ် ဒေါ်လာ လဲလှယ်နှုန်းသည် ကျပ် ၉ဝဝ ကျော်အောက်ကျဆင်းပြီး ၂ဝ၁၂ ခုနှစ် ဧပြီတွင်မှ ကျပ် ၈ဝဝ ကျော်သို့ တက်ခဲ့ သည်။

PN-051

No comments:

Post a Comment