Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 20, 2013

တရုတ် ရဲဌာနများတွင် မျက်နှာကိုတိပ်ပတ်ပြီး ထွက်ဆိုချက်ပေးခိုင်းသည့် နည်းသစ် ကျင့်သုံးနေ


တရုတ်နိုင်ငံ၏ ရဲစခန်းအများစုတွင် တရားခံများကို စစ်ဆေးသည့်အခါ မျက်နှာတစ်ခုလုံး တိပ်များဖြင့် ပတ်ကာ ဖြောင့်ချက်ပေးစေသည့် နည်းသစ်များ ကျင့်သုံးနေကြောင်း Sorthern Metropolis Daily သတင်းစာနှင့် People’s Daily သတင်း ၀က်ဘ်ဆိုက် တို့တွင် ဖော်ပြထားသည်။

ယင်းစစ်ဆေးနည်းသစ်ကို တီထွင်ခဲ့သော တရုတ်နိုင်ငံတောင်ပိုင်း Huizhou မှ ရဲအရာရှိများက တိပ်ပတ် စစ်ဆေးနည်းသည် ဖြောင့်ချက်ရရန် ရိုးရှင်းလွယ်ကူသည့်နည်းဟု ဆိုကြ၏။ လွန်ခဲ့သောတစ်ပတ်က ကွမ်ကျိုးပြည်နယ် Huizhou မှ ရဲစခန်းတွင် ဖောက်ထွင်းဂိုဏ်းတစ်ခုအတွက် သံသယရှိသူ ၂၃ဦးကို စစ်မေးစဉ်က အဖမ်းခံရသူအားလုံးကို ဤနည်းဖြင့် စစ်မေးခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့သူတစ်ဦးက ဆိုသည်။

အစစ်ဆေးခံရသူများ၏ ပါးစပ်မှ အထက်ခေါင်းပိုင်တစ်ခုလုံး သတင်းစာစက္ကူနှင့်အုပ်ပြီး မျက်နှာတစ်ခုလုံး တိပ်ပတ် ထားသည့် ပုံများကို အွန်လိုင်းတွင် ဖော်ပြထားသည်။ တရုတ်မှ အွန်လိုင်းသုံးစွဲသူများက “၂” ဟု နံပါတ် ကပ်ထား သူတစ်ဦး၏ အဖြစ်ကိုကြည့်ပါ အသက်မှ ရှုလို့ရပါ့မလားဟု မေးခွန်းထုတ်လျက်ရှိသည်။

ရဲများကမူ သူတို့၏ လုပ်ရပ်သည် ဥပဒေဘောင်အတွင်း၌ ရှိကြောင်း ၊ ဆံပင်များ တိပ်ကပ်ခြင်းမှကင်းရန် သတင်းစာ စက္ကူဖြင့် အုပ်ခြင်းဖြစ်ကြောင်း ဆိုထားသည်။



Ref: People Daily

No comments:

Post a Comment