- 24 December 2013 |
- By ရိုးရာလေး
ရက်အနည်းငယ်ကြာ
ရပ်တန့်သွားခဲ့သော ထိုင်းနိုင်ငံ ဆန္ဒပြမှုများသည် ယခုအခါမှာတော့ ပြန်လည်
အသက်ဝင်လာ သည်ဟုပင် ဆိုရမည်။ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် ယင်းလပ်
ဦးဆောင်သော အစိုးရအဖွဲ့ကို အတိုက်အခံ အင်အားစုများက လာမည့်ဖေဖော်ဝါရီလ
ရွေးကောက်ပွဲ မတိုင် မီမှာပင် နုတ်ထွက်ပေးရန် တောင်းဆို ခဲ့ကြပါတယ်။ထို့ပြင် အစိုးရဆန့်ကျင်ရေး သမားတို့က စနေနေ့တွင် ထိုင်းလူမျိုး ထောင်ပေါင်းများစွာ ပါဝင်မည့် ဆန္ဒပြပွဲကြီး ထပ်မံပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။ ထိုဆန္ဒပြပွဲများ ကြောင့် ထိုင်းနိုင်ငံ ပြည်တွင်းစစ် ဖြစ်လာမည့် အခြေအနေ အထိ စိုးရိမ်ရကြောင်း ထိုင်းနိုင်ငံ အာဏာပိုင်တွေက ဆိုပါတယ်။
ထို့ကြောင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ်က ပြည်သူများ လက်ထဲသို့ အာဏာကို ပြန်လည်ပေးအပ်ကာ ရွေးကောက်ပွဲ အသစ်တစ်ခုကို ကျင်းပနိုင်ရေးဟာ အကောင်းဆုံး နည်းလမ်း ဖြစ်တယ်ဟု ဆိုပါတယ်။ ဝန်ကြီးချုပ် ယင်းလပ်သည် ပြည်သူတွေ၏ ဆုံးဖြတ်ချက်ကိုသာ ဦးစားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး)
No comments:
Post a Comment