Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 25, 2013

ပုဒ်မ၁၈နဲ့ အရေးယူခံရသူ စာရင်း နိုင်ငံတကာကို တင်ပြမယ်


နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ​အနေနဲ့ ​ကြိုတင်ဆန္ဒပြခွင့် ​မတောင်းပဲ ​ဆန္ဒပြခဲ့တဲ့အတွက် ​ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ​စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ​ဥပဒေပုဒ်မ ​၁၈ ​ကို ​ချိုးဖောက်တယ်ဆိုပြီး ​ဖမ်းဆီးခံရတာတွေနဲ့ ​ပတ်သက်ပြီး ​အရပ်ဖက် ​လှုမှုအဖွဲ့အစည်း ​၇ဖွဲ့က ​ဆွေးနွေးမှုလုပ်ခဲ့ပြီး ​ကောက်ခံရရှိတဲ့ ​စာရင်းကိုလည်း ​နိုင်ငံတကာအဖွဲ့အစည်းတွေကို ​တင်ပြမယ်လို့ ​ဆိုပါတယ်။

ဒီဆွေးနွေးပွဲကို ​၈၈ ​ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ ​ပြုလုပ်ခဲ့တာ ​ဖြစ်ပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ​ဥပဒေကိုလိုသလိုယူသုံးပြီး ​နိုင်ငံရေးလှုပ်ရှားမှုတွေကို ​ကန့်သတ်တာတွေ၊ ​ဖိနှိပ်နေတာတွေကို ​လက်မခံနိုင်ဘူးဆိုတဲ့အကြောင်း ​ဆွေးနွေးခဲ့တာနဲ့ ​ပတ်သက်လို့ ​၈၈ ​မျိုးဆက် ​ကျောင်း ​သားခေါင်းဆောင် ​ကိုပြုံးချိုက ​အခုလိုပြောပါတယ်။

ဥပဒေတခုဟာ ​လွတ်လပ်ခွင့်တွေကို ​ကန့်သတ်ချုပ်ချယ်မှု ​ပိုများမယ်ဆိုရင် ​ပြည်သူဆန္ဒတွေကို ​အမှန်တကယ် ​ပေါ်မှာ ​မဟုတ်ဘူး၊ ​ဒါကြောင့်မို့လို့ ​နိုင်ငံသားတွေရဲ့ ​နိုင်ငံရေးဖြစ်စဉ်ထဲမှာ ​ပါဝင်ခွင့်တွေကို ​ပိုမိုပြဌာန်းနိုင်အောင်အ ​တွက် ​ဥပဒေပိုင်းဆိုင်ရာ ​ပြင်ဆင်ခွင့်တွေ၊ ​သုံးသပ်ခွင့်တွေ ​လုပ်သင့်တယ်၊ ​ဒီဥပဒေနဲ့ ​ပတ်သက်ပြီး ​အားနည်းချက်တွေကို ​လွတ်တော်မှာ ​ဆွေးနွေးတင်ပြဖို့ရှိလာပြီဆိုတဲ့အတွက် ​ဖြေလျော့သင့်တာတွေ၊ ​ပြန်လည်လွတ်ပေးသင့်တာတွေ ​လွတ်ဖို့အပြင် ​နောက်နောင်ကို ​နိုင်ငံရေးအရ ​တက်ကြွလှုပ်ရှားသူတွေကို ​ဥပဒေ ​လိုရာဆွဲသုံးပြီးတော့ ​ဖမ်းဆီးခြင်း၊ ​အကျဉ်းချခြင်းတွေ ​မလုပ်ဖို့၊ ​ဖမ်းဆီးခံထားရတဲ့သူတွေ ​ပြန်လွတ်ပေးဖို့ ​အတွက်ကို ​တင်ပြတောင်းဆိုကြခြင်းဖြစ်ပါတယ်။ 

အခုနှစ်ကုန်မှာ ​နိုင်ငံရေးအကျဉ်းသားတွေ ​တယောက်မကျန် ​လွတ်ပေးမှာဖြစ်တယ်လို့ ​သမ္မတ ​ဦးသိန်းစိန်က ​ပြောကြားထားပေမဲ့ ​နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ​ဖမ်းဆီးထောင်ချတာတွေ ​ရှိနေသေးတဲ့အတွက် ​ဒီအပေါ်မှာ ​နိုင်ငံရေး ​လှုပ်ရှားသူတွေက ​စိုးရိမ်မှုတွေရှိနေတယ်လို့ ​ပြောပါတယ်။

လက်ရှိအခြေအနေမှာ ​စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ​ဥပဒေပုဒ်မ ​၁၈နဲ့ ​ဖမ်းဆီးခံထားရသူ ​၁ရာကျော်လောက်ရှိ ​နေပြီး ​ဖမ်းဆီခံထားရတဲ့ ​အရည်အတွက်တွေထက် ​မြို့နယ်ရဲစခန်းတွေမှာ ​တရားစွဲဆိုထားတဲ့ ​အမှုတွေကို ​ရင်ဆိုင်နေရတဲ့အမှုတွေကပိုများပြီး ​အမှုပေါင်း ​၂ရာလောက်ရှိနေတယ်လို့ ​ပြောပါတယ်။

ဒီဥပဒေဖျက်သိမ်းပေးဖို့ ​အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ ​ဆွေးနွေးချက်တွေနဲ့ ​ပတ်သက်လို့ ​နိုင်ငံတော် ​သမ္မတနဲ့ ​လွတ်တော်ကိုလည်း ​တင်ပြတောင်းဆိုသွားမယ်လို့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

 ABC Radio Australia

No comments:

Post a Comment