Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 19, 2013

ပေါ်တူဂီသည် ရော်နယ်ဒိုကို မှီခိုနေသည့် အသင်းမဟုတ်ဟု ဘင်တို ပြောကြား


မိမိအသင်းသည် ခရစ္စတီယာနို ရော်နယ်ဒိုကို မှီခိုနေသည့် အသင်းမဟုတ်ကြောင်း ဆွီဒင်နှင့် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ် မတိုင်မီ ပေါ်တူဂီ နည်းပြ ပေါ်လိုဘင်တိုက ပြောကြားလိုက်သည်။

ရီးယဲမက်ဒရစ် ကြယ်ပွင့် ကစားသမားသည် သောကြာနေ့က ကစားခဲ့သည့် ပထမအကျော့တွင် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ဖြစ်သည်။ သို့သော်လည်း အင်္ဂါနေ့ ပွဲစဉ်တွင် ဆွီဒင် ကစားသမား အနေဖြင့် ရော်နယ်ဒို အပေါ်တွင်သာ အာရုံစိုက်ခဲ့ပါက ထိုအခွင့်အရေးကို အကောင်းဆုံး အသုံးချသွားရန် အသင့်ရှိနေကြောင်း ဘင်တိုက ဆိုခဲ့သည်။



“ကျွန်တော့် အမြင်ကတော့ ဆွီဒင်က ကျွန်တော်တို့ အသင်းကို တားဆီးဖို့ ကြိုးပမ်းမှာ ဖြစ်သလို ခရစ္စတီယာနို ရော်နယ်ဒိုကိုလည်း အခွင့်အရေးတွေ မရအောင် ကြိုးပမ်းကြမှာပါ။ ဒါကြောင့် ကျွန်တော်တို့က ရော်နယ်ဒိုကို အားမကိုးပဲ တိုက်စစ်ဆင်မှုကို အကောင်းဆုံး ကြိုးပမ်းပြုလုပ်ရပါမယ်။ တကယ်လို့ သူတို့တွေက ရော်နယ်ဒိုကို လူကပ် ကစားခဲ့မယ်ဆိုရင်လည်း အခြား ကစားသမားတွေက အခွင့်အရေးတွေ ရရှိလာမှာပါ” ဟု ဘင်တိုက ပြောကြားခဲ့သည်။

Ref:goal
Soccer Myanmar

No comments:

Post a Comment