Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 11, 2013

မြင်တွေ့ဘူးသမျှမုန့်များထဲတွင်ကလေးများအပေါ် အယုတ်မာအပက်စက်ဆုံးသောတရုတ်မုန့်


-ကျောင်းဈေးဆိုင်များနဲ့မြို့ထဲရှိမုန့်ဆိုင်များမှာတင်ပြီးကလေးများကိုရောင်းချနေကြတာပါ။
-တထုပ်ကို ၁၀၀ ကျပ်နဲ့သာရောင်းချပါတယ်။
-တရုတ်မုန့်ပီပီထုံးစံအတိုင်းဖတ်မရတဲ့စာများနဲ့ရေးသားထားတာပါ။
-မုန့်တံဆိပ်လိုဂိုကတော့ကလေးများကိုလူမျိုးတုန်းသေကြေစေမယ့်သင်္ကေတလို့ယူဆရတဲ့၊မုန့်ထုပ်နဲ့လားလားမှသက်ဆိုင်မှုမရှိတဲ့ကြောက်မက်ဖွယ်ရာအမူအရာနဲ့
အရိုးခေါင်းတံဆိပ်ရိုက်နှိပ်ထားပါတယ်။
-အထဲမှာတော့တရုတ်နို့မှုန့်လို့ယူဆရတဲ့ဖြူဖြူအမှုန့်တွေကိုဘိန်းဖြူပုံသဏ္ဃာန်ပြုလုပ်ထားပါတယ်။
-အဆိုးဆုံးကတော့ဒီမုန့်ကိုကလေးတွေစားစေတဲ့နည်းလမ်းပါ။မုန့်ထုပ်ဝယ်ယူတဲ့ကလေးကိုဆိုင်ရှင်ကစီးကရက်ပုံစံစက္ကူချောင်းတချောင်းပေးပါတယ်။
ကလေးကအဲဒီစက္ကူချောင်းထဲကိုဖြူဖြူအမှုန့်တွေသိပ်ထဲ့ပြီးဆေးလိပ်သောက်တဲ့ပုံစံနဲ့မုန့်ကိုစုတ်ပြီး
စားစေတာပါ။
-ကဲ နုနယ်ငယ်ရွယ်ပြီးဘာမှမသိနားမလည်သေးတဲ့ကျွန်တော်တို့ရဲ့ကလေးတွေကိုလူမျိုးတုန်းအောင်အဆိပ်ကျွေးရုံနဲ့အားမရပဲငယ်ငယ်ရွယ်ရွယ်နဲ့ဆေးလိပ်သောက်
တတ်အောင်လက်တွေ့သင်ပေးနေတာမဟုတ်ဘူးလးဗျာ။
ဒါအလကားသင်ပေးနေတာမဟုတ်ဘူးနော်။ကျွန်တော်တို့ကလေးတွေဆီကပိုက်ဆံယူပြီးမှလုပ်တာ။
ဒီထက်ပက်စက်တဲ့အကြံအစည်ရှိသေးလို့လား။
သူတို့နိုင်ငံမှာတော့ဒီလိုလုပ်ရပ်မျိုးကိုသေဒဏ်ပေးတယ်။ကျွန်တော်တို့နိုင်ငံမှာကော.......ဘယ်သူ့ကို
ဘာဒဏ်တွေပေးကြမလဲ?????
ဝိသမထား၊လောဘသားတို့၊လုပ်ချင်တိုင်းလုပ်၊ဤဇာတ်ရှုတ်ကို၊နေ့ခြင်းညခြင်း၊မဖြေရှင်းက၊ ကလေးများအားလုံး၊ကင်ဆာဖုံးလို့၊လူမျိုးတုန်းမှာ၊အသေချာတည့်၊ သတိတရား၊လက်ကိုင်ထား၍၊
ညီညာဖြဖြ၊တွန်းလှန်ကြ။

ဒေါက်တာကျော်ဆွေ

မုန့်- တိုက်ပွဲ

No comments:

Post a Comment