- 06 November 2013 |
- By ရိုးရာလေး
ကမ္ဘာပေါ်မှာ
ပထမဆုံး ဖြစ်သော အညိုရောင် ခရမ်းချဉ်သီးကို ဗြိတိန်နိုင်ငံမှ ဈေးဝယ်စင်တာ
တစ်ချို့မှာ စတင်ရောင်းချ နေတယ်လို့ ဆိုပါတယ်။ ၎င်းအညိုရောင် ခရမ်းချဉ်သီးဟာ
ကျန်းမာရေး အတွက် အထူးပင် ကောင်းမွန်တယ်လို့ သိကျွမ်းသူ တစ်ချို့က
ဆိုပါတယ်။ ထို့ကြောင့် ၎င်းအား အထုပ်များဖြင့် ထုပ်ပိုးရောင်း ချခဲ့ရာ
အလွန်ပင် အရောင်းသွက် ခဲ့ပါတယ်လို့ နိုင်ငံခြား သတင်းဌာန တစ်ချို့မှာ
ဖော်ပြထားပါတယ်။အညိုရောင် ခရမ်းချဉ်သီးဟာ အမှတ်တမဲ့ ကြည့်ပါက တွင်းထွက် ကျောက်များနှင့် တူတယ်လို့ ဆိုပါတယ်။ အမေရိကမှ သုတေသပညာရှင်တွေ ၎င်းအသီးကို ဆေးဖြင့် အနီရောင်သို့ ပြောင်းအောင် လုပ်ခဲ့သော်လည်း အနီရောင်သို့ မပြောင်းလဲဘဲ ညှိသကျဉ်းရောင်သို့ ပြောင်းလဲ သွားပါတယ်။
ထို့ကြောင့် ၎င်းခရမ်းချဉ်သီးသည် ကမ္ဘာပေါ်တွင် ပထမဆုံးနှင့် အထူးဆန်းဆုံးသော အညိုရောင် ခရမ်းချဉ်သီး အဖြစ် သတ်မှတ်ခြင်းကို ခံရပါတယ်။ ထို့ပြင် ကျန်းမာရေး အတွက်လည်း ကောင်းမွန်တာကြောင့် ၎င်းအသီးကို ဝယ်ယူစားသုံး အရေအတွက်လည်း များပြားပါတယ်။
ကျော်လင်းနိုင်
No comments:
Post a Comment