CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, November 28, 2013
တစ်ရက်အတွင်း အဓမ္မပြုကျင့်မှု သုံးမှုထိရှိ
ရန်ကုန်တိုင်းအတွင်း နိုဝင်ဘာ ၂၆ ရက်တွင် အဓမ္မပြုကျင့်ခံရသဖြင့် အမှုဖွင့်တိုင်တန်းမှု သုံးမှုထိရှိခဲ့ရာ ပထွေးဖြစ်သူက အသက်မပြည့်သေးသည့် မိန်းကလေးငယ်များကို ပြုကျင့်မှုနှစ်မှုထိ ပါဝင်ကြောင်း တိုင်းရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများအရ သိရသည်။
ဖြစ်စဉ်တစ်ခုမှာ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာတွင် နိုဝင်ဘာလ ၉ ရက်ညက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်တွင် နိုဝင်ဘာ ၂၆ ရက်က အသက် ၂၁ နှစ်အရွယ်ရှိ အဒေါ်ဖြစ်သူက ယင်းတို့နှင့်အတူ လာရောက်နေထိုင်နေသော ၁၃နှစ်အရွယ် တူမဖြစ်သူမှာ ကျောင်းမသွားသဖြင့်မေးမြန်းရာမှ ပထွေးဖြစ် သူ၏ အဓမ္မပြုကျင့်မှုခံထားရခြင်းကို သိရှိခဲ့ခြင်းဖြစ်သည်။
မိခင်အိမ်သို့ သွားရောက်နေထိုင်စဉ်တွင် မိခင်သည်နာရေးအိမ်သို့ သွားနေခိုက်ပထွေးဖြစ်သူက အဓမ္မ ပြုကျင့်လိုက်သည်ကို တူမဖြစ်သူက ပြောပြသည်ဟု ရဲဌာနတွင် ထွက်ဆိုထားသည်။
ထို့ကြောင့် သန်လျင်ရဲစခန်းက (ပ) ၁၀၉၀/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား ပုဒ်မ ၃၇၆ ဖြင့်အရေးယူရန် ဖမ်းဆီးစစ်ဆေးနေသည်။
ဒုတိယဖြစ်စဉ်တစ်ခုမှာ သန်လျင်မြို့နယ် သီလ၀ါစက်မှုဇုန်အနီးတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ကျောက်တန်းမြို့နယ်နေ မိခင်ဖြစ်သူက နိုဝင်ဘာ ၂၅ ရက်တွင် သိရှိခဲ့သဖြင့် အမှုဖွင့် တိုင်တန်းထားခြင်းဖြစ်သည်။
ယင်းအမှုတွင် ၁၆ နှစ်ရှိ မိန်းကလေးငယ်အား တစ်အိမ်တည်းနေ ပထွေးဖြစ်သူ ၃၆ နှစ်အရွယ် ပန်းရန် လုပ်သားက ပန်းရန်အလုပ်ဆင်းမည်ဟု ပြောဆိုခေါ်ဆောင်ပြီး သီလ၀ါစက်မှုဇုန်၊ တောလမ်းဘေး ၀ါးရုံ များအနီးတွင် အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု တိုင်တန်းထားသည်။
ယင်းဖြစ်စဉ်တွင် ကာယကံရှင်မိန်းကလေးငယ်က ပထွေးကိုကြောက်၍ ယခုအချိန်မှ ပြောပြခဲ့သည့် အတွက် အမှုဖွင့်တိုင်တန်းရခြင်းဖြစ်သည်ဟုဆိုထားသည်။
ယင်းတိုင်တန်းမှုကိုလည်း ကျောက်တန်း ရဲစခန်းက (ပ)၂၉၄/၂၀၁၃ဖြင့် ပြစ်မှုပုဒ်မ ၃၇၆ဖြင့် အရေး ယူနိုင်ရန် တိုင်းတန်းခံရသူကို စုံစမ်းရှာဖွေနေသည်ဟု ဆိုသည်။
အခြားအဓမ္မပြုကျင့်မှုသည်လည်း ကျောက်တန်းမြို့နယ်တွင်ပင် နိုဝင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းအချိန်က ဖြစ်ပွားခဲ့ပြီး အသက် ၄၆နှစ်ရှိ မိခင်ဖြစ်သူက အမှုဖွင့်တိုင်တန်းထားခြင်းလည်း ဖြစ်သည်။
ယင်းဖြစ်စဉ်တွင် အသက် ၁၈နှစ်ရှိ ဦးနှောက်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့နေသည့် သမီးဖြစ်သူအား အသက် ၂၃ နှစ်ရှိ အမျိုးသားတစ်ဦးက ဘုရားဖူးသွားမည်ဟု လိမ်လည်ခေါ်ဆောင်ကာ ဘန့်ဘွေးကုန်း ဆည်ဘေးရှိ ချုံတစ်ခုထဲတွင် သားမယားပြုကျင့်သည်ဟု တိုင်တန်းထားသည်။
ယင်းအမှုကိုလည်း ကျောက်တန်းရဲ စခန်းကပင် (ပ)၂၉၅/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပြစ်မှု ပုဒ်မ ၃၇၆ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူအား ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။
အရွယ်မရောက်သေးသူ ကလေးငယ်များ အဓမ္မပြုကျင့်ခံရမှုအကြောင်းအရင်းများတွင် ကလေးငယ်များ အား အုပ်ထိန်းသူမပါဘဲ ပြင်ပသို့တစ်ဦးတည်း စေလွှတ်ခြင်း၊ နေအိမ်တွင် အဖော်မဲ့တစ်ဦးတည်း ထား ခဲ့ခြင်း၊ ယုံကြည်စိတ်ချရသည့် အိမ်နီးချင်း၊ ဆွေမျိုးများထံ အပ်နှံမှုမရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံးဦးစီး နှစ်မှ ရဲမှူးမြင့်ထွေးက ထားသည်။
ထို့ပြင် ဆင်ဆာမဲ့ညစ်ညမ်းဗီဒီယို အခွေများ၊ ညစ်ညမ်းစာအုပ်/ဓာတ်ပုံများ ကြည့်ရှုခြင်းများကြောင့် လည်း ကာမစိတ်ထကြွကာ အရွယ်မရောက်သေးသော ကလေးငယ်များအား အဓမ္မပြုကျင့်မှု ကျူးလွန် ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း နှင့် လူသွားလူလာပြတ်သည့် ဆင်ခြေဖုံးရပ်ကွက်များတွင်လည်း လျှပ်စစ် မီးမလာသည့်အချိန်များတွင် အမှောင်ထုကို အကာအကွယ်ယူ၍ အဓမ္မမှုကျူးလွန်နိုင်သည်ဟု ၎င်းက ဆိုထားသည်။
ရန်ကုန်တိုင်းတွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ အဓမ္မပြုကျင့်မှုပေါင်း ၆၀ မှုဖြစ်ပွားခဲ့ရာတွင် ထက်ဝက်ဖြစ်သည့် အမှု ၃၀ မှာ အရွယ်မရောက်သေးသော ကလေးငယ်များအား ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်ကို တိုင်းရဲဌာန၏ စာရင်းဇယားများတွင် တွေ့ရသည်။
ယင်းအမှု ၃၀ တွင်လည်း ၁၀ နှစ်အောက်ရှိ ကလေးများ အဓမ္မပြုကျင့်ခံရမှု ၁၂ မှုအထိ ပါဝင်နေသည်။
အဓမ္မမှု ကျူးလွန်ကြသူများတွင်လည်း ဖခင်အရင်းက ပြုကျင့်မှု သုံးမှု၊ ပထွေးက ပြုကျင့်မှု ငါးမှု၊ ဆွေမျိုး များထဲမှ ပြုကျင့်မှု ၁၅ မှုနှင့် အခြားသူစိမ်းက ပြုကျင့်မှု ၃၇ မှုထိ ပါဝင်ခဲ့သည်ဟု သိရသည်။အမျိုးသမီး များနှင့် အသက်မပြည့်သေးသည့် ကလေးငယ်များ အဓမ္မပြုကျင့်ခံရမှုနှင့် ဖြစ်ပွားနေနှုန်းများကို လျှော့ချ နိုင်ရန် ထိရောက်သောပြစ်ဒဏ်ပေးရေးအတွက် လွှတ်တော်အတွင်းတွင် နှစ်ကြိမ်တိုင် အဆိုတင်သွင်းမှု များ ရှိခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။
ထို့ပြင် မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် ပတ်သက်၍ ပြဋ္ဌာန်းပေးထားသော ဥပဒေများတွင် နိုင်ငံတကာ စံနှုန်းဖြစ်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်ပါကလုံးဝသည်းခံစရာမလိုသော (Zero Tolerance) ပေါ်လစီဖြင့် ကိုက်ညီမှုမရှိသောကြောင့် ပြင်ဆင်ရန်လိုအပ်နေသည်ဟု ထောက်ပြမှုများလည်း ရှိနေ ခဲ့သည်။
ဇော်ဇော်ထွေး - Mizzima - News in Burmese
တစ်ရက်အတွင်း အဓမ္မပြုကျင့်မှု သုံးမှုထိရှိ
Reviewed by VC
on
November 28, 2013
Rating: 5
Reviewed by VC
on
November 28, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment