Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 11, 2013

စည်းကမ်းထိန်းသိမ်း ရေးမှူး နေအိမ်ရှေ့တွင် သေနတ်ဖြင့်ပစ်သတ်ခံရ


1
နိုဝင်ဘာလ ၁၁ ရက်၊ ကွန်တန်
အဖြူအမည်းဝတ်ထားကာ ခေါင်းဆောင်း(skullcap)ဆောင်းထားသော အမျိုးသားတစ်ဦးက အမည် ခေါ်သဖြင့်  ပါဟန်းအစ္စလမ်ဘာသာရေးဌာန၊ပြည်နယ်စည်းကမ်းထိန်းသိမ်းရေးဌာနမှူးသည် မိမိနေအိမ်မှ အပြင်သို့ ထွက်လာခဲ့သည်။
တစ်ခဏအကြာတွင် ယင်းကဲ့ သို့ဝတ်ဆင်ထားသောအခြားအမျိုးသားတစ်ဦးသည် ကားပါကင်အပြင်ဘက်သို့ ခပ်သုတ်သုတ်ထွက် လာကာ အသက် ၄၉ နှစ်အရွယ်ဌာနမှူး အာမတ်ရာဖလီအပ်ဒူလ်မာလက် (Ahmad Rafli Abdul Malek)ကိုသေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခဲ့သည်။ ဌာနမှူးသည် ပွဲချင်းပြီးလဲကျသေဆုံးသွားသည်။
ယမန်နေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် အမျိုးသား ၃ ဦးသည် ဌာန မှူးနေအိမ်ဘက်သို့ ကားဖြင့် ရောက်လာခဲ့သည် ဟု ပြည်နယ်စီအိုင်ဒီလက်ထောက်စီနီယာချုပ်ဒါသွတ် မိုဟာမက်ဇာကာရီယာအာမတ်က ပြောသည်။
အမျိုးသား ၁ ဦးက အာမတ်ရာဖာလီ ၏အမည်ခေါ်နေစဉ် အခြား ၁ ဦးက သေနတ်ထုတ်ကာ ၃ ချက် ပစ်ခတ်ခဲ့သည်။ ဌာနမှူး၏ရင်ဘတ်သို့ သေနတ် ၂ ချက်ထိမှန်ခဲ့ပြီး၊ တစ်ချက်မှာ အနီးရှိပိုက်သို့ ချော်သွားသည်။ ထို့နောက် အမျိုးသား ၃ ဦးစလုံးကားတစ်စီးဖြင့် မောင်းပြေးသွားကြသည်။
ဌာနမှူး၏အလောင်းကို တင်ကူအမ်ပွန်အဖ်ဇ ဆေးရုံသို့ ပို့ဆောင်ထားကာ ရောဂါဗေဒပညာရှင်၏ အစီရင်ခံချက်ကို ရဲများက စောင့်နေသည်။လူသတ်မှုဖြစ်ပွား ရခြင်းအကြောင်းရင်းကိုသိနိုင်ရန် ရဲများက လုပ်ဆောင်လျက်ရှိသည်ဟု စီအိုင်ဒီ လက်ထောက်စီနီယာ အရာရှိချုပ်က ပြောပြသည်။
သံသယရှိသူများသည် အဖြူနှင့်အမည်းဝတ်ဆင်ထားကာ ခေါင်းဆောင်းဆောင်းထားကြ သည်ဟု ရဲများ၏တွေ့ရှိချက်ကို Bernama သတင်းစာက ကိုးကားဖော်ပြသည်။
2
သေနတ်ပစ်ခတ်မှု မဖြစ်ပွားမီတွင် အိမ်အနီးပတ်ဝန်းကျင်၌သံသယရှိသူများစီးနင်းသည့်အဖြူရောင် Proton Wira ကား ကိုသတိထားမိသည်ဟု သေဆုံးသူ၏ဇနီးအသက် ၄၁ နှစ်အရွယ်ရို့စ်မာဝန်နီအပ်ဒူလ်ဝါဟပ်ဘ် (Rosmahwani Abdul Wahab)က ပြောသည်။၎င်းတို့နေထိုင်သည့် မနိမ့်မမြင့်တိုက်တန်းအနီးတွင် ယင်းကားကို အကြိမ်ပေါင်းများစွာတွေ့ဖူးသည်ဟုလည်း သူမက ပြော သည်။ယင်းကားသည် အပြင်ဘက်တွင် ပါကင်ထိုးထားသည်ကို တွေ့ ရသော်လည်း ခင်ပွန်းဖြစ်သူ၏အမည်ခေါ်သံ ပေါ်မလာခင်အထိ သူမ၏စိတ်ထဲတွင် သံသယမ၀င်ခဲ့ ကြောင်း ဇနီးဖြစ် သူက ဆိုသည်။
‘အပြင်ဘက်က သူ့ကိုခေါ်သံကြားတော့ ကျွန်မ ယောကျာ်းက ကန့်လန့်ကာဆွဲတင်ခဲ့တယ်။ ခေါ်တဲ့လူကိုနှုတ်ဆက်ဖို့ တံခါးဖွင့်တယ်။ ကျွန်မက အခန်း ထဲဝင်နေပြီး ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်တယ်။ ဂိတ်မှာစောင့်နေတဲ့လူရှိတဲ့နေရာကို သူ သွားနေတာတွေ့တယ်။ ရုတ်တရက် ကားထဲက တစ်ယောက်ထွက်လာပြီး ကျွန်မယောကျာ်းကိုသေ နတ်နဲ့ပစ်တာတွေ့တော့ ကျွန်မ တန့်တန့်ကြီး ဖြစ်သွားခဲ့တယ်’ဟု သူမက ရှင်းပြသည်။ကားဘီးနောက်ကွယ်ကလူကို သူမမမြင်ရကြောင်း ဇနီးဖြစ်သူက ပြောသည်။
‘၁၅ နှစ်ပဲ ရှိသေးတဲ့ကျွန်မသားအာမတ်အာမင်း(Ahmad Amin)က အစအဆုံးမြင်ခဲ့သော အခုထိ သူသွေးလန့် တုန်းပဲ’ဟု သူမက ဆက်ပြောခဲ့သည်။
Zo Vi (မျက်ရှင်)
ref: the star

No comments:

Post a Comment