UNHCR ဆိုတာ ပဋိပက္ခကနေ ထွက်ပြေးရသူတွေ၊ နိုင်ငံရေး ဘာသာရေး ယုံကြည်ချက်ကြောင့် ထွက်ပြေးရသူတို့ကို အကူအညီပေးတဲ့ ကုလသမဂအဖွဲ့ခွဲတခုပါ။
လတ်တလော ဒီအဖွဲ့ကူညီနေတဲ့သူကတော့ ခိုးရာလိုက်ပြေးတဲ့အမျိုးသမီးတဦးဖြစ်ပါတယ် တဲ့။
(ပုံတွေကတော့ ဆော်ဒီကလေးမ နာမည်ကို ဂူဂဲလ်မှာရှာရာမှာ မြင်ရတာတွေထဲက တစိတ်တပိုင်းကို ဖြတ်ထားတာ ဖြစ်ပါတယ်)ဒီအကြောင်းက ဒီကနေ့ရဲ့ ထိပ်တန်း နိုင်ငံတကာသတင်း ဖြစ်နေပါပြီ။ ခေတ်သစ် ရိုမီယို ဂျူးလိယက်ဇာတ်လမ်းဆန်ဆန်ပေါ့လေ။
အမျိုးသမီးက ဆော်ဒီအာရေဗျနိုင်ငံက။ နာမည်က Huda al-Niran လို့ ခေါ်တယ်။ အသက် ၂၂။
အမျိုးသားက အိမ်နီးချင်းယီမင်နိုင်ငံက။ နာမည် Arafat Radfan တဲ့။ ဆော်ဒီက မိုဘိုင်းဖုန်းအရောင်းဆိုင်တခုမှာ အလုပ်သွားလုပ်တယ်။ ဖူးစာဖက်နဲ့ တွေ့တယ်။
ကလေးမ မိဘများ သဘောမတူတော့ ထွက်ပြေးကြတယ်။ အောက်တိုဘာမှာ နယ်စပ်ဖြတ်ပြီး ယီမင်နိုင်ငံထဲဝင်ပြေးတယ်။
ယီမင်အာဏာပိုင်တွေက ဒီကလေးမကို တရားမ၀င် ၀င်ရောက်မှုနဲ့ ဖမ်းတယ်၊ တရားစွဲတယ်။ စီရင်ချက်ချရင်တော့ နေရပ်ရင်း ပြန်ပို့ခံရဖွယ်ရှိ။
UNHCR က ဒီကလေးမကို "လူသားချင်းစာနာမှုဆိုင်ရာ ခိုလှုံခွင့်" ပေးနိုင်ဖို့ ကူညီနေပါတယ် တဲ့။
ယီမင်အာဏာပိုင်တို့ ဒီလိုပေးဖို့ သဘောမတူရင်တော့ ခိုလှုံခွင့်ပေးမယ့် နိုင်ငံတခုကို UNHCR က ရှာပေးမှာပါ။
နေရပ်ပြန်ပို့ခံရရင်တော့ မလွယ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဆော်ဒီဆိုတဲ့နိုင်ငံက ဆွန်နီမူဆလင် ဘာသာရေးဆိုင်ရာအဆုံးအမတွေကို တိတိကျကျလိုက်နာလို့ပါ တဲ့။
အမျိုးသမီးတဦး ပြည်ပခရီးထွက်၊ ဘဏ်အကောင့်ဖွင့်၊ လုပ်ငန်းခွင်တခုဝင် အစရှိတာတွေအတွက် မိသားစု အ၀န်းအ၀ိုင်းထဲက အမျိုးသားတယောက်ရဲ့ ခွင့်ပြုချက် လိုတယ်လို့ သတင်းထဲမှာ ရေးထားတယ်။
အင်း... ဆော်ဒီမှာ အမျိုးသမီးဖြစ်ရတာ မလွယ်ပါလား။
လူ့အခွင့်အရေးအဖွဲ့ကြီးတခုကတော့ ခိုးရာလိုက်ပြေးတဲ့ဆော်ဒီကလေးမ နေရပ်ရင်း ပြန်မပို့ပါနဲ့လို့ ယီမင်အာဏာပိုင်တို့ကို တောင်းဆိုပါတယ်။
ဆော်ဒီရောက်လို့ မိသားစုက ဒီကလေးမကို နှိပ်စက်ရင် အစိုးရက ဒီအတိုင်း ထိုင်ကြည့်နေမှာ တဲ့။
ဆော်ဒီအစိုးရက ဒီကိစ္စမှာ နာမည်ကြီးပုံရတယ်။
သို့သော်လည်း ဆော်ဒီမှာ တိုးတက်မှု ရှိတယ်လို့ ဆိုရမယ် - မိသားစုအတွင်းအကြမ်းဖက်ခြင်းဆိုင်ရာဥပဒေကို ဒီနှစ်ထဲမှာ ပြဋ္ဌာန်းလိုက်တယ်။ အဲ... လူ့အခွင့်အရေးသမားတွေကတော့ ဒီဥပဒေက ပါဝါသိပ်မရှိဘူးလို့ ဆိုတယ် -
ဘာကြောင့်လဲ ဆိုတော့ အမျိုးသားတယောက်က သူ့ဇနီး၊ သမီး သို့မဟုတ် အစ်မ၊ နှမရဲ့ အပြုအမူကို မကြိုက်ရင် ရိုက်နှက်ဆုံးမခွင့်ရှိတယ်လို့ တရားသူကြီးက ဆုံးဖြတ်နိုင်လို့ပါ တဲ့။
ဆော်ဒီအမျိုးသားတွေ တယ်လည်း အာဏာပြင်းပါကလား။ ဒီအတိုင်းဆိုရင် ခိုးရာလိုက်ပြေးတဲ့ ဟိုကလေးမ တနည်းနည်းနဲ့ ခိုလှုံခွင့် ရပါစေလို့ ဆန္ဒပြုကြမယ် ထင်ပါတယ်။
ဧရာဝတီဘလော့ http://blog.irrawaddy.org ကို လာတဲ့ ပရိသတ် ဖတ်နိုင်ဖို့ နိုင်ငံတကာ ထိပ်တန်းသတင်းတပုဒ်အကြောင်း ပြန်လည် ဖောက်သည်ချခြင်းပါ။
ဆော်ဒီ ဂျူးလိယက်က ယီမင် ရိုမီယိုကိုလက်ထပ်ခွင့်ရဖို့ တောင်းပန်
ဆော်ဒီအမျိုးသမီးက သူ့ယီမင် ရိုမီယိုနဲ့လက်ထပ်နိုင်ရေးအတွက် တိုက်ပွဲဝင်
ချစ်သူနဲ့လက်ထပ်ဖို့ ဆော်ဒီအမျိုးသမီး ယီမင်မှာနေထိုင်ခွင့်ရရေး လှုပ်ရှားနေ
ကျမချစ်သူနဲ့လက်ထပ်ဖို့ ဒီမှာ နေထိုင်ခွင့်ပြုပါ ဟု ဆော်ဒီ ဂျူးလိယက်တောင်းဆို
စသဖြင့် စသဖြင့် ခေါင်းစဉ်တပ်ပြီး အင်္ဂလိပ်ဘာသာနဲ့ သတင်းရေးသား ဖော်ပြနေကြတာကို အွန်လိုင်းမှာ တွေ့နေရပါတယ်။
အပေါ်ပုံကတော့ ဆော်ဒီကလေးမကို မနေ့က တရားရုံးထုတ်လာပုံပါ။ တကိုယ်လုံး ၀တ်ရုံမည်းခြုံထားပါတယ်။ တရားရုံးပြင်ပ ယီမင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ ဒီစုံတွဲပေါင်းဖက်နိုင်ရေးလှုံ့ဆော်မှု စတစ်ကာတွေကို သူတို့ သေနတ်တွေမှာ ကပ်ထားကြပါတယ်။
သူတို့နိုင်ငံသားက ဆော်ဒီကောင်မလေးကို ခိုးလာတဲ့နောက်ပိုင်း ခိုလှုံခွင့်ပေး လက်ထပ်ခွင့်ပြုရေးကို သူတို့လည်း အပြည့်အ၀ ထောက်ခံကြောင်း ပြသနေဟန်ရှိပါတယ်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, November 24, 2013
ခိုးရာလိုက်ပြေးတဲ့ဆော်ဒီအမျိုးသမီး ခိုလှုံခွင့်ရဖို့ UNHCR ကူညီ
ခိုးရာလိုက်ပြေးတဲ့ဆော်ဒီအမျိုးသမီး ခိုလှုံခွင့်ရဖို့ UNHCR ကူညီ
Reviewed by VC
on
November 24, 2013
Rating: 5
Reviewed by VC
on
November 24, 2013
Rating: 5
Subscribe to:
Post Comments (Atom)
0s+bi5+(Custom).jpg)
No comments:
Post a Comment