Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 27, 2013

ဒါရိုက်တာ ညီညီထွန်းလွင်က ဒီလိုမေးတော့ နေတိုးက ဒီလိုဖြေတယ်

ဒါရိုက်တာ ညီညီထွန်းလွင်က ဒီလိုမေးတော့ နေတိုးက ဒီလိုဖြေတယ်မေး - စိတ်ငြိမ်အောင် ဘယ်လိုလေ့ကျင့်ဖြစ်လဲ။ သွေးအေးအောင် ဘယ်လိုလေ့ကျင့် ဖြစ်လဲ။ ရုပ်ရှင်ရိုက်နေရင်း သရုပ်ဆောင်လုပ်နေရင်းနဲ့ပဲ သူက သူများကိုမိတ်ကပ်တွေ လိမ်းပေးလေ့ ရှိတယ်။ သူသွေးအေးအေးနဲ့ မြန်မြန်ဆန်ဆန် မိတ်ကပ်လိမ်းပေး တတ်တယ်။ ကိုယ်သာဆိုရင် ဒီလိုမျိုးလုပ်နိုင်မှာမ ဟုတ်ဘူး။ ဒါကြောင့် ဒီလိုမျိုး စိတ်ငြိမ်အောင် သွေးအေးအောင် ဘယ်လိုမျိုးလေ့ကျင့်သလဲ။ ဒါကမွေးရာပါ ဗီဇဆိုရင်တော့ ကံကောင်းတာပေါ့။

ဖြေ - အဓိက ကတော့ အရာဝတ္ထု တစ်ခု၊ လူတစ်ယောက်ရဲ့ စိတ်တည် ငြိမ်ဖို့ဆိုတာက တကယ်ကို ခဲယဉ်းတဲ့ အလုပ်တစ်ခုပါ။ ဘယ်လိုအနုပညာ ပဲဖန်တီးပါစေ။ စိတ်ဖိစီးမှုမရှိစေရဘူး။ စိတ်ကို relax လုပ်ထား ရတယ်။

ဥပမာ အနေနဲ့ ရွံ့ဆေးနဲ့ အရုပ်တစ်ခုဖြစ်အောင် လုပ်ရတာနဲ့ ကျောက်ဆောင်နဲ့ အရုပ်တစ်ခုဖြစ် အောင်လုပ်ရတာက အချိန်ကာလ ချင်းမတူညီပါဘူး။ အနုပညာကို ကိုင်တွယ်တဲ့ အခါမှာလည်း မြန်မြန် ပြီးတာချင်းလည်း မတူဘူး။

ကျွန်တော် အနုပညာတစ်ခုကို စတင်ဖန် တီးတော့မယ် ဆိုရင် အနူးညံ့ဆုံးဘ၀ တစ်ခုဖြစ်တည်ဖို့အတွက် စတင် စဉ်းစားတယ်။ နောက်ပြီးတော့မှ စိတ်ကို relax လုပ်ပြီးတော့ အနုပညာဆို တဲ့နာမည် အတိုင်း အနူးညံ့ဆုံးဖြစ် အောင်ဖန်တီးပါတယ်။ နူးညံ့တဲ့စိတ် နောက်မှာ တည်ငြိမ်မှု ဆိုတာရှိတယ်။ မတည်ငြိမ်ရင် နူးညံ့လို့မရဘူး။ ဦးညီမေးထား တာက တည်ငြိမ်မှုတစ်ခု ရအောင်ဘယ် လိုလေ့ကျင့် သလဲပေါ့။ အဓိက ကတော့ စိတ်တည်ငြိမ်ဖို့ ဆိုတာက သမာဓိရှိဖို့ လိုပါတယ်။

မိတ်ကပ်ကို ရုပ်ရှင်အရ အထူးစပါယ် ရှယ်လိမ်းပေးမယ် ဆိုရင်လည်း စိတ်ထဲမှာ အရင်ဆုံး လုပ်တယ်။ လိမ်းပေးမယ့် သူနဲ့ ဇာတ်ကားထဲမှာ ပါဝင်တဲ့ ကျွန်တော့် ကာရိုက် တာနဲ့ အဲဒီကြားထဲမှာ အာရုံထားတယ်။ ဒါကိုလုပ်ကို လုပ်ရမယ် ဆိုတဲ့ တည်ငြိမ်ဖို့ကဖြစ် လာတယ်။ အခါကြီးရက်ကြီးတွေမှာ မေမေတို့နဲ့ အတူ တရားစခန်းတွေ ၀င်တဲ့ အခါ ကျွန်တော်ဝါသနာပါတဲ့ စာတွေကို ဖတ်ရှုကြည့်မိတော့ သတိပဋ္ဌာန်တရားကို လေ့လာကြည့်တဲ့ အခါသတိကပ်ပြီးတော့ အမှားလည်းနည်းသွားတယ်။ ဆုံးဖြတ်ချက်လည်း မမှားနိုင်တော့ဘူး။ မိမိလုပ်နေတဲ့ အချိန်မှာ အမှားအမှန်ကို စိတ်ကဆုံးဖြတ်လာတယ်။ အဲဒီအချိန်မှာ သည်းခံနိုင်တဲ့စိတ်၊ မိမိလိုချင်တဲ့ ရည်ရွယ်ချက်ကို ရောက်အောင် ဖြစ်နိုင်လာတယ်။

အဲဒီအချိန်မှာ ပျော်ရွှင်မှုနဲ့ ပီတိကိုထပ်ပေါင်းပြီး ခွန်အားတွေထပ်ဖြစ်လာပါတယ်။ တချို့ ဇာတ်ကားတွေဆိုရင် ကျွန်တော် မပါပေမယ့် မိတ်ကပ် ရသလေးတစ်ခုလိုချင်တယ်ဆိုရင် ကျွန်တော် သွားလုပ်ပေးတယ်။ အနုပညာကိုချစ်တယ်။ ကိုယ်ဘာပဲလုပ်လုပ် ပရိသတ်ကို အကျိုးပြုစေနိုင်တဲ့အရာဖြစ်တဲ့ အတွက် ဘယ်လိုအနုပညာပဲဖန်တီးပါစေ။ အကျိုးပြုဖန်တီးတာကိုပဲ လုပ်ချင်တယ်။ ဘာရပါစေဆိုပြီး မမျှော်လင့်ပါဘူး။

8 DAYS A WEEK ENTERTAINMENT

No comments:

Post a Comment