Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 26, 2013

နိုင်ငံရေး အကျဉ်းသားများ ထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု စစ်တမ်းကောက်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၅

တပ်မတော် အစိုးရလက်ထက်က နိုင်ငံရေး အမှုအမျိုးမျိုးဖြင့် ဖမ်းဆီးထိန်းသိမ်း ခံရပြီး စစ်ကြောရေးများနှင့် အကျဉ်းထောင်များတွင် လူ့အခွင့်အရေး ချိုးဖောက် ခံခဲ့ရမှုများကို စစ်တမ်း ကောက်ယူမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်က ပြောကြားသည်။

အဆိုပါ လူအခွင့်အရေး ချိုးဖောက် ခံရမှုများကို စာရင်း ကောက်ယူရန်အတွက် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) တို့ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများကို သမိုင်းမှတ်တမ်း အနေနှင့် ထားရှိနိုင်ရန်အတွက် စစ်တမ်း ကောက်ယူခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေဆီကို သွားရောက်ပြီးတော့ အကျဉ်းထောင်တွေထဲက ဖြစ်ရပ်တွေကို မှတ်တမ်းယူမှာပါ” ဟု ၎င်းကဆိုသည်။

အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမျိုးမျိုးကို သမိုင်းမှတ်တမ်း အနေနှင့် ထားရှိ သင့်သော်လည်း အမျိုးသား စည်းလုံး ညီညွတ်ရေးကို ထိခိုက်နိုင်သော လုပ်ရပ်များကို ရှောင်ရှားသင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ဦးမြအေးက ပြော ကြားသည်။
“ခေတ်တစ်ခတ်ရဲ့သမိုင်းအနေနဲ့ ရှိသင့်ပါတယ်။ ဒါပေမဲ့ ဒါတွေကို ဖြေရှင်းဖို့ အတွက်ကတော့ အချိန်တစ်ခုကို စောင့်ရဦးမယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများ ၁၃ ကြိမ် လွှတ်ပေးခဲ့သည်။

No comments:

Post a Comment