CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, November 30, 2013
iD မဂ္ဂဇင်း၏ အထူးမှတ်တမ်း ဗီဒီယိုတွင် ပါဝင်ပေးခဲ့သည့် မီရန်ဒါကားရ်
i-D မဂ္ဂဇင်း၏ အထူးထုတ်မှတ်တမ်းဗီဒီယိုတွင် မီရန်ဒါကားရ်က ညှို့အားပြင်း ပုံရိပ်တစ်ခုအဖြစ် ပါဝင် ကူညီသွားခဲ့ကြောင်း သိရှိရသည်။
မဂ္ဂဇင်း၏ ၃၃ နှစ်ပြည့် အထူးထုတ်အဖြစ် ဗီဒီယိုမှတ်တမ်းတို တစ်ခုကိုပါ အမှတ်တရ ရိုက်ကူးခဲ့ရာ A မှ Z ထိ အင်္ဂလိပ်အက္ခရာ ၂၆ လုံးဖြင့် ခေါင်းစဉ်များခွဲကာ မော်ဒယ်လ်များက ကိုယ်ဟန်ပြပေးခဲ့သည်။ ယင်းကဲ့သို့ ခေါင်းစဉ်များ သတ်မှတ်ရာတွင် ၁၉၈၀ မှ ၂၀၁၃ ခုနှစ်အတွင်း မဂ္ဂဇင်း၏ အပေါက်ဆုံး ခေါင်းစဉ်များကို ရွေးထုတ်ထားခြင်းဖြစ်သည်။ယခုအစီအစဉ်ကို ဒါရိုက်တာ ဂျရမီရိုဇန်နှင့် ဖက်ရှင်ဒါရိုက်တာ ချာလော့တီ စတော့ဒေးလ်တို့က တာဝန်ယူ ရိုက်ကူးခဲ့ပြီး A-Z of wink ဟု အမည်ပေးထားသည်။
ဩစတြေးလျ စူပါမော်ဒယ်လ်ကမူ bအက္ခရာအတွက် babewatch ဆိုသော ကဏ္ဍတွင် ကိုယ်ဟန်ပြပေးခဲ့သည်။ သူမသည် အလွန်သေးငယ်သည့် chanel ရေကူးဝတ်စုံလေးဖြင့် ကိုယ်ဟန်ပြခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဘီကနီသည် ၁၉၉၆ ခုနှစ်က မော်ဒယ်လ်
စတယ်လာတန်နော့တ် ဝတ်ဆင်ပြခဲ့ပြီးနောက် လူပြောများ နာမည်ကြီးခဲ့ဖူးသည်။ i-D က အဆိုပါဖြစ်ရပ်ကို တစ်ကျော့ပြန် အောက်မေ့စေသည့် အနေဖြင့် မီရန်ဒါနှင့် ပုံစံသစ် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ မဂ္ဂဇင်း အယ်ဒီတာ ဟိုလီရှက်လီတန်က “i-D ဟာ နှစ်ပေါင်း ၃၀
အတွင်း ဖက်ရှင်နယ်ပယ်ရဲ့ အရည်အသွေး အပြည့်ဆုံးသူတွေကို စုစည်းပြီး ဒီဗီဒီယိုကို ဖန်တီးခဲ့တာပါ။ စူပါမော်ဒယ်လ်တွေ၊ ဒီဇိုင်နာတွေ ပူးပေါင်းပြီး ဒီအထူးထုတ် ဗီဒီယိုလေးကို ဖန်တီးနိုင်ခဲ့တာ ပျော်ရွှင်မိပါတယ်” ဟု ပြောကြားသွားသည်။
iD မဂ္ဂဇင်း၏ အထူးမှတ်တမ်း ဗီဒီယိုတွင် ပါဝင်ပေးခဲ့သည့် မီရန်ဒါကားရ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 30, 2013
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 30, 2013
Rating: 5
Subscribe to:
Post Comments (Atom)



No comments:
Post a Comment