Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 6, 2013

မိုးသီးဇွန် ဦးဆောင် ဆွေးနွေးသည့် နိုင်ငံသားများ အစည်းအဝေးကြီး တစ်ရပ် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှပြုလုပ်

 
 နိုဝင်ဘာ ၄၊ ၂၀၁၃
M-Media
A.N.Lay

ရန်ကုန်   ။       ။       နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ပြုလုပ်သည့် မိုးသီးဇွန် ဦးဆောင်ဆွေးနွေးသည့် နိုင်ငံသားများ အစည်းအဝေးကြီး တစ်ရပ်ကို Introduction To Alternative Parliament ခေါင်းစဉ်ဖြင့် ယနေ့ နိုဝင်ဘာ ၄-ရက်နေ့ မွန်းလွဲ ၁-နာရီတွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ စိတ် ပါဝင်စားသူ စုစုပေါင်း ၄၀၀-ခန့် တက်ရောက်ခဲ့ပါသည်။
ဦးလေးမြင့်မှ အမှာစကားပြောကြားရာတွင် “အခမ်းအနားမှာ စကားပြောရတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ ဒီလို အခမ်းအနားမျိုး ဆိုတာ မြန်မာပြည်မှာ ကြုံတောင့်ကြုံခဲ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမျိုးဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင် အစိုးရကဖွဲ့စည်းထားတဲ့ လွှတ်တော်ရှိပါတယ်။ ဒါနဲ့ တစ်ပြိုင်တည်းမှာပဲ ပြည်သူလူထုရဲ့အသံ ပြည်သူ လူထုတွေရဲ့ သဘောထား ပြည်သူလူထုတွေရဲ့ အမြင်ကို တင်ပြနိုင်ဖို့အတွက်  Alternative Parliament ဆိုတဲ့ အခမ်းအနား ကျင်းပပေးခြင်းဖြစ်တယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။  နောက်တစ်ခုက ဒီအခမ်းအနား လုပ်ရခြင်းအကြောင်းအရင်းက ဒီမိုကရေစီ လမ်းကိုလျှောက်နေပါတယ်ဆိုတဲ့ ဗိုလ်သိန်းစိန်အစိုးရက ကျွန်တော်တို့ ပြည်သူလူထုကို တကယ်လွတ်လပ်တဲ့ လွတ်လပ်ရေးကိုပေးနေပါပြီလား ဒီမိုကရေစီ အခွင့်အရေးတွေကို ပေးနေပါပြီလား လူ့အခွင့်အရေးတွေကို ပေးနေပါပြီလား။ လယ်လုပ်သူတွေ လယ်ပိုင်တဲ့အဆင့်ကိုရောက်နေပါပြီလား။ အလုပ်သမားတွေ ကုန်းရုန်းပြီးတော့ အလုပ်ရှင်တွေ အကျိုးစီးပွားအတွက် အင်မတန် ဒုက္ခနဲ့ အင်မတန် နည်းပါးတဲ့ လုပ်ခ လစာနဲ့ လုပ်နေရတာကို ဥပဒေနဲ့တကွ ပြုပြင်ပေးနိုင်ပါပြီလား။ အဲ့ဒီမေးခွန်းလေးတွေကို ဖြေကြည့်စေချင်ပါတယ်”လို့ ပြောကြားခဲ့ပါသည်။
မိုးသီးဇွန်မှ “Alternative Parliament အစ ပြင်ပ နိုင်ငံရေးကို ဘယ်လိုလုပ်ကြမှာလဲ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက တို့ဗမာ အစည်းအရုံးတွေ ဖဆပလ တွေရှိခဲ့တယ်။ တစ်ပါတီ တည်းကနေပြီးတော့ ကြိုးပမ်းခဲ့တာမဟုတ်ဘူး။ တစ်ဦးတစ်ယောက်တည်းက ဦးဆောင်ပြီး ကြိုးပမ်းခဲ့တာမဟုတ်ဘူး။ တစ်ပြည်လုံး တစ်မျိုးသားလုံး ဦးဆောင်ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ၈၈ ကတည်းက စလာတဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးဟာ အခုဆိုရင် လက်တစ်ကမ်းကိုရောက်လာပြီ အဲ့ဒီအတွက် ကျွန်တော်တို့မှာ အပြောင်းအလဲတွေ ဒီ့ထက်ပိုပြီး မြင်ချင်လာတယ်။ ၈၈ ရဲ့နောက်ပိုင်းပေါ့ အခု ၂၀၁၀ နောက်ပိုင်းမှာ ကျွန်တော်တို့ ဗမာ့ နိုင်ငံရေးမှာ အာဏာ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ ဒီအပြောင်းအလဲတွေက ဘယ်လိုဖြစ်လာလဲဆိုရင် အာဏာတွေ အမွေ ခွဲသလိုဖြစ်လာတယ်။ တစ်ချို့က ကုလားထိုင်ကို ရတယ်။ တစ်ချို့က သေနတ်ကိုရတယ်။ တစ်ချို့က ငွေထုတ်ကြီးရတယ်။ ကျွန်တော်တို့ ပြည်သူလူထုကတော့ ဘာမှမရဘူးဖြစ်နေတယ်။ အဓိက ကတော့ ပြသနာတွေရှိနေတယ်။ ဘယ်လိုပြသနာတွေလဲဆိုတော့ မြေယာပြသနာ မြေယာတွေလုပ်ကိုင်ပြီး မြေယာတွေမပိုင်တဲ့ ပြသနာတွေရှိတယ်။ ပညာရေး ပြသနာ၊ အဲ့ဒါဘာဆိုတော့ တက္ကသိုလ်တွေရှိပြီးတော့ကျောင်းသားတွေ မရှိဘူးဖြစ်နေတယ်။ နောက်တစ်ခုက အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများပြသနာ၊ အလုပ်အကိုင်ပြသနာ၊ ချစားမှုတိုက်ဖက်ရေးပြသနာနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြသနာ တွေဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တောရောမြို့ပါမကျန် အပန်းဖြေကွင်း အားကစားကွင်းများ၊ အစည်းအဝေးခန်းမများ တည်ဆောက်ပေးရန်၊ အိမ်ယာများ၊ လမ်းပန်းများ ပိုမိုဖော်ထုတ်ပေးရန် သက်ကြီရွှယ်အိုများ စောက်ရှောက်ရေး စခန်းများဖွင့်လှစ်ပေးရန်၊ လူမှုဖူလုံရေးအစီအစဉ်များ ဆောင်ရွှက်ပေးရန် နှင့်  သစ်တော့ပြုံးတီးမှုများကာ ကွယ်ပေးရန် မြစ်ချောင်းနှင့် ရေကန်များကာပေးရန် တော တိရိစ္ဆာန်လေးများကို စောင့်ရှောက်ပေးရေး၊ ကျေးလက်နှင့်မြို့ပြကြီးများတွင် သစ်ပင်များ စိုက်ပျိုပေးရေးများလုပ်ဆောင်ရပါမယ်”လို့ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မိုးသီးဇွန်ရဲ့ ရဲဘော်ဟောင်းဖြစ်တဲ့ ကိုရဲနိုင်အောင်မှာလည်း  “ကိုမိုးသီးဇွန်က ကျွန်တော်တို့တိုင်းပြည်မှာ  Alternative Parliament လိုအပ်နေတဲ့အကြောင်းကို ကျွန်တော်တို့ တိုင်းပြည်ရင်ဆိုင်နေရတဲ့ ပြသနာပေါင်းစုံကို ထောက်ပြ ပြောဆိုသွားတာ ဖြစ်ပါတယ်။ ကိုမိုးသီးဇွန်တင်ပြတဲ့ Alternative Parliament ဆိုတာက လက်ရှိ ရှိနေတဲ့ ပြည်ထောာင်စု လွှတ်တော်ကို ယှဉ်ပြိုင်သဘောမျိုး စဉ်ပြိုင်လုပ်တဲ့ သဘောမျိုးမဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်အတွက် ဖြေရှင်းရမယ့် ပြသနာတွေကို စဉ်းစားတဲ့နေရာမှာ လက်ရှိ ရှိနေတဲ့ လွှတ်တော်ကိုပါ အထောက်အကူဖြစ်နိုင်အောင် ကျွန်တော်တို့ တိုင်းပြည်အတွက် ရှေ့ဆက်တက်တဲ့ နေရာမှာရှိတဲ့ နိုင်ငံရေးအင်အားစုအားလုံး လက်တွဲဆောင်ရွက်နိုင်ဖို့  ပြင်ဆင်တဲ့သဘောပါ။  Alternative Parliament ကို ကျွန်တော်တို့ မျိုးဆက်သစ်တွေ အတွက် ကျွန်တော်တို့ တိုင်းပြည်ရဲ့အနာဂတ် လိုအပ်နေတဲ့အတွက် ကျွန်တော်တို့ အားလုံး ညီညီညွတ်ညွတ် ဆောင်ရွက်မယ်ဆိုရင် လက်ခံစဉ်းစားထိုက်တဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ထိုက်တဲ့ ကိစ္စတစ်ခုလို့ကျွန်တော်မြင်ပါတယ်”လို့ ပြောကြားခဲ့ပါသည်။
ကိုအောင်ဇေယျ မှလည်း “Alternative Parliament ကို ဗမာလိုဆိုရင်တော့ ခေတ်ပြိုင် လွှတ်တော်လို့ပဲခေါ်ခါ် ယှဉ်ပြိုင်လို့ပဲပြောပြော ကျွန်တော်တို့ညီအစ်ကိုတွေ အစစ်အမှန် ပြည်သူတွေက လက်ခံထားတဲ့ တိုက်ပွဲဝင်ရဲဘော်တွေ စုစည်းထားတဲ့ ကျွန်တော်တို့ရဲ့ ဒီလွတ်တော်ကို အားလုံးက လက်ခံယုံကြည်ပြီးဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော် ဒီနေ့ပဲ ကိစ္စတစ်ခု တင်ပြချင်ပါတယ်။ အဲ့ဒါကတော့ မီတာခများတိုးနေခြင်း ၎င်းကိစ္စဟာ သာမန်အနေအထားရ ကျွန်တော်တို့အိမ်က မီတာကို ၁၅-ကျပ် တိုးလိုက်ရုံနဲ့ ၅၀ တော့ ဖြစ်သွားပါတယ်။  သိပ်တော့အရေးမကြီးပါဘူး။ အလုပ်ရုံတွေ စက်ရုံတွေနဲ့ လုပ်ငန်းရှင်တွေကိုတော့ ထက်ဝက်တစ်ရာတိုးမယ်လို့ ဆိုထားပါတယ်။ တိုးလိုက်တဲ့ အတွက်လက်ရှိ ၅၀-နှုန်းပေးရတဲ့ အနေအထားမှာတောင်မှ ဆေးရုံတစ်ရုံဟာ တစ်လ တစ်လကို သိန်း-၃၀၀ နှင့် ၄၀၀ ကြား ဆောင်နေရပါတယ်။ ထက်ပြီးတစ်ဝက်တိုးလို့ သိန်း ၇၀၀/ ၈၀၀ ဆောင်ရပြီဆိုရင် ကျွန်တော်တို့ ကျန်းမာရေး မကောင်းလို့ ဆေးရုံရှေ့က ဖြစ်လျှောက်ရင်တောင်မလွယ်ဘူး။ ဒါဆိုရင် နယ်တွေမှာ ရှိနေတဲ့ ကျွန်တော်တို့ တောင်သူတွေ အတိုးပေါ် အတိုးထပ်ဆင့် ပြီးတော့ အတိုးနဲ့နစ်နေရတဲ့ တောင်သူတွေ ဆိုရင်ဘယ်လိုလုပ်မလဲလို့ ပြောကြားခဲ့ပါသည်။ အခုလျှပ်စစ်မီတာခ ကိစ္စနဲ့ပက်သက်လို့ ယုံကြည်မှုမရှိဘူး တိုးမကောက်သင့်ဘူးဆိုရင် ဘယ်လက်လေးတွေထောင်ပေးပါ”လို့ ပြောကြားခဲ့ရာမှာတော့ အားလုံးနီးပါး ဘယ်လက်တွေထောင်ပြီး တိုးမကောက်သင့်ဘူးဆိုသည်ကို ထောက်ခံခဲ့ကြပါသည်။ ၎င်းနောက် အခမ်းအနားသို့ တက်ရောက်သူများထဲမှ ဆက်လက်ဆွေးနွေးခဲ့ကြပြီး  ကိုမိုးသီးဇွန်မှ နိဂုံးချုပ်စကားပြော၍ အခမ်းအနားကို ရပ်နားခဲ့ကြသည်။

No comments:

Post a Comment