
ဟိုတနေ့က မိုးစက် ဂဏန်းစတိုင် လျှောက်ပြခြင်းကိုလည်း ချီးကျူးထားပါတယ်၊ amazing walk တဲ့။
အဲဒီသတင်းမှာ နောက်ခံအချက်အလက် အနေနဲ့ ထည့်ရေးထားတာက မိုးစက်ဟာ ဒဂုံတက္ကသိုလ်ကျောင်းဆင်း ဆိုတဲ့အချက်ပါ။
ဒဂုံတက္ကသိုလ်က ဂုဏ်ယူမယ်ဆို ယူနိုင်တဲ့အချက်ပါပဲ။
မယ်စကြာဝဠာ သရဖူ မိုးစက်ဝိုင် ဆောင်းမယ်လို့ ခန့်မှန်းနေကြကြောင်း ရေးထားပေးမယ့်လည်း ဘယ်သူတွေက ဘယ်တုန်းက ခန့်မှန်းတယ် ဆိုတာတော့ မသိရပါ။
အဲဒီ အွန်လိုင်းစာမျက်နှာက တခြားသတင်းတပုဒ်မှာတော့ မယ်စကြာဝဠာ အကဲဖြတ်ဒိုင်လူကြီး တယောက်ဆီက အတွင်းရေးတချို့ ပေါက်ကြားတယ်လို့လည်း ဆိုထားပြန်ပါတယ်။ ဒါကလည်း ခိုင်လုံတဲ့သတင်း မဟုတ်ဘူးလို့ ယူဆပါတယ်။
ပေါက်ကြားတယ် ဆိုတဲ့ အချက်တွေကို ကြည့်လိုက်တော့ ဒီနှစ်အတွက် မယ်စကြာဝဠာ သရဖူ ဘယ်သူ့ကို ပေးမယ်ဆိုပြီး စဉ်းစားထားချက်တွေပါ တဲ့။
1. Great Britain
2. Spain
3. Poland
4. Ukraine
5. Venezuela
အထက်က ငါးနိုင်ငံက အလှမယ်တွေ ရမယ် ဆိုပါတော့။
ဒါက အတည်မပြုနိုင်သေးတဲ့ ပေါက်ကြားချက်ဆိုတဲ့ဟာပါ။
ဘယ်သူ ရမယ် ဆိုတာကတော့ လာမယ့် ၉ ရက်နေ့ တနင်္ဂနွေနေ့မှာ အမှန်တကယ် သိရပါလိမ့်မယ်။
မိုးစက်ဝိုင် ရနိုင်မလား။ အင်း... ဘယ်သိနိုင်ပါ့မလဲ။ သူ့ပြိုင်ဘက်က အယောက် ၈၀ ကျော်တောင် ရှိတယ် ဆိုတော့ ခန့်မှန်းရ ခက်ပါတယ်။ ပြိုင်ဘက် ၈ ယောက်ပဲရှိတယ်ဆိုအုံးတော့ ... ခန့်မှန်းရ ခက်မှာပါပဲ။
နှစ်ပေါင်းများစွာအတွင်း မယ်စကြာဝဠာ ပြိုင်ပွဲစင်မြင့်ပေါ်ကို မြန်မာတွေ မတက်ခဲ့ပါဘူး။
အခုတော့ တက်နေပြီ ဆိုတော့ ဒါလည်း အောင်မြင်မှုတခုပါပဲ။မိုးစက်ဝိုင် ပြိုင်ပွဲအတွက် မော်စကိုသွားချိန်မှာ သူ့ကို ကန့်ကွက်သံတွေ ထွက်ခဲ့ပါတယ်။
သူက တရုတ်နွယ်ဖွားဖြစ်လို့ မြန်မာပြည်ကို ကိုယ်စားပြုဖို့ မသင့်ဘူးဆိုတဲ့ ကန့်ကွက်သံ ဖြစ်ပါတယ်။
အခုတော့လည်း ကန့်ကွက်သံတွေ ငြိမ်သက်နေတာ တွေ့ရပါတယ်။

No comments:
Post a Comment