Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 8, 2013

MISS UNIVERSE ပြိုင်ပွဲ၏ MISS PHOTOGENIC ဆုအတွက် မဲပေးရွေးချယ်မှု စတင် TOP 8 စာရင်းတွင် မြန်မာ အလှမယ် မိုးစက်ဝိုင် ပါဝင်


MISS UNIVERSE ပြိုင်ပွဲ၏ MISS PHOTOGENIC ဆုအတွက် မဲပေးရွေးချယ်မှု စတင်လျှက်ရှိပြီး TOP 8 စာရင်းတွင် မြန်မာအလှမယ် မိုးစက်ဝိုင် ပါဝင်လျှက်ရှိသည်ဟု သတင်းရရှိသည်။ အဆိုပါ မဲပေးရွေးချယ်မှု၏ TOP 8 စာရင်းမှာ မြန်မာ၊ ပိုလန်၊ အင်ဒိုနီးရှား၊ ဟေတီ၊ ကိုလံဘီယာ၊ ဖိလစ်ပိုင်၊ အင်္ဂလန်၊ နီကာရာဂွါ နိုင်ငံတို့ ဖြစ်သည်ဟု သိရသည်။ ထို့အပြင် MISS UNIVERSE ပြိုင်ပွဲ၏ တရားဝင် မဲပေးရွေးချယ်မှု အတွက် လည်း မိမိ၏ အီးမေးလ်လိပ်စာနှင့် နိုင်ငံတို့ကို ဖြည့်စွက်ကာ မဲပေးရွေးချယ်နိုင်သည်ဟု သိရသည်။ မဲပေး ရွေးချယ်မှုများကို အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ သတ်မှတ်ထားသည်ဟု သိရသည်။

"မြန်မာကိုယ်စားပြု MISS တစ်ယောက်အနေနဲ့ မိုးစက်အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်နေပါတယ်။ မိုးစက် ကို ချစ်ခင်တဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေက မိုးစက်အတွက်တော့ ခွန်အားပါပဲ။ ဒါကြောင့် မိုးစက်ကို အားပေးကြပါဦးလို့ ပြောချင်ပါတယ်။ မိုးစက် အကောင်းဆုံး ကြိုးစားမှာပါ။ ပရိသတ်ရွေး ချယ် မှုကြောင့် ရတဲ့ဆုကိုလည်း မိုးစက် အမက်မောဆုံးပါပဲ။ အခြား ဆုတွေလည်း မြန်မာကိုယ်စားပြု အနေနဲ့ ရယူနိုင် အောင် ကြိုးစားနေပါတယ်"ဟု မြန်မာအလှမယ် မိုးစက်ဝိုင်က ဆိုပါသည်။

MISS UNIVERSE ပြိုင်ပွဲကို နိုဝင်ဘာ ၉ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့ ၌ ပြုလုပ် မည်ဖြစ်ပြီး မြန်မာကိုယ် စားပြု အလှမယ်အနေဖြင့် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် သွားရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအလှမယ် မိုးစက်ဝိုင်သည် BEST BEKINI BODY သုံးဦးစာရင်းတွင်လည်း ရွေးချယ်ခံခဲ့ရပြီး MISS UNIVERSE ဆုရရှိရန် ရေပန်းအစားဆုံး အလှမယ်များ စာရင်းတွင်လည်း တစ်ဦးအပါအ၀င် ဖြစ်သည်။ MISS PHOTOGENIC ဆုအတွက်လည်း ထိပ်တန်းအလှမယ် ရှစ်ဦးစာရင်းတွင် ပါဝင်နေပြီး အင်တာနက်မှ တစ်ဆင့် မဲပေးရွေးချယ်မှုများတွင်လည်း မဲအရေအတွက် အများအပြား ရရှိနေကြောင်း သိရသည်။

မြန်မာအလှမယ် မိုးစက်ဝိုင်သည် MISS UNIVERSE ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရန် ပြုလုပ်ခဲ့သည့် MISS UNIVERSE MYANMAR အလှမယ်ပြိုင်ပွဲတွင် ကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ်ခံ ခဲ့ရသူ တစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံ CALIFORNIA LUTHERAN UNIVERSITY မှ BUSINESS AND MARKETING ဘာသာရပ်အား လေ့လာသင်ယူခဲ့သူ ဖြစ်သည်။ မိုးစက်ဝိုင်သည် အမေရိကန်နိုင်ငံတွင်ပင် တစ်နှစ်ကြာခန့် အလုပ်လုပ်ကိုင် ခဲ့ပြီးနောက် မြန်မာနိုင်ငံ သို့ ပြန် လည် ရောက်ရှိလာခဲ့သူ ဖြစ်သည်






http://mmforward.blogspot.com/2013/11/miss-universe-miss-photogenic-top-8.html

No comments:

Post a Comment