Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 24, 2013

Learning English _ တစ်မိနစ်အင်္ဂလိပ်စာ(Breath of Fresh Air)

ဒီကနေ့  တစ်မိနစ်အင်္ဂလိပ်စာက breath of fresh air ပါ။ ရိုးအီငြီးငွေ့ နေတဲ့အခြေအနေ၊ပတ်ဝန်းကျင်၊အတွေးတွေကနေဆန်းသစ်တာ၊လုပ်ရိုးလုပ်စဉ်လမ်းရိုးဟောင်း နဲ့ မတူတဲ့အခြေအနေတွေမှာသုံးပါတယ်။ ဒီဗီဒီယိုက အမျိုးသမီးနှစ်ယောက်စကားပြော မှာ ဘေ့စ်ဘော နည်းပြ အသစ်ကိုချီးမွမ်းထားပါတယ်။ နည်းပြအသစ်ရဲ့  အိုင်ဒီယာအသစ်နဲ့ သင်ပြပုံတွေဟာ like a breath of fresh air ပါတဲ့။ မြန်မာလိုပြောရင် နည်းပြအသစ် ရဲ့ အီုင်ဒီယာတွေကတော့တကယ်လန်းတယ်ကွာ လို့ ပြောမယ်ထင်ပါတယ်။ ဒီအီဒီယမ်ကို လူပုဂ္ဂိုလ်၊အဖြစ် အပျက်၊အိုင်ဒီယာ စတာတွေမှာ သုံးစွဲနိုင်ကြပါတယ်။ အောက်ကဗီဒီယိုလေးကြည့်လိုက်ကြပါဦး။
ဒီတစ်မိနစ် အင်္ဂလိပ်စာကတော့ အချိန်ကုန်လည်းသက်သာ၊အချိန်ကြာကြာစာတွေမလေ့လာချင်တဲ့ ကိုယ့်လိုလူတွေအတွက်တော့ တကယ်ကောင်းတဲ့အိုင်ဒီယာပါပဲနော်။
 English in a minute is like a breath of fresh air.


Published 06/19/2013
What does it mean when somebody says: "It's like a breath of fresh air?" Watch this program to find out what this phrase means in American English.

No comments:

Post a Comment