Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 19, 2013

အမျိုးသမီး အခွင့်အရေး အားအနည်းဆုံး အာရပ်နိုင်ငံအဖြစ် အီဂျစ်ရပ်တည်နေ

လိင်အခွင့်အရေး ခွဲခြားမှု သုတေသီများက အာရပ်နိုင်ငံ (၂၂)ခု၌ အမျိုးသမီးများ၏ အခွင့်အရေး အခြေအနေ အရပ်ရပ်ကို သုံးသပ်လေ့လာမှု ပြုလုပ်ခဲ့ကြသည်။

အမျိုးသမီး အခွင့်အရေး အားအနည်းဆုံး အာရပ်နိုင်ငံအဖြစ် အီဂျစ်ရပ်တည်နေအာရပ်ကမ္ဘာတွင် အမျိုးသမီးများ၏ အခွင့်အရေး အနိမ့်ကျဆုံး နိုင်ငံအဖြစ် အီဂျစ်က ထိပ်ဆုံးနေရာမှ ရပ်တည်နေကြောင်း သိရှိရသည်။ လိင်အခွင့်အရေး ခွဲခြားမှု သုတေသီများက အာရပ်နိုင်ငံ (၂၂)ခု၌ အမျိုးသမီးများ၏ အခွင့်အရေး အခြေအနေ အရပ်ရပ်ကို သုံးသပ်လေ့လာမှု ပြုလုပ်ခဲ့ကြသည်။ 


အီဂျစ်သည် ယင်းနိုင်ငံများအနက် အဆိုးဆုံး အဆင့်တွင် ရှိနေကြောင်း အဆိုပါ စစ်တမ်းက မီးမောင်းထိုးပြုခဲ့သည်။ အဆိုပါ စစ်တမ်းက အီဂျစ်တွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားနှိပ်စက် ခံရမှု၊ လိင်အင်္ဂါ ဖြတ်တောက်ပုံစံပြောင်းခြင်း ခံရမှုစသည့် အခြေအနေများ အလွန်ထူပြောနေပြီး အစ္စလာမ်ဝါဒ လွှမ်းမိုးသည့် အာရပ်နိုင်ငံ အားလုံးတွင် အဆိုးဆုံးအခြေအနေ ဖြစ်နေကြောင်း ဆိုသည်။

ကိုမိုရော့စ်ကျွန်းစု နိုင်ငံကမူ ယခုစစ်တမ်းတွင် အမျိုးသမီး အခွင့်အလမ်း အမြင့်မားဆုံး ရရှိသည့် ထိပ်ဆုံးအဆင့် ရပ်တည်နိုင်ခဲ့သည်။ ယခုစစ်တမ်းသည် အာရပ်အဖွဲ့ချုပ်တွင် ပါဝင်သည့် (၂၁)နိုင်ငံနှင့် ဆီးရီးယားတို့မှ လိင်အခွင့်အရေး ကျွမ်းကျင်ပညာရှင် (၃၃၀)ကျော်တို့၏ ပူးပေါင်းသုတေသနပြုမှု ရလဒ်များကို အခြေခံ ကောက်ချက်ဆွဲထားခြင်း ဖြစ်သည်။ (၂၀၁၁)ခုနှစ်က အာရပ်နိုင်ငံ အချို့တွင် တော်လှန်ရေးများ ဖြစ်ပွားလာသည့် နောက်ပိုင်းကတည်းက အမျိုးသမီးများ၏ ဘဝအခြေအနေကို ပညာရှင်များက လေ့လာခဲ့ကြသည်။

အီဂျစ်နောက်တွင် အဆိုးဆုံးအဖြစ် ရပ်တည်နေသည်မှာ အီရတ်ဖြစ်ပြီး ၎င်းနောက်တွင် ဆော်ဒီအာရေဗျ၊ ဆီးရီးယားနှင့် ယီမင်တို့က အစဉ်လိုက် ရှိနေသည်။ ကိုမိုရော့စ်တွင်မူ အမျိုးသမီးများ၏ အခန်းကဏ္ဍက အလွန်အရေးပါပြီး အစိုးရအဖွဲ့ ဝန်ကြီးနေရာ (၂၀)ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်နေသည်။ ကိုမိုရော့စ်၏ နောက်တွင်မူ အိုမန်၊ ကူဝိတ်၊ ဂျော်ဒန်နှင့် ကာတာတို့က အမျိုးသမီး အခွင့်အလမ်း ပွင့်လင်းလွတ်လပ်သည့် နိုင်ငံများအဖြစ် ထိပ်ဆုံး(၅)နေရာတွင် ပါဝင်လျှက်ရှိသည်။ အီဂျစ်တွင် အမျိုးသမီးများကို ခွဲခြားသတ်မှတ်သည့် ဥပဒေများ ပြဋ္ဌာန်းထားသလို အမျိုးသမီးများကို လူကုန်ကူးသည့် လုပ်ငန်းများ အရှိန်ရနေခြင်းကလည်း စစ်တမ်း၏ အောက်ဆုံးနေရာတွင် ရပ်တည်စေမည့် အကြောင်းများ ဖြစ်လာသည်။ "ကိုင်ရိုမြို့တော် အပြင်ဘက် ရွာတွေ တော်တော်များများမှာ အမျိုးသမီးတွေကို လူကုန်ကူးတာက အဓိက စီးပွားရေး လုပ်ငန်းကြီး တစ်ရပ်လိုတောင် ဖြစ်နေပါတယ်"ဟု အမေရိကန် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Global Fund for Womenမှ ဇာဟရာ ရက်ဒ်ဝမ်းက မှတ်ချက်ပြု ပြောဆိုသွားသည်။

Planet Myanmar Network

No comments:

Post a Comment